ရုပ်ရှင် သရုပ်ဆောင်က .......?၊ ဗေဒင်ဆရာကလူလိမ်လား?
မြန်မာ ရုပ်ရှင်ဇတ်ကားများထဲတွင် ဟာသခန်းးတခန်းထည့်သွင်းကာ ၊ဟာသသရုပ်ဆောင်များက
ဟာသအဖြစ် ဗေဒင်ဟောခန်းထည့်သွင်းကာ ဗေဒင်ဆရာများကိုလောင်ပြောင်၍ လူလိမ်ဗေဒင်ဆရာဖြစ်
အောင်တွန်းပို့ကာ ဟာသပြက်လုံးထုတ်လေ့ရှိကြသည်။
ဤပြကွက်သည် ရုပ်ရှင်ဇတ်ကားတော်တော် များများတွင်ပါဝင်လေ့ရှိသည်။ ကျွန်တော်တို့ဆိုလျှင်
ဗေဒင်ပညာ တတ်ချင်၍ ဗေဒင်ကို ဝေဒသုတေသနသင်တန်းများတွင် (၇)နှစ် နီးပါသင်ခဲ့ရသည်။
ဗေဒင် တတ်ချင်တွက်နည်းသင် ဟု ဝေဒသုတေသနသင်တန်းများဆောင်ပုဒ် အတိုင်း အချိန်များစွာပေး၍
ဗေဒင်တတ်ချင်၍ သင်ယူခဲ့ရသည်။ ဇစ်ဇစ်မြစ်မြစ် ဗေဒင်ပညာကို လေ့လာလိုက်စားသောဗေဒင်ဆရာကြီး
ပေါင်များစွာရှိပါသည်။
ဗေဒင် ဟောကွက်မှန်ဘို့အရေးကိုဗေဒင်ကျမ်းပေါင်းများစွာကိုဖတ်ရှု လေ့လာရသည်။အရှေ့တိုင်း
အနောက်တိုင်း ဟောနည်းစနစ်များကိုလည်းလေ့လာရသည် နာမည်ကြီးဗေဒင်ဆရာ ကိုလည်းဆည်းကပ်
လေ့လာရသည်။ ဗေဒင်ဟောတာ မှန်မမှန် ဗေဒင်ဆရာက စာမေးပွဲဖြေသူ ၊ ဗေဒင်မေးသူက စာမေးပွဲစစ်
ဆေးသူဟုတောင် ပြောစမှတ်ရှိသည်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Subscribe to:
Posts (Atom)