Sunday, December 07, 2014

လောကဇာတ်ခုံ

လယ်တီဆရာတော်ကြီး
 
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊
 ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
 အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊ ပြည်ဖုံးချသော် သုဘရာဇာ ၊
 မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။


No comments:

Post a Comment

e
c
r
u
o
S
n
e
p
O
y
g
o
l
o
r
t
s
A
n
r
e
t
s
a
E
-
g
n
u
A
n
u
T
n
i
W