Sunday, December 07, 2014

လောကဇာတ်ခုံ

လယ်တီဆရာတော်ကြီး
 
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊
 ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
 အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊ ပြည်ဖုံးချသော် သုဘရာဇာ ၊
 မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။


လာဘ်ခေါ် မန္တန်

လာဘ်ခေါ် မန္တန်

အရဟံ
ဗုဒ္ဓေါ အရဟံ ၊
အရဟံ ဗုဒ္ဓေါ ၊
ဗုဒ္ဓဿ ဂုဏတေဇသာ ။
သဗ္ဗသိဒ္ဓိ လာဘံ မေ ဘ၀ိဿတိ ။

*** နေစဉ် နံနက် (၉)ခေါက်ရွတ်၊ ရွတ်နိုင်လေလေ ကောင်းကျိုး ဖြာဝေလေလေ။

လက်ထိပ်ကြိုး ပြေဂါထာ

 လက်ထိပ်ကြိုး ပြေဂါထာ 

သြောင်း-သရပ္ပကာနံ ဇာကံ ၊
အပိကံဏိ ဟိတွာ ၊ သီဝလိနာမ ၀ိကာနံ၊
အဟံ သေဋ္ဌံဖွင့် ၊ အဟံ သေဋ္ဌံဖွား၊

                                                     အရေးကြုံက(၂၇)ခေါက်ရွတ်ပါ

သူခိုးခြေချုပ် မန္တန်

သူခိုးခြေချုပ် မန္တန်

သြောင်း-ဃဋ္ဋေသိ  ဃဋ္ဋေသိ၊ ကိံကရဏာ ဃဋ္ဋေသိ 
အဟံ တ၀ ကာမံ ဇာနာမိ  ဇာနာမိ ။

ရှိန်ဆာယာ မန္တန်

           ရှိန်ဆာယာ မန္တန်

                                                                  ဥုံ-တိတိတေတိ အန္တောတေ၊
                                                                ဧဟိ သမ္ဗုဒ္ဓါ အဋ္ဌ၀ီသတိ သမ္ဗုဒ္ဓါ
                                                                     မမ ပုရေတော တိဋ္ဌတု၊
                                                       ပဉ္စဗုဒ္ဓါ မဟာတေဇာ မမသီသေ နိစ္စံ ဌိတာ။


ကိုယ်ပျောက်ဂါထာတော်ကြီး

ကိုယ်ပျောက်ဂါထာတော်ကြီး

'' ဘဝေ ၀ါဟံ ၊ ဘယံဒိသွာ ၊
ဘ၀ဉ္စ ၀ိဘဝေသိနံ ။
ဘ၀ံ နာဘိဝဒိံ ကိဥ္စိ ။
 နန္ဒိစ န ဥပါဒိယံ ။''


 အဟံ ငါဘုရားသည် ၊ဘဝေ ဘ၀များစွာ သံသရာ၌
ဘယံ ၊ဇာတိဒုက္ခ စသည်များတောင်း ဘေးအပေါင်းကိုလည်းကောင်း
ဘ၀ဉ္စ သုံးဆယ့်တထပ် ဘ၀ရပ် ကိုလည်းကောင်း။
ဝိဘဝေသိန ဉ္စ ၊ဘ၀ကောင်းရှာသမား တဏှာ တရားကိုလည်းကောင်း
 ဒိသွာ ဧ၀ ၊ကိုယ်ပိုင်ညဏ်ဖြင့် အမှန်ကိုသိမြင်ပြီးဖြစ်၍သာလျှင် ၊
 ကိဉ္စိ စိုးစဉ်းမျှသော။ဘ၀ံကောင်းလိမ့်နိုးနိုး ဘ၀မျိုးကို ။
 နာဘိဝဒိံ ၊စွဲးစွဲးလမ်းလမ်း မယူမှန်းပေ။
နန္ဒိံစ၊ ဘ၀များစွာခင်တွယ်ရှာသည့် တဏှာ တရားကိုလည်းကောင်း
နဥပါဒိယံ ၊စွဲးစွဲးလမ်းလမ်း မယူမှန်းပေ။


        ဘုရားရှင် နှင့် ဗကဗြဟ္မာ တန်းခိုးပြိုင်ရာ၌ ဘုရားရှင်ပုန်းကွယ်တော်မူရာ ဗကဗြဟ္မာရှာမတွေ့မမြင်၊ ထိုအခါဘုရားရှင်က ဤဂါထာတော် ကိုဟောပြတော်မူသည်။ဤဂါထာတော် ကို
ပွားများရွတ်ဖတ်သူသည် ကိုယ်ပျောက်၏။  ဘေးအန္တရာယ်ကင်း၏။ရန်သူတို့မမြင်နိုင် ဟုရှေးဆရာတို့ကသုံးစွဲးလာကြ၏။  လက်တွေ့သုံးစွဲးနေ သူများ လက်တွေ့ကိုယ်ပျောက်ကြောင်း သိရှိလာလိမ့်မည်။