Thursday, June 21, 2012

လဂ်၏ပါပ ဂြိုဟ်ဆိုးများနှင့် မာရကဂြိုဟ်များ


                                            လဂ်၏ပါပ ဂြိုဟ်ဆိုးများနှင့် မာရကဂြိုဟ်များ

                        မိဿလဂ် မှ မိန်လဂ် အထိ လဂ်တလဂ်ခြင်းစီအတွက်  လဂ်၏ပါပ ဂြိုဟ်ဆိုးများမှာ-
ဥပမာ။    ။မိဿလဂ် အတွက်-(၆)တန့်သခင် ဗုဒ္ဓဟူး၊(၂/၇)တန့်သခင်သောကြာ နှင့် (၈)တန့်သခင် စနေ၊
ဥပမာ။    ။မေထုန်လဂ် အတွက်-(၃)တန့်သခင် တနင်္လာ၊(၆)တန့်သခင် အင်္ဂါ  နှင့်  (၇)တန့်သခင် ကြာသာပတေး။
ဥပမာ။    ။ကုမ်လဂ် အတွက်-(၆)တန့်သခင် တနင်္လာ၊  (၃)တန့်သခင် အင်္ဂါဂြိုဟ် နှင့်(၂)တန့်သခင် ကြာသာပတေးဂြိုဟ်။

                  ကျန်သောလဂ်များအတွက်လည်း ထိုအတိုင်းကြည့်ပါ။
လဂ်တလဂ်ခြင်းစီအတွက်  လဂ်၏ပါပ ဂြိုဟ်ဆိုးများမှာ- ၇.၂.၃.၆.၈.၁၁ တန့်သခင် ဂြိုဟ်သည် ထိုလဂ်အတွက် ပါပ ဂြိုဟ်ဆိုး
များဖြစ်ကြသည်။ထို ဂြိုဟ်များ-ဒဿ`၌ လုပ်ဖေါ်ကိုင်ဘက် မိတ်ဆွေတို့၏ ဖျက်စီးမှုကြောင့် လုပ်ငန်းများပျက်စီးရပြီး စီးပွါးဥစ္စာ
ဆုတ်လျှော့ ရပါမည်။ မိတ်ဆွေများကြောင့် စိတ်ညစ်သောက ဗျာပါတသောက ရောက်ရှိပြီး ဒုက္ခအမျိုးမျိုးတွေ့ကြုံရပါမည်။
ရန်သူများနှင့် ပြဿနာတစုံတရာ ဖြစ်ပေါ်တွေ့ကြုံရမည်။မိမိလုပ်ငန်း ရန်ဘက်များနှင့် ပတ်သက်ပြီး အပြိုင်အဆိုင် လုပ်ကိုင်ရပြီး
အရှုံးများနှင့်ရင်ဆိုင်ရ  သည့်အတွက်ကြောင့် မိမိလုပ်ငန်းများနှင့် စီးပွါးရေးများ ပျက်စီးဆုံးရှုံးရလိမ့်မည်။


                                          ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

No comments:

Post a Comment