ဗေဒင် ဖုန်းနှင့်ဟောမလား
နက္ခတ်ဗေဒင်ဝါသနာရှင်များအတွက် ဗေဒင် ဖုန်းနှင်ဟောနိုင်သောဆော့ဝဲကို တင်ပြပေးလိုက်ပါသည်။
ဒေါင်းလုပ်ဆွဲပြီးလေ့လာနှိင်ပါသည်။Nokia Smart Phone,
Samsung,Sonny ,MotorolaSmart Phone များတွင် Install
လုပ်ပြီး ဗေဒင် ဟောပြော လေ့လာနှိင်ပါသည်။
ဒေါင်းလုပ် ဗေဒင် ဖုန်းနှင့်ဟောမလား
Friday, February 15, 2013
ဖုန်းနှင့်ဖဲဗေဒင်ဟောမလား
ဖုန်းနှင့်ဖဲဗေဒင်ဟောမလား
နက္ခတ်ဗေဒင်ဝါသနာရှင်များအတွက် ဖုန်းနှင့်ဖဲဗေဒင်ဟောနိုင်သော
ဆော့ဝဲကို တင်ပေးလိုက်ပါသည်။ ဒေါင်းလုပ်ဆွဲပြီးလေ့လာနှိင်ပါသည်။Nokia Smart Phone,Samsung,Sonny,Motorola Smart Phone များတွင် Install လုပ်ပြီး Tarot ဗေဒင် ဟောပြော လေ့လာနှိင်ပါ
သည်။
ဒေါင်းလုပ် ဖုန်းနှင့်ဖဲဗေဒင်ဟောမလား

Wednesday, February 06, 2013
ရောက်လာတော့မည့် ကိုးစနေ နေ့
ရောက်လာတော့မည့် ကိုးစနေ နေ့
၂၀၁၃ ခုနှစ် ထူးထူးခြားခြား ကိုးစနေ(၂)ကြိမ်ကြုံမည့်နှစ်ဖြစ်သည်။ ၂၀၁၃ ခုနှစ်
မေလ(၄)ရက်နေ့ သည် တန်းခူးလဆုတ်(၉)ရက် စနေနေ့ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ
(၂၈)ရက်နေ့သည် တော်သလင်းလဆုတ်(၉)ရက်နေ့ စနေနေ့ကျသည် သိဒ္ဓိ အလွန်ကောင်းသော
နေ့ရက်ဖြစ်သည်။ထိုနေ့တွင် မိမိမွေးနေ့ကျရောက် ခဲ့ပါကအောက်ပါအတိုင်းစီရင်ပါ-
၁။ ထီး၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ ၊ယပ် ပါသော ကန်တော့ပွဲတပွဲ
၂။ ဆွမ်း ကိုးလုံးချက်ပါ၊ ဆွမ်ပွဲ ကိုးပွဲ၊ ရေ ကိုးခွက်၊ ဖယောင်းတိုင်ကိုးတိုင်၊ အမွေးတိုင်ကိုးတိုင်၊ပန်း
ကိုးပွင့်၊ အုန်းအချို ကိုးခု၊အုန်းအစိမ့် ကိုးခု၊ စနေနေ့ နံနက် ၆း၀၀ မှာဆွမ်းကပ်ပါ။
၃။ ကိုးပါးသီလစောင့်ထိမ်းပါ။
၎။ ဘုရားဆွမ်းကပ်ပြီး ဂုဏ်တော်ကိုးပါး ကိုပုတီးကိုးပတ်စိတ်ပါ။
၅။ အလိုချင်ဆုံးဆုတခုကိုတောင်းပါ။
၆။ (၉)ရက်ဆက်လုပ်ပါ။အနည်းဆုံး(၃)ရက်လုပ်ပါ။လိုချင်သောဆုမုချပြည့်ဝမည်။ မျက်နှာပွင့်စိတ်ချမ်း
သာမည်။
``ကိုးစနေမှာကိုးန၀င်းအပြည့်ယတြာခြေပါ´´
လိုရာဆန္ဒပြည့်စုံပါစေ

Thursday, January 31, 2013
မစိုက်ရမယ့်အပင်
မစိုက်ရမယ့်အပင်
နေ့နံသားမလိုက်သူ နေရာအရပ်နဲ့ သူစိုက်ရမယ့် သစ်ပင်တွေ ရှိပါ။
အိမ်ရှင် အရပ် အပင်
၁။ ၁နွေ အရှေ့ မြောက် ဇီး
၂။ ၂လာ အရှေ့ သပြေ
၃။ ၃င်္ဂါ အရှေ့တောင် အုန်း
၎။ ၄ဟူး တောင် ရဲယို
၅။ ၅တေး မြောက် ထန်း
၆။ ၆ကြာ အနောက် ခံတက်
၇။ စနေ အနောက်မြောက် ဇီ၊သီဟို
ဆိုလိုတာက တနင်္ဂနွေသားရဲ့ အိမ် အရှေ့ မြောက်အရပ်မှာ ဇီးပင်မစိုက်ရပါ။
စိတ်ချမ်းသာပါစေ

Thursday, January 24, 2013
အသက်ကယ်ယတြာပြုပါ
အသက်ကယ်ယတြာပြုပါ
မကျန်းမမာဖြစ်လျှင် လှုနာအသက်ကိုတည် ကောဇာသက္ကရာဇ်နဲ့ပေါင်း (၃) နဲ့မြှောက် (၇) နဲ့စားပါ။ အကြွင်းမှာ-
၁ ကြွင်းရင် ဆီမီးထွန်းပါ။
၂ ကြွင်းရင် ရွှေကြာသင်္ကန်းလှုပါ။
၃ ကြွင်းရင် ရုက္ခစိုးနတ်ကိုတင်မြှောက်ပါ။
၎ ကြွင်းရင် ငါးသက်စေ့လွှတ်ပါ။
၅ ကြွင်းရင် သံဃာကိုဆွမ်းကပ်ပါ။
၆ ကြွင်းရင် ယာယီပြောင်းပါ။
ဝ ကြွင်းရင် တံတားခင်း ညောင်ထောက်ပါ။
ကျန်းမာချမ်းသာကြပါစေ

Friday, August 31, 2012
အမူအခင်းဖြစ်လျင်လုပ်သောယတြာ
အမူအခင်းဖြစ်လျင်လုပ်သောယတြာ
အကြောင်းတခုကြောင့် အမူအခင်းဖြစ်ပြီး၊ ရုံးရောက်၊ အချုပ်ခန်းရောက်နေလျင်-
၁။ဂဏန်းသက်စေ့လွတ်ပါ။
၂။စာ၊ခို၊ကျေး များများလွတ်ပါ။
၃။လင်ပန်းပေါ် လက်ဘက်(၉)ပုံ ပုံပြီး နေပူမှာထားပါ၊မရုပ်ရ။(၉)ရက်လုပ်ပါ။ဘေးလွတ်မည်။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
အကြောင်းတခုကြောင့် အမူအခင်းဖြစ်ပြီး၊ ရုံးရောက်၊ အချုပ်ခန်းရောက်နေလျင်-
၁။ဂဏန်းသက်စေ့လွတ်ပါ။
၂။စာ၊ခို၊ကျေး များများလွတ်ပါ။
၃။လင်ပန်းပေါ် လက်ဘက်(၉)ပုံ ပုံပြီး နေပူမှာထားပါ၊မရုပ်ရ။(၉)ရက်လုပ်ပါ။ဘေးလွတ်မည်။
နိုင်ငံခြားရောက်မြန်မာများ အတွက် အိမ်တက်မင်္ဂလာအစီအရင်

နိုင်ငံခြားရောက်မြန်မာများ အိမ်အပြောင်းအရွှေု့ပြုလုပ်ရာတွင် နက္ခတ်ဗေဒင်အစီအရင်
အတိုင်း မင်္ဂလာကျက်သရေပြည့်စုံစွာဖြင့် အိမ်အပြောင်းအရွှေ့ပြုလုပ်ရာတွင် ဗေဒင်ဆရာအကူအညီမယူ
ဘဲ မိမိကိုယ်တိုင် ကျက်သရေ မင်္ဂလာအပေါင်းပြည့်စုံစွာ အိမ်တက်မင်္ဂလာပြုလုပ်နှိင်စေရန် အစီအရင်များ
နှင့် အချိန်အခါများကိုတင်ပြပေးလိုက်ပါသည်။
(၁) အောက်ပါအတိုင်းအစီအရင်လုပ်ပါ

Subscribe to:
Posts (Atom)

.gif)