ပဋ္ဌါန်းတရားတော်နှင့်ဗေဒင်ဇာတာခွင်
ဘလောဂ်ဗေဒင်ဝါသနာရှင်များ မိမိမွေးရက်ကိုသိပါကဇာတာခွင်ကိုကြည့်ပါ။မိမိမည်သည့်
ရာသီဖွားဖြစ်သည်ကိုရှာပါ။
ဥပမာ။ ။မိဿရာသီဖွား ဖြစ်ပါက ဟေတုသစ္စယောနှင့်ကမ္မပစ္စယောကို မိမိမွေးနေတိုင်း သက်စေ့
ရွတ်ပါက ဂြိုဟ်ဆိုးအစီးအနင်းမှကင်းဝေးပြီး ကောင်ကျိုးမင်္ဂလာများနှင့် လာဘ်လာဘများရရှိမည်။
Friday, July 20, 2012
ဂြိုဟ်တို့၏ အလုပ်အကိုင် ပရိယာယ်များ
ဂြိုဟ်တို့၏ အလုပ်အကိုင် ပရိယာယ်များ
ဂြိုဟ်တို့ပိုင်စိုးသော အလုပ်အကိုင်ပရိယာယ်ကို ဂြိုဟ်များအလိုက်သတ်မှတ်အောက်ပါအတိုင်းသတ်
မှတ်ထားသည်။
တနင်္ဂနွေဂြိုဟ်
ပယောဂဆရာ၊ လူလိမ်၊ မျက်လှည့်သမား၊ ဆေးပညာရှင်၊ လောင်းကစားသမား၊ ဆေးဖေါ်ရောင်းချမှု၊

ရုပ်ပုံသဏ္ဍာန်
ရုပ်ပုံသဏ္ဍာန်
ဂြိုဟ်တို့ပိုင်စိုးသော ရုပ်ပုံသဏ္ဍာန်းကို ဂြိုဟ်များအလိုက်သတ်မှတ်အောက်ပါအတိုင်းသတ်မှတ်
ထားသည်။
တနင်္ဂနွေဂြိုဟ် ၊အင်္ဂါဂြိုဟ် ၊စနေဂြိုဟ် ၊ရာဟုဂြိုဟ်၊ကိတ်ဂြိုဟ် ခြောက်သွေ့သောဂြိုဟ်
တနင်္လာဂြိုဟ် ၊ သောကြာဂြိုဟ် စိုစွတ်သောဂြိုဟ်
ဗုဒ္ဓဟူးဂြိုဟ် ၊ကြာသာပတေးဂြိုဟ် ရေရာသီအိမ်ရပ်လျှင် စိုစွတ်၏

ဂြိုဟ်တို့ပိုင်စိုးသောအရွယ်အဆင့်အတန်း
ဂြိုဟ်တို့ပိုင်စိုးသောအရွယ်အဆင့်အတန်း
ဂြိုဟ်တို့ပိုင်စိုးသောအရွယ်အဆင့်အတန်းကို ဂြိုဟ်များအလိုက်သတ်မှတ် ထားသည်။
ဗုဒ္ဓဟူးဂြိုဟ် ကလေးအရွယ်
တနင်္လာဂြိုဟ် ၊ သောကြာဂြိုဟ် ငယ်ရွယ်သူ

ဂြိုဟ်တို့ပိုင်စိုးသောလူအမျိုးမျိုး
ဂြိုဟ်တို့ပိုင်စိုးသောလူအမျိုးမျိုး
ဂြိုဟ်တို့ပိုင်စိုးသောလူအမျိုးမျိုးကို ဂြိုဟ်များအလိုက်သတ်မှတ်ထားသည်။
ကျားဂြိုဟ် အောင် ၊ စု ၊ လည်း ၊ ပွား ဂြိုဟ်ယောကျာ်း
တနင်္ဂနွေဂြိုဟ် ၊ အင်္ဂါဂြိုဟ် ၊ ဗုဒ္ဓဟူးဂြိုဟ် ၊ ကြာသာပတေးဂြိုဟ်

အထူးမှတ်စုများ('တြိစက္က)(န၀င်း)
အထူးမှတ်စုများ('တြိစက္က)(န၀င်း)
'တြိစက္ကဇာတာ
'တြိစက္က' ဆိုသည်မှာ 'တြိ' သည် သုံးခုအရေအတွက်သင်္ချာဖြစ်၍ စက္ကသည် စက်ဝန်းဟူ၍ အဓိပ္ပာယ်ရှိသည်။ထို့ကြောင့် စက်ဝန်းသုံးခုဖြင့်ထွက်ထားသော ဇာတာဟုခေါ်ခြင်းဖြစ်သည်။

Tuesday, July 17, 2012
ဂြိုဟ်တို့ပိုင်စိုးသောနေရာ(အရပ်မျက်နှာ)
့ ဂြိုဟ်တို့ပိုင်စိုးသောနေရာ(အရပ်မျက်နှာ)
နက္ခတ္တအရပ်မျက်နှာများ
၎/၅=ဗုဒ္ဓဟူး၊ကြာသာပတေး ၁/၃=တနင်္ဂနွေ၊အင်္ဂါ ၀=စနေ ၂/၆=တနင်္လာ၊သောကြာ

မလွဲတမ်းချမ်းသာမည်ဇာတာ
မလွဲတမ်းချမ်းသာမည်ဇာတာ(မုချသုခယုဂ် )
၁၂တန့်ဘာဝတွင် ကြာသာပတေးဂြိုဟ်ရပ်တည်ခဲ့သော် “မုချသုခယုဂ်” ရရှိပါသည်။
ကြာသာပတေးဂြိုဟ် သည်ဇာတာခွင်တခုလုံး မိမိကိုယ်ပိုင်ကာရကပြုသောအိမ်၊မြင်သောအိမ်၊
အထူးမြင်သော အိမ်များနှင့်ပေါင်းစပ်ကာ ဇာတာခွင်တခုလုံးကို ပိုမိုလွမ်းမိုးလာမည်။

ဂြိုဟ်မြင်အား
“ဂြဟဒိဌဗလ''(ဂြိုဟ်မြင်အား)
ဂြဟဒိဌဗလ(ဂြိုဟ်မြင်အား)သင်ခန်းစာမှာဟောကွက်ပိုင်နိုင်စွာဟောရာတွင်လွန်စွာအထောက်
အကူပြုပါသဖြင့်ရေးသားတင်ပြလိုကရပါသည်။
ဂြိုဟ်ပူးခြင်းထက်ပင် ဂြိုဟ်မြင်အားအကျိုးသက်ရောက်မူ့ ရှိကြောင်းကိုတွင်းသင်းမင်းကြီးက
''ဂြိုဟ်ပူးထက်ပင်ဂြိုဟ်မြင်အားရှိတထုံးသိလော''ဟု ''အာယုစိန္တာကျမ်း''တွင်မိန့်ဆိုခဲ့လေသည်။

မူလတြိဂုံးအိမ်
မူလတြိဂုံးအိမ်(ဇာတာကိုဆုံးဖြတ်ခြင်း)
ကောင်းကျိုးဖြစ်စေသည့် ဒသာစားသောအခါ မူလတြိဂုံးအိမ်မှ စတင်၍ အကျိုးပေးသည်။
ဒသာသခင်ဂြိုဟ်သည် ဒုဌာနသခင်ဖြစ်လျှင် ဆိုးကျိုးအပြည့်မပေးပါ။အောက်တွင် မူလတြိဂုဏ်းအိမ်များ
နှင့် တြိဂုဏ်း ရရှိသော အံသာများကို ဖေါ်ပြထားသည်။

လဂ်ဝဂ္ဂုတမနဝင်း
လဂ်ဝဂ္ဂုတမနဝင်း
မူလဇာတာ၌ လဂ်ဝဂ္ဂုတမနဝင်း စီးခဲ့ပါက ဇာတာရှင်သည် သူ၏ပတ်ဝန်းကျင်တွင်
အရေးကြီးသော ပုဂ္ဂိုလ် ဖြစ်လိမ့်မည်။လဂ်ကို(၄)မျိုးခွဲခြားနှိင်သည်။
လဂ်သခင်ဂြိုဟ်သည်
၁.၅.၉ တန့်များတွင်ရပ်ခဲ့ပါက မင်းကဲ့သို့(ခတ္တိယ)
၂.၆.၁၀ တန့်များတွင်ရပ်ခဲ့ပါက သူကြွယ်၊ကုန်သည် ကဲ့သို့ (ဝေဿ)
၃.၇.၁၁ တန့်များတွင်ရပ်ခဲ့ပါက ဆင်းရဲသားကဲ့သို့(သုန္ဒြ)
၎.၈.၁၂ တန့်များတွင်ရပ်ခဲ့ပါက ပညာရှိကဲ့သို့ (ဗြဟ္မဏ) နေထိုင်ရမည်။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

Subscribe to:
Posts (Atom)