Wednesday, October 07, 2015

နေကြတ်​တွက်​​သောဖုန်း​ဆော့ဝဲ ၂၀၁၅




Eclipse Chaser




Eclipse Chaser Mobile: EclipseChaserMobile

Burmese Zodiac ဗေဒင်အကြောင်း

ဗေဒင်အကြောင်း
  ဗေဒင်ဟူသည်မှာ မာဂဓပါဠိဝေဒ (သင်္သကရိဋ်
ဘာသာ ဟိန္ဒူနဂရီဗေဒ) သိခြင်းနှင့် အင်္ဂ„အင်္ဂါ ဖြစ်ခြင်း
တို့ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ဝေဒင်္ဂမှ ဆင်းသက်လာ
သည်။ ဝေဒင်္ဂသဒ္ဒါသည် ဗေဒ၏အင်္ဂါဖြစ်သော ကျမ်းကို
ဆိုရာ၊ ယင်းတွင်သိက္ခာ၊ကပ္ပ၊ဗျာကရဏ၊ ဆန္ဒ၊ ဇောတိသš၊
နိရွျှိုကျမ်းများပါဝင်သည်။ ဝေဒင်္ဂမှသင်္သကရိုသင်္သကရိဋ်
ဘာသာ သို့ရွေ့လျော၍ ဗေဒင်္ဂဖြစ်လာသည်။ ဗေဒင်္ဂမှ မြန်မာ
ဘာသာဖြင့် ဗေဒင်ဟူသော ဝေါဟာရဖြစ်လာသည်။ ဝေဒင်္ဂတွင်
 ပါဝင်သော ဇောတိသတ္တကား ဗေဒင်ပညာပင်ဖြစ်သည်။ ဝေ
ဒ-ဗေဒသဒ္ဒါသည် သိခြင်းအနက်ကို ဆိေ သာကြောင့် ဗေဒင်
ပညာဖြင့် ပစ္စုန် အတိတ် အနာဂတ် အကျိုးအပြစ်တို့ကို
သိနိုင်သည်ဟု ရှေးအခါကပင် ယုံကြည်ရင်းစွဲ ရှိခဲ့သည်။
သာမ၊ယဇု၊က္ကုရုဟူ၍ ဗေဒ ၃ပုံ ရှိသည်တွင် အထဗ္ဗနကို ထည်
သွင်းလျက် ဗေဒ ၄ ပုံဟုရေးသား ပြောဆိုလေ့ရှိကြရာ၊ အ
မှန်စင်စစ်အားဖြင့် ဗေဒ ၄ ပံမှုာ ဟိန္ဒူလူမျိုးတို့၏ ဘာသာ
စာပေများသာ ဖြစ်ကြလေသည်။
ဤဗေဒင်ပညာသည် အလွန်ရှေးကျလှသော ကယ်လဒီး
ယား၊ ဗက်ဗီလံုး နီးယား၊ အီဂျစ်၊ အိန္ဒိယနှင့် တရုတ်နိင်ု ငံများ
တွင် ထွန်းကားပေါ်ပေါက်လာခဲ့ရာ၊ အဘယ်မျှ နှစ်ပရိစ္ဆေဒ
ကြာခဲ့ပြီဟု မည်သူမျှ အတတ်မပြောနိုင်ချေ။ မည်သည့နိုင်ငံ
မှ စတင်ပေါ်ပေါက်ခဲ့သည်ဟူ၍လည်း အထောက်အထား
မပြနိုင်ကြချေ။ အဆိုပါ နိုင်ငံများတွင် ခေတ်ကာလ အ
လျောက် ပညာရှင်များသည် ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်
တာရာတို့ကို အခြေပြု၍ တီထွင်ပေါ်လာသော ပညာတရပ်
ဖြစ်သည်ဟု ယူဆယြုံကည်ကြသည်။ ဗေဒင်ပညာသည် ရှေး
ဟောင်း အိန္ဒိယနိုင်ငံ၏ အာရိယန်လူမျိုးတို့မှ ပေါက်ပွားဆင်း
သက်လာသည်ဟု အဆိုရှိသည်။ ဘီစီ ၃၅၆ ခုနှစ် အယ်လက်
ဇန္ဒာသဂရိတ်လက်ထက်တွင် ကယ်လဒီးယန်း လူမျိုးတို့၏
ကြေညာချက်အရ မိမိတို့၏ဗေဒင်ပညာသည် အတိတ်နှစ်
ပေါင်း ၄၇၃Ùဝ၄ဝ ကပင် ရှသိ ည်ဟု သိရသည်။ မည်သို့ပင်
ဖြစ်စေ၊ နှစ်ပရိစ္ဆေဒ ကိုအတိအကျ မခန့်မှန်းနိုင် သော အချိန်
ကာလကပင် ဗေဒင်ပညာ စတင်ပေါ်ပေါက် ခဲ့ခြင်းကိမူု ကား
မငြင်းသာချေ။ ဆေးပညာနှင့် အခြား လောကီပညာရပ်
များကဲ့သို့ပင် ဗေဒင်ပညာသည်လည်း ရှေးမဆွကပင် ပေါ်
ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗေဒင်ပညာသည်လည်း
အိန္ဒိယမှဆင်းသက်လာခဲသည်ကို သမိုင်းအရ သိနိုင်ပေသည်။
ဗေဒင်ပညာဆိုရာ၌ မြေပြင်နှင့် အာကာသကောင်းကင်
တွင် ဖြစ်ပေါ်လာသမျှသော တိတ်နိမိတ်နှင့်တကွ ဂြိုဟ်
နက္ခတ်တာရာတို့၏ အထွန်း„အညိုး | „အငုပ်„အပေါ်၊ ကြယ်
ကြွေခြင်း၊ ဥက္ကာပျံခြင်း၊ တိမ်တောက်ခြင်း၊ ကြယ်တံခွန်ပေါ်
ခြင်း၊ နေကြတ်၊ လကြတ်၊ ဂြိုဟ်ပူးဂြိုဟ်မြင်မှစ၍ ဖြစ်ပေါ်
လာသမျှသော တိတ်နိမိတ်များကို အခြေခံပြု၍ ဟောဆိုရ
သော ပညာတရပ်ဖြစ်သည်။ ဖွားသUရာဇ်နှင့် အသက်ကို
တည်လျက် ၇ ခု၊ ၈ ခု၊ ၁၂ ခုစား၍ အကြွင်းဂဏန်းသင်္ချာအ
ရ တီထွင်သော ဟောနည်းများမှ အစ အချိန်နာရီကို မူ
တည်၍ဟောသော ဟူးရားဗေဒင်၊ ကာလကြီးဗေဒင်၊ ဂဏန်း
ဗေဒင်၊ မွေးဖွားချိန်အရ ကောင်းကင် ၁၂ ရာသီဂြိုဟ်၊ လဂ်၊
စန်းတို့ကို ကြည့်၍ ဟောဆိုသောဗေဒင်ဟူ၍ အမျိုးမျိုးရှိ
သည်။ သို့သော် မွေးဖွားချိန်တွင် တွက်ယူရရှိသည့် ကောင်း
ကင် ၁၂ ရာသီဂြိုဟ်ခွင်၏ အလားအလာကို စစ်ဆေးဟော
ပြောသော ဗေဒင်ပညာသည် သဘာဝယုတ္တိရှိပေသည်။
ဂြိုဟ်နက္ခတ်ကြယ်တာရာတို့သည် သက်ရှသိက်မဲခပ့် သိမ်း
အပေါ်တွင် သက်ဆုင် ရာသဘာဝအစွမ်းသတ္တိ အရှိန် အဝါဖြင့်
လွှမ်းမိုး ချုပ်ချယ်နိုင်သည်ဟု ရှေးပညာရှင်တို့ ယူဆခဲ့ကြ
သည်။ ဥပမာ„တနင်္ဂနွေဂြိုဟ်ဟု ခေါ်ဆိုသည့် အပူဓာတ်ကို
ပေးဆောင်နိုင်သော နေမင်းကို အမှီပြု၍သာ သက်ရှိသက်
မဲ့တို့သည် သန်စွမ်းကြီးထွားလာရသည်။ နေမရှိလျှင်
သက်ရှိသက်မဲ့အားလုံး သေကြေပျက်ပြုန်း သွားကြလိမ့်
မည်။ နေ၏ အလင်းဓာတ်ကြောင့် စိတ်ဓာတ်တက်ကြွကာ
ရဲစွမ်းသတရှိရသည်။ အမှောင်ဓာတ်ကို သက်ရှိသက်မဲ့တို့
သည် အစဉ်ထာဝရ မလိုလားကြချေ။ ဤသဘောကို ဆင်
ခြင်လျှင် နေမင်းတည်းဟူသော တနင်္ဂနွေဂြိုဟ်သည် သက်ရှိ
သက်မဲ့တို့၏ အသက်သခင်ဖြစ်သည်နှင့်အညီ အဘယ်မျှ
အင်အားပေးနိင်ု သည်ကို ရိပ်စားမိသင့်သည်။ အသက်ဝိညာဉ်၊
အဖ၊ မာန၊ အလုပ်အကိုင်၊ ရာထူး ဂုဏ်ထူးကို အစိုးရ၏။
ထို့အတူ တနင်္လာခေါ် လမင်းသည် ဂြိုဟ်အဖြစ်ဖြင့် သူ၏
သဘာဝကို ပေးစွမ်းနိုင်သည်။ သတ္တဝါတို့သည် အေးမြ
ကြည်လင်လှသော လရောင်ကို မြင်ရသောအခါ စိတ်ပျော်
ရွှင်လန်း ကြည်နူးလေ့ရြှိကသည်။ အအေးဓာတ်၊ အမိ၊ စိတ်၊
ငွေရတနာ စသည်တို့ကို အစိုးရသည်။ ထိုအတူ အင်္ဂါဂြိုဟ်
နီသည် မိမိ၏ သွေးနီရောင်သဘာဝအတိုင်း အစွမ်းသျွှိ၊
အရည်အချင်း၊ ရဲစွမ်း သတ္တိ၊ ဇွဲလုံးလ၊ စွန့်စားမှု၊ သတ်ဝြံ့ဖတ်
ဝံေ့  သာစိတ်၊ ခိက်ု ရန်ဒေါသစိတ်၊ ဘေးရန် ပ™ပိ Qမှု၊ စစ်မက်၊
ကျေးကျွန်၊ လင်ယောက်ျားကို အစိုးရသည်။ ဗုဒ္ဓဟူးဂြိုဟ်
စိမ်းသည် အသိဥာဏ်၊ သားသမီး၊ အတတ်ပညာတို့ကို အစိးရု
သည်။ ကြာသပတေးဂြိုဟ်ဝါသည် ပညာ—ာဏ်၊ ငွေကြေး
ဥPာဓန၊ အကျင့်စာရွျှိ၊ ဘာသာ၊ အယူဝါဒ၊ မိတ်ဆွေ၊
ဆရာ စသည်တို့ကို ဖန်တီးပေးနိုင်သည်။ သောကြာဂြိုဟ်
သည် သူ၏ ထွန်းတောက်သော အလင်းရောင်ဓာတ်အားဖြင့်
ကာမရာဂ၊ အချစ်ရေး၊ ပျော်ရွှင်မြူးထူးခြင်း၊ မိန်းမ၊ မယား၊
ဂုဏ်ပကာသန၊ ထင်ပေါ်ကျော်စောခြင်း အစရှိသည်တို့ကို
စွမ်းဆောင်ပေးနိင်ု သည်။ စနေဂြိုဟ်မွဲ ဂြိုဟ်ပြာကား ဆင်း
ရဲဒုက္ခ၊ အနှောင့်အယှက်၊ အချိန်နှောင့်နှေး ကြန့်ကြာခြင်း၊
ဆွေမျိုးသားချင်း၊ တွေဝေမိန်းမောခြင်း အစရှိသည်တို့ကို
ဖြစ်စေတတ်သည်။ ရာဟုနှင့် ကိတ်အမှောင်ဂြိုဟ်တို့သည်
ကောင်းကင်မှာ ဂြိုဟ်ကိယ်ု ဒြဗ်နှင့် အထင်အရှားမရှိ စေကာ
မူ၊ နေကြတ် လကြတ်ကို ဖန်တီးပေးနိုင်သော အစွမ်းသျွှိ
ကြောင့် အမှောင်လောကနှင်တ့  ကွ ထူးခြားဆန်းကြယ်သော
အကျိုးအပြစ်၊ ခြေလေးချောင်းတိရြ>ွာန် စသည်တို့ကို အစိုး
ရသည်။ ဤဂြိုဟ် ၉လုံးအပြင် ထပ်မံတွေ့ရှိရသော ယူရေး
နပ်၊ နက်ပကျွန်း၊ ပလူတိုဂြိုဟ်တို့ကိလု ည်း ယခုအခါ ထည့်
သွင်းဟောပြောကြပေသည်။  အဿဝဏီ
နက္ခတ်အစ ရေဝတီနက္ခတ်အဆံုး နက္ခတ် ၂၇လံုး သည်လည်း
သူ့သဘာဝနှင့်သူ ဖန်တီးပေးနိင်ု ပေသည်။ ရှေးပညာရှင်တို့
သည် ဤသဘာဝများကို နှစ်ပေါင်းများစွာ လက်တွေ့
လေ့လာပြီးမှသာ ယူဆဟောဆိုကြခြင်း ဖြစ်သည်။
တွက်ရိုးသင်္ချာအရ အာကာသကောင်းကင်ကို စက်ဝိုင်း
သဖွယ်ရှိသော ၁၂ ရာသီစက်ကို တည်ဆောက်လျက် မိဿ„
ပြိဿ„မေထုန် စသည်ဖြင့် အမည်ပေးထားသည်။ ထိုပြင်
၁၂ ရာသီစက်ကို တနင်္ဂနွေဂြိုဟ် နေမင်းနှင့် တနင်္လာဂြိုဟ်လ
မင်းအတွက် ပိုင်အိမ် ၁၃ စီ၊ အင်္ဂါအစ စနေအဆံုး ပဉ္စတား
ဂြိုဟ် ၅ လံုး အတွက် ပိုင် အိမ် ၂ အိမ်စီသတ်မှတ်ထားသည်။
ယင်းသို့ ပိုင် အိမ်အဖြစ် ပေးထားပုံမှာလည်း သဘာဝကျလျက်
စိတ်ပါဝင်စားစရာ ကောင်းလှသည်။ ပိုင်အိမ်များ အဖြစ်
စ„သာ„ရွှေ„ကူ„အင်း·ဝ„သူ„ဆန်„ဖြူ„တ„တင်း„ပေး ဆောင်
ပုဒ်အရ မိဿရာသီမှစ၍ လက်ဝဲရစ်အစဉ်အတိုင်း ချယူနိင်ု
သည်။ ကောင်းကင်တွင် သူ့လမ်းကြောင်းနှင့်သူ မရပ်မ
တည် လှည့်လည်သွားလာနေကြသော ဂြိုဟ်တို့ကို အချိန်
ကာလအားလျော်စွာ နောက်ခံနက္ခတ် ၂၇ လုံးပိုင် ၁၂ ရာသီ
စက်အရ ဘယ်နေ့တွင် ဘယ်ရာသီမှာ ရှသိ ည်ကို တွက်ယူနိင်ု
သည်။  ဂြိုဟ်အားလုံး သည် ၁၂ရာသီစက်ထဲမှာ မည်သို့မည်ပံတည်
ရှိသည်ကို သိရ ပြီးနောက်၊ မွေးဖွားသောအချိန်အရ လဂ် ရာသီ အံသာ
လွျှိာ တို့ကို တွက်ချက်ယူနိုင်သည်။ လဂ်၏ ၁ တန့်သည်
တနုဘာဝ၊ လဂ်၏ ၂ တန့်သည် ကုတု$ဘာဝ၊ ၃ တန့်သည်
သဟဇဘာဝ စသည်ဖြင့် ၁၂ တန့်သည် ဗျာယဘာဝအထိ၊
ဘာဝ ၁၂ပါးကို ခွ၍ဲ သတ်မှတ်ရသည်။ မည်သည်ြ့ဂိုဟ်သည်
မည်သည်ဘ့ာဝတွင်ရှသိ ည်ကို သိရသောအခါ ဗေဒင်ကျမ်းလာ
နည်းစံနစ်များအတိုင်း ဂြိုဟ်ပူး ဂြိုဟ်မြင်၊ နက္ခတ်၊ နဝင်း၊
ယုဂ် စသည်တို့ အပေါ်တွင် အခြေပြုကာ၊ အတိတ်၊ ပစ္စုပန်
နှင့် အနာဂတ် အကျိုးအပြစ်တို့ကို တွက်ယူဟောဆိနိုင် သော
စခန်းသို့ ရောက်လာပေသည်။ ဤဖွားဇာတာဂြိုဟ်ခွင်သည်
ဇာတာရှင်၏ တသက်တာ အကျိုးအပြစ်တို့ကို ဟောကိန်း
အမျိုးမျိုးအားဖြင့် ဟောသွားနိုင်ပေသည်။
ဖွားဇာတာ ဂြိုဟ်ခွင်အရ၊ မူလအခြေခံပါလာသော အ
ကျိုးအပြစ်တို့ကို ကိန်းသေယူဆနိုင်သည်။ မင်း မှူးမတ်
စစ်သူကြီး သူဌေး ပညာရှိ ဖြစ်မည့် အခြေအနေ၊ အိမ်ထောင်
ရေး၊ ကျန်းမာရေး၊ ဆင်းရဲဒုက္ခ၊ ဘေးရန်၊ မိဘ၊ မွေးချင်း၊
သားသမီးအခြေအနေစသည်တို့ကို ဘာဝ ၁၂ ပါးအရ ဟော
ဆိုရပေသည်။ မွေးဖွားချိန်အရ ၁၂ ရာသီ ကောင်းကင်ကို
ဓာတ်ပုံရိုက်သည့်သဖွယ် ရိုက်ပြထားသော ဂြိုဟ်ခွင်သည်
ဖွားဇာတာဂြိုဟ်ခွင်ဟု အတည်ပြုရစေကာမူ၊ ထိုထို ဂြိုဟ်တို့
သည် ရပ်တည်မနေကြဘဲ သွားမြဲ သွားနေကြသောကြောင့်
ဂေါစရခေါ် ကောဇာဂြိုဟ်များအဖြစ်သို့ ပြောင်းလဲသွားကြ
ပေသည်။ မည်သည့်ရာသီ မည်သည့်ဘာဝကို မည်သည့်
ဂြိုဟ်စီးလျှင် မည်သို့ဖြစ်မည်ကို ရှေ့သို့ဆက်ပြီး အဟော
ထုတ်နိင်ု သည်။ သို့မဟုတ် တနင်္လာဂြိုဟ်စီးယှဉ်သော စန်း
စီးနက္ခတ်(စင်နက္ခတ်) အရ ဒသဟောကိန်းများနှင့် အနာဂတ်
အဟောများကို ချိန်ဆ ဟောဆိုရပေသည်။
ဗေဒင်ဟောကိန်းအမျိုးမျိုးရှိသည်အန့  က် သာမန် အတို
နည်းအားဖြင့် တွက်ယူသောကိန်းများကို သာမန်ပညာရှင်
တို့ တတ်ကျွမ်း နားလည်ကြသလောက်၊ ဗေဒင်တွက်ရိုး
သင်္ချာနှင့် အဟောပညာကို ပါရဂူရောက်တတ်မြောက်နား
လည်ရန်မှာမူ အလွန်ခဲယဉ်းလှပေသည်။ ဗေဒင်ပညာကို ယုံ
ကြည်ပြီးလျှင် စိတ်ဝင်စားသူများရှိကြသကဲ့သို့ မယုံကြည်
စိတ်မဝင်စားနိုင်သော လူများလည်း ရှိကြပေသည်။ မည်
သို့ပင်ဖြစ်စေ၊ ဗေဒင်ပညာကား ရှေးဟောင်း ပညာတရပ်
အပါအဝင် ဖြစ်ရံမျှမက အခြေခံပညာ နည်းစံနစ် ထုထယ်
လည်း ခိုင်ခံ့ကောင်းမွန်လှပေသည်။ ဂြိုဟ်သွား ဂြိုဟ်လာ
ကို ပိုင်ပိုင် နိုင်နိုင် တွက်ယူနိုင် ရန် သူရိယသိဒ္ဓန္တ၊ ဗြဟ္မာ့သိဒ္ဓန္တ
အရိယသိဒ္ဓန္တ၊ သိဒ္ဒန္တသီရောမဏိအစရှိသော သိဒ္ဓန္တတွက်ရိုး
၁၈မျိုးကား ရှေးကပင်ရှိခဲ့ သည်။ ထြိုပင် ဂြဟလာ ၈၁ တွက်
ရိုး၊ဘာသုတိ၊သရဝိဇ္ဇောဒယဇနမပတ္တိက၊မြန်မာပြည်ဖြစ်
မကာရန္တ၊သံဒိဋ္ဌတွက်ရိုးများလည်း ရှိကြသည်။ ခေတ်မီ အ
နောက်နိုင်ငံ ဗေဒင်တွက်ရိုးသင်္ချာကျမ်းများလည်း အများ
အပြားပင် ရှိကြသည်။ ဗြို့ဟ%ာတက၊ ဗြို့ဟဇ်သံဟိတ၊
အပ္ပဇာတက။ ထိုပြင် ရာဇမျွှဏ္ဍ၊ ဇာတကပါရိဇာတ၊
သာရာဝလိ„ဇာတကဒေသမဂ္ဂ။ ပြဿနာမဂ္ဂ၊၊ ဖလဒီပိကာ၊
ဥတ္တရကာလ အမြိတ္တျ၊ ဟောရရတနာ၊ သဗ္ဗတ္ထစိန္တာမဏိ၊
ဘာဝ ရတနာကရ၊ ဇာတကတတွာ၊ ဇောတိသတ္ထသိင်္ယ•‡
ဗောဓ၊ ဇာတကလင်္ကာရ ဇာတကစန္ဒရိယဗရဂုဍိ၊ ဗရကောဋ္ဌိ၊
သင်္ကေတနီတိ အစရှိသော ရှေးဟောင်း သင်္သကရို™်ဗေဒင်
ကျမ်းများသာမက၊ ခေတ်ပေါ်အနောက်နိုင်ငံ ဗေဒင်ကျမ်း
များလည်း အများအပြားပင် ရှိကြသည်။

  ဦးသန်းမောင်    
 မြန်မာစွယ်စုံကျမ်း

Burmese Astronomy နက္ခတ္တဒီပနီကျမ်း

နက္ခတ္တဒီပနီကျမ်း 


ကောင်းကင်နက္ခတ် အမြင်ကြည့် နက္ခတ္တဒီပနီကျမ်း
တည်းဖြတ်သူ- ကိုဘတင်