Sunday, August 26, 2012
ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား
ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား
မိမိ၏ဇာတာ၌ ရာဇယုဂ် ကောင်းကောင်းပါမှသာတိုင်းပြည်အုပ်ချုပ်သော မင်းဖြစ်နှိင်သည်။
ဇာတာတွင် ဥစ် ရသည် ကသစ်ရသည် ဆိုပြီးပြောကြသော်လည်း ဥစ်အံ့သာ၊ ကသစ်အံ့သာ အတိအကျ
ရရှိမှသာ ထို ဥစ်၊ ကသစ်၏ အကျိုး ကိုခံစားရမည်ဖြစ်သည်။ ယုဂ်များတွင်လည်းထိုကဲ့သို့ပင်ရှိ၏။ဇာတာ၌
ရာဇယုဂ်ရရှိသော်လည်း ရာဇယုဂ် တမျိုးဖြစ်သော နိစ္စဘင်္ဂရာဇယောဂယုဂ် သည်ထူးခြားပြီး တိုင်းသူပြည်
သားများကိုအုပ်ချုပ်သော ဘုရင် အဖြစ်သို့ကံကြမ္မာ ကပို့ဆောင်ပေးလိမ့်မည်။ တော်လှန်ရေးများ၊ အရေး
အခင်းများနှင့်သမိုင်းကြောင်းများ တွင်လည်း ထိုတော်လှန်ရေးများပြီးဆုံးသွားပြီးနောက် ထိုအထဲတွင်ပါဝင်ခဲ့
သူများအနက်မှ မွေးရာပါဇာတာ တွင် ရာဇယုဂ်ကောင်း ရရှိထားသူများသာ အုက်ချုပ်ရေးပိုင်း၊ လွတ်တော်
အမတ်၊ ပါတီခေါင်းဆောင်ပိုင်း၊ နိုင်ငံရေးခေါင်ဆောင်များဖြစ်လာကြသည်ကိုတွေ့ရမည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဇာတာ
၁။ ဓနု လဂ်ဖြင့် ဖွားမြင်ထားသည်။
၂။ မေထုန် ရာသီနှင့်စန်းယှဉ်သည်။
၃။ လဂ်စီးနက္ခတ် မူလ နက္ခတ်ဖြစ်သည်။
၎။ စန်းစီးနက္ခတ် အဒြ နက္ခတ်ဖြစ်သည်။
၅။ တနင်္ဂနွေဂြိုဟ် ဥစ် ရရှိသည်။
၆။ ၊အင်္ဂါဂြိုဟ် နိစ် ရရှိသည်။
၇။ ဗုဒ္ဓဟူးဂြိုဟ် ကသစ် ရရှိသည်။
၈။ သောကြာဂြိုဟ် ကသစ် နှင့် ကသစ် ၊ ၀ဂ္ဂုတ္တမန၀င်း စီးထားသည်။
၉။စနေဂြိုဟ် နိစ်ရရှိထားပါသည်။
ဦးနေ၀င်း၏ ဇာတာတွင စနေဂြိုဟ် နိစ်ရရှိထားပြီး စနေရပ်တည်သော ဘာဝသခင်ဂြိုဟ် အင်္ဂါနှင့် ကိန်းအနေထားရပ်နေခြင်းသည် နိစ္စဘင်္ဂရာဇယောဂယုဂ် တခု၊ ၊အင်္ဂါဂြိုဟ် နိစ် ရရှိပြီးထိုဂြိုဟ်ရပ်တည်
နေသော ဘာဝသခင်ဂြိုဟ် (သို့)ဥစ်မူသောရာသီသခင်ဂြိုဟ် ကြာသားပတေးမှာလဂ်မှ၎င်း၊ စန်းမှ၎င်း
ကိန်းအနေအထားဖြင့်ရပ်တည်ခဲ့ ၍ နိစ္စဘင်္ဂရာဇယောဂယုဂ် နှစ်ထပ်ကွမ်း ရရှိထားသည်။
စနေဂြိုဟ်သည် မိဿရာသီတွင် နိစ်မူခဲ့ပါက စနေဂြိုဟ်၏ ရာသီခွင်တပတ်ပြည့် မှာနှစ်ပေါင်း(၃၀)
ကြာ၏။(၃)ပတ် နှစ်ပေါင်း(၉၀) ၊အသက်(၉၀)ကျော်နေရမည် စာရေးသူ၏ဆရာကြီးဖြစ်သော ဆရာကြီး
မိုးတာဦထွန်းရှိန် ကပြောပြဘူးသည်။ ဆရာကြီး၏ဇာတာတွင်လည်း ဤကဲ့သို့ စနေဂြိုဟ်သည် မိဿရာသီ
တွင် နိစ် ရရှိထားသည်။စာရှူသူများလည်းမိမိ၏တို့ဇာတာကိုဆန်းစစ်ရန်လိုအပ်လာနေပြီဖြစ်သည်။ ဤ ဘလောဂ်ဖြင့် ဆရာကြီးအားလေးစား ဂုဏ်ပြုလိုက်ပါသည်။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment