Friday, August 31, 2012

အမူအခင်းဖြစ်လျင်လုပ်သောယတြာ

                          အမူအခင်းဖြစ်လျင်လုပ်သောယတြာ
                 အကြောင်းတခုကြောင့် အမူအခင်းဖြစ်ပြီး၊ ရုံးရောက်၊ အချုပ်ခန်းရောက်နေလျင်-
၁။ဂဏန်းသက်စေ့လွတ်ပါ။
၂။စာ၊ခို၊ကျေး များများလွတ်ပါ။
၃။လင်ပန်းပေါ် လက်ဘက်(၉)ပုံ ပုံပြီး နေပူမှာထားပါ၊မရုပ်ရ။(၉)ရက်လုပ်ပါ။ဘေးလွတ်မည်။

                                                                                              ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

နိုင်ငံခြားရောက်မြန်မာများ အတွက် အိမ်တက်မင်္ဂလာအစီအရင်

                     နိုင်ငံခြားရောက်မြန်မာများ အတွက် အိမ်တက်မင်္ဂလာအစီအရင်

                      နိုင်ငံခြားရောက်မြန်မာများ အိမ်အပြောင်းအရွှေု့ပြုလုပ်ရာတွင် နက္ခတ်ဗေဒင်အစီအရင်
အတိုင်း မင်္ဂလာကျက်သရေပြည့်စုံစွာဖြင့် အိမ်အပြောင်းအရွှေ့ပြုလုပ်ရာတွင် ဗေဒင်ဆရာအကူအညီမယူ
ဘဲ မိမိကိုယ်တိုင် ကျက်သရေ မင်္ဂလာအပေါင်းပြည့်စုံစွာ အိမ်တက်မင်္ဂလာပြုလုပ်နှိင်စေရန် အစီအရင်များ
နှင့် အချိန်အခါများကိုတင်ပြပေးလိုက်ပါသည်။
(၁) အောက်ပါအတိုင်းအစီအရင်လုပ်ပါ


Sunday, August 26, 2012

ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား


                                 ဗိုလ်ချုပ်ကြီးနေ၀င်းလိုဘုရင်ဖြစ်ချင်သလား

                  မိမိ၏ဇာတာ၌ ရာဇယုဂ် ကောင်းကောင်းပါမှသာတိုင်းပြည်အုပ်ချုပ်သော မင်းဖြစ်နှိင်သည်။
ဇာတာတွင် ဥစ် ရသည် ကသစ်ရသည် ဆိုပြီးပြောကြသော်လည်း ဥစ်အံ့သာ၊ ကသစ်အံ့သာ အတိအကျ
ရရှိမှသာ ထို ဥစ်၊ ကသစ်၏ အကျိုး ကိုခံစားရမည်ဖြစ်သည်။ ယုဂ်များတွင်လည်းထိုကဲ့သို့ပင်ရှိ၏။ဇာတာ၌
ရာဇယုဂ်ရရှိသော်လည်း ရာဇယုဂ် တမျိုးဖြစ်သော  နိစ္စဘင်္ဂရာဇယောဂယုဂ် သည်ထူးခြားပြီး တိုင်းသူပြည်
သားများကိုအုပ်ချုပ်သော ဘုရင် အဖြစ်သို့ကံကြမ္မာ ကပို့ဆောင်ပေးလိမ့်မည်။ တော်လှန်ရေးများ၊ အရေး
အခင်းများနှင့်သမိုင်းကြောင်းများ တွင်လည်း ထိုတော်လှန်ရေးများပြီးဆုံးသွားပြီးနောက် ထိုအထဲတွင်ပါဝင်ခဲ့
သူများအနက်မှ မွေးရာပါဇာတာ တွင် ရာဇယုဂ်ကောင်း ရရှိထားသူများသာ အုက်ချုပ်ရေးပိုင်း၊ လွတ်တော်
အမတ်၊ ပါတီခေါင်းဆောင်ပိုင်း၊ နိုင်ငံရေးခေါင်ဆောင်များဖြစ်လာကြသည်ကိုတွေ့ရမည်။