Saturday, August 25, 2012

ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား


                                 ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား

                  မိမိ၏ဇာတာ၌ ရာဇယုဂ် ကောင်းကောင်းပါမှသာတိုင်းပြည်အုပ်ချုပ်သော မင်းဖြစ်နှိင်သည်။
ဇာတာတွင် ဥစ် ရသည် ကသစ်ရသည် ဆိုပြီးပြောကြသော်လည်း ဥစ်အံ့သာ၊ ကသစ်အံ့သာ အတိအကျ
ရရှိမှသာ ထို ဥစ်၊ ကသစ်၏ အကျိုး ကိုခံစားရမည်ဖြစ်သည်။ ယုဂ်များတွင်လည်းထိုကဲ့သို့ပင်ရှိ၏။ဇာတာ၌
ရာဇယုဂ်ရရှိသော်လည်း ရာဇယုဂ် တမျိုးဖြစ်သော  နိစ္စဘင်္ဂရာဇယောဂယုဂ် သည်ထူးခြားပြီး တိုင်းသူပြည်
သားများကိုအုပ်ချုပ်သော ဘုရင် အဖြစ်သို့ကံကြမ္မာ ကပို့ဆောင်ပေးလိမ့်မည်။ တော်လှန်ရေးများ၊ အရေး
အခင်းများနှင့်သမိုင်းကြောင်းများ တွင်လည်း ထိုတော်လှန်ရေးများပြီးဆုံးသွားပြီးနောက် ထိုအထဲတွင်ပါဝင်ခဲ့
သူများအနက်မှ မွေးရာပါဇာတာ တွင် ရာဇယုဂ်ကောင်း ရရှိထားသူများသာ အုက်ချုပ်ရေးပိုင်း၊ လွတ်တော်
အမတ်၊ ပါတီခေါင်းဆောင်ပိုင်း၊ နိုင်ငံရေးခေါင်ဆောင်များဖြစ်လာကြသည်ကိုတွေ့ရမည်။

Friday, August 24, 2012

သောကြာဝကြ နှင့်မင်္ဂလာပွဲပျက်ကိန်း

                   သောကြာဝကြ(Retrograde Motion) နှင့်မင်္ဂလာပွဲပျက်ကိန်း

              မူလဇာတာတွင် သောကြာဂြိုဟ်ဝကြနှင့်ဖွားမြင်ခဲပါက ဇာတာရှင်သည် မိမိချစ်သောသူနှင့်
လွဲရမည်ကံဇာတာပါလာပြီဖြစ်သည်။ဇာတာရှင်သည်၏ စေ့စပ်ပွဲ၊ လက်ထပ်မင်္ဂလာပွဲ သည်အကြောင်း
အမျိုးမျိုးကြောင့် မင်္ဂလာပွဲ ပျက်ရလိမ့်မည်။

ထောင်နန်းစံရမည့်ဇာတာ(အလွယ်ကြည့်နည်း)

                          ထောင်နန်းစံရမည့်ဇာတာ(အလွယ်ကြည့်နည်း)
 
       မိမိ၏ဇာတာရှိလျှင်၊ထန်းဖူးဇာတာ သို့ ကွန်ပျူတာဖြင့်တွက်ထားသောတြိစက္ကဇာတာ ကို
ကြည့်ပါ။အောက်ပါပုံစံအတိုင်းရှိနေပါ။အချုပ်အနှောင်ခံရကိန်းရှိနေပြီဖြစ်သည်။နှစ်ကြီးကျကိန်းရှိ
နေပြီဖြစ်သည်။