Sunday, September 13, 2015
နမှုနာဇာတာအ​ဟောပုံစံ
''နေမာတႆ ဘဂဝေ''နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသဗၵဳဒၶႆ''
ဗုဒၶံ သရဏံ ဂစၧာမိ ဗုဒၶံ သရဏံ ဂစၧာမိ ဗုဒၶံ သရဏံ ဂစၧာမိ ဗုဒၶံ သရဏံ ဂစၧာမိ ဗုဒၶံ သရဏံ ဂစၧာမိ
                   မြန်မာသက္ကရာဇ် ၁၃၃၆ ခုနှစ်၊ ဝါခေါင်လဆုတ် (၄) ရက်၊ ခရစ်နှစ် ၁၉၇၄ ခုနှစ်
စက်တင်ဘာလ (၅) ရက်နေ၊့မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၁၃ မိနစ် ဝ စက္ကန့်၊အရှေ့လောင်ဂျီတွဒ်
၉၆ ဒီကရီ ၁၂ မိနစ်၊ မြောက်လတ္တီဒ် ၁၆ ဒီကရီ ၄၇မိနစ်၊ ကြာသာပတေးနေ့၊ ရန်ကုန်မြို့၌ မာတာ
မိခင်ဖွားမြင်သန့်စင်သော ဇာတာရှင်   ဒေါ်:):):):):) ၏  တြိစက္ကဇာဟောစတမ်း -
ဇာတာတွင်းသိမှတ်ဖွယ်ရာများ
၁။မေထုန်လဂ် နှင့်ဖွားမြင်သည်။
၂။မိန် ရာသီနှင့်စန်းယှဉ်သည်။
၃။လဂ်စီးနက္ခတ် ပုန္နဖုသျှုနက္ခတ်ဖြစ်သည်။
၎။စန်းစီးနက္ခတ် ရေဝတီနက္ခတ်ဖြစ်သည်။
၅။တနင်္ဂနွေဂြိုဟ်တြိဂုဏ်း၊အင်္ဂါဥစ်နဝင်း၊ဗုဒ္ဓဟူး ဥစ်၊ကြာသာပတေးဂြိုဟ် ဝဂ္ဂ နှင့်ကသစ်နဝင်း
စနေဂြိုဟ်နိစ်နဝင်း၊ စီးထားပါသည်။
လဂ်အဟော
         မဲနက်သော မျက်လုံးပိုင်ရှင်ဖြစ်တတ်၏။ မိန်းမများနှင့် ပျော်ပါးနေထိုင်လိုသော အလေ့ ဝါသနာရှိတတ်၏။ ကောင်းသောဆံပင်ရှိ၏။ သူတစ်ပါး၏စိတ်ကို အလိုလိုသိတတ်၏။ အက၊ အခုန်၊ အတီး၊ အမှုတ်သီချင်းတို့၌ ဝါသနာထုံ၏။စိတ်နှစ်ခွရှိဖြစ်၏။ဖျပ်ဖျပ်လပ်လပ်နှင့် လျင်မြန်ပါးနပ်သော
 သဘောရှိ၏။ အလုပ်လုပ်ရာ၌ တက်တက်ြ<ွကြ<ွကနှင့် မြင့်မားသော စူးစမ်း ရှိ၏။ တွေးတောစဉ်းစား
ရာ၌ ပင်ကိုယ်Óဏ်၊ ဇဝနÓဏ်နှင့် ပြည့်စုံတတ်၏။ သိနားလည်လွယ် ပြီး အကြောင်းအရာတို့ကို လျင်မြန်စွာ ကြံဆတွေးတောနိုင်၏။ အစီအစဉ်ကျနစွာနှင့် ပြေပြေ ပြစ်ပြစ် စကားပြောတတ်၏။ စီကာ
ပတ်ကုံး ရေးသားဖွဲနွဲ့ ပြောဆိုရာ၌ ကျွမ်းကျင်၏။ ဒေါသ ဖြစ်လွယ်၏။ တီထွင်တတ်၏။ ဝိဇ္ဇာသိပ္ပအ
တတ်နှစ်ခုလုံးကို စူးစမ်းလေ့လာတတ်၏။ ကူညီ ထောက်ပံ့မည့် ဆွေမျိုးအသိုင်းအဝိုင်းနှင့်ပြည့်စုံတတ်
၏။ ဦးနှောက်အနားပေးလေ့မရှိချေ။ အမြဲတစေ အကြောင်းအရာတစ်ခုခုကို ဆင်ခြင်တွေးတော ကြံဆ
နေတတ်သောဇာတာရှင်ဖြစ်သည်။
မေထုန်စန်း
          အသွားအလာအနေအထိုင်နူးညံ့သိမ်မွေ့စွာဖြင် အိနြေ္ဒသိက္ခာရှိမည်။မိမိစကားကိုသူတပါး
နားဝင်အောင်ပြောတတ်သည်။ခရီးအသွားအလာများတတ်သည်။လက်မူပညာ ကျမ်းကျင်စွာတတ်
မြောက်မည်။ထိုပညာဖြင့်စီးပွားတိုးတက်အောင်မြင်ကျော်ကြားမည်။စာပေအနုပညာဝါသနာပါမည်။
မိမိစိတ်နေစိတ်ထားသည်မိခင်နှင်တူလိမ့်မည်။စကားပြောဆိုရာတွင်၎င်း၊ဂါထာမန္တရားရွတ်ဆိုရာတွင်
၎င်အသံကောင်းမည်။သူတပါးအကျိုးကိုဆောင်ရွက်တတ်မည်။အလုပ်တခုကိုစိတ်ရောကိုယ်ပါလုပ်
ကိုင်ဆောင်ရွက်တတ်သည်။
လဂ်စီးနက္ခတ်အဟော
           ပုန္နဖုသျှ နက္ခတ်နှင့်စန်းယှဉ်၍မွေးဖွားလာသောကြောင့် ကိုယ်ကျင့်တရားကောင်းမွန်မည်။
မိတ်ဆွေပေါများမည်။ပညာဗဟုသုတလိုက်စားတတ်သည်။မိမိကိုယ်ထိန်းချုပ်နှိင်စွမ်းရှိသည်။စည်းစိမ်
ဥစ္စာနှင့်ပြည်စုံစွာနေရတတ်သည်။အလှူအတန်း ရက်ရောလိမ့်မည်။ အမှန်တရားကိုလေးစားလိုက်နာ
တတ်မည်။
စန်းယှဉ်(စန်းစီး)နက္ခတ်အဟော
           ရေဝတီ နက္ခတ်နှင့်စန်းယှဉ်၍မွေးဖွားလာသူသည် ကိုယ်ဆန္ဒအချိုးအစားပြေပြစ်တင့်တယ်
မည်။တည်ကြည်၍ရဲရင့်ပြတ်သားသောစိတ်းထားရှိသည်။အများလေးစားယုံကြာ်ခြင်းခံရမည်။စုဆောင်း
တတ်သောအလေ့အကျင့်ရှိမည်။ထက်မြက်စူးရှသောအသိညဏ်ရှိသည်။အဓိပ္ပယ်နက်နဲသော စကားကို
သာပြောဆိုတတ်သည်။အကျင့်သီလကောင်းမွန်မည်။
သရဝဏ်လတွင်ဖွားမြင်သောအကျိုးရလဒ်
       သရဝဏ်လတွင်ဖွားဖြင်သောဇာတာရှင်သည် မိသားစုနှင့်မိတ်ဆွေများထံမှပျော်ရွှင်သုခရရှိလိမ့်
မည်။ဆွေမျိုးများထံမှချစ်ခင်မြတ်နိုးမှူုကိုကောင်းစွာရရှိမည်။ဖခင်ကိုရိုသေလေးစားနာခံလိမ့်မည်။ထင်
ပေါ်လိမ့်မည်။ရည်မွန်လိမ့်မည်။စေတနာသဒ္ဒါတရားထက်သန်မည်။ အကြီးအကဲနှင့် ဘုန်းကံရှိသူများ
ထံမှအကူအညီရရှိမည်။ကြင်နာသနားတတ်မည်။ယုံလွယ်မှုကြောင့်ဒုက္ခတွေ့တတ်သည်။အိုဇာတာကံ
ကောင်းသူများဖြစ်သည်။
ဝါသရတု တွင်ဖွားမြင်သောအကျိုးရလာဒ်
    ဝါသရတုတွင်ဖွားမြင်သောဇာတာရှင်သည် မိမိအားယှဉ်ပြိုင်မှုများကိုအနိုင်ရရှိမည်။ညဏ်ရည်
ညဏ်သွေးထက်မြက်မည်။ရုပ်ရည်ပြေပြစ်သောအသွင်ရှိမည်။ သလိပ်ထူမည်။လေဓါတ်လွှမ်းမိုးမည်။
အမျိုးသမီးများကနှစ်သက်အရေးပေးခြင်းခံရမည်။လောကီစည်းစိမ်ပြည့်ဝစွာခံစားရရှိမည်။
ထူးခြားသောဂြိုဟ်ရပ်တည်မူ
               မူလဇာတာတွင်လဂ်သခင်ဂြိုဟ် ဗုဒ္ဓဟူး (၃)တန့်ဘာဝတွင်ရပ်တည်ထားသောကြောင့်
ဇာတာရှင်သည်မိတ်ဆွေကောင်းရှိလိမ့်မည်။ဂုဏ်ကျက်သရေနှင့်ပြည်စုံလိမ့်မည်။မောင်နှမသားချင်းများ
ကိုချစ်မြတ်နိုးမည်။မိမိမှာသားချင်းမျာကြားတွင်ပိတ်ဆို့နေသလိုကြာညှပ်နေသလိုခံစားရမည်။ ဇာတာ
ရှင်သည်နိုးနိုးကြားကြားနှင်စပ်စပ်စုစုရှိမည်။စိတ်ကူးစိတ်သန်းကောင်းတတ်သည်။ကြောက်လန့်တတ်
မည်။အများနှင့်မတူတမူထူးခြားလိမ့်မည်။ ဆွေမျိုးများနှင့်အိမ်နီးချင်းများအတွက်စိုးရိမ်သောကမကင်း
ဖြစ်တတ်သည်။                
          (၂)တန့်သခင်တနင်္လာ(၁ဝ)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်မိမိကိုယ်တိုင်ကြိုးစား
ရှာဖွေလုပ်ကိုင်ခြင်းမှဝင်ငွေများရရှိမည်။တရားနှင့်လျှော်ညီသောအလုပ်ကိုလုပ်ကိုင်မည်။မိဘအမွေအ
နှစ်ရရှိမည်။လုံလဝီရိယရှိမည်။လောကွတ်ပျူငှာစွာဆက်ဆံတတ်မည်။ စွန့်စားလိုသောဆန္ဒရှိသည်။
       (၃)တန့်သခင်တနင်္ဂနွေ(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် မောင်နှမသားချင်းများနှင့်
ချစ်ချစ်ခင်ခင်နေထိုင်တတ်သည်။မိမိထက်အငယ်များအတွက်ပူပင်သောကများရတတ်သည်။မိမိအား
ယှဉ်လာသောရန်၊အတိုက်အခံကိုအနိုင်ရမည်။လှူဒါန်းရာတွင်စေတနာသန့်သန့်ဖြင့်လှူဒါန်းတတ်၏။
         (၄)တန့်ဘာဝသခင်ဗုဒ္ဓဟူး(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ကိုယ့်အားကိုယ်ကိုး
လုပ်ကိုင်ရမည်။မိဘများနှင်မသင့်မမြတ်ဖြစ်တတ်သည်။အမျိုးအနွယ်ထင်ရှား ထူးခြားမည်။ ဖခင်၏
ဆွေမျိုးသားချင်းများကိုစောင့်ရှောက်လိုသောဆန္ဒရှိမည်။တနင်္လာဂြိုဟ်မြင်၍မိခင်၏မေတ္တာကိုခံစားရ
ရှိမည်။မိခင်၏သွန်သင်ဆုံးမမှုကိုအပြည့်အဝခံစားရမည်။သစ်လွင်လှပသောအိုးအိမ်ပိုင်ဆိုင်နေထိုင်ရမည်။
       (၅)တန့်သခင်(၂)တန့်ဘာဝတွင်ရပ်နေသောကြောင့် ပညာသင်ကြားရေးတွင်အဆင်ပြေချောမွေ့
မည်။ဂါထာမန္တရားရွတ်ဆိုရာတွင် အကျိုးပေးတတ်ဇာတာရှင်ဖြစ်၍ အဓိတ်ဌါန်ပြုရွတ်ဆိုပါကထူးခြား
ထက်မြက်စွာအကျိုးပေးလိမ့်မည်။ပညာကြောင့်အကျိုးပေမည် သို့ရန်အိမ်တွင်ရပ်တည်ရန်နဝင်းစီးနေ
သောကြောင့်ပညာသင်ကြားရေးတွင်လွယ်လွယ်ကူကူအဆင်မပြေနိုင်ပါ။ အခက်အခဲ များနှင့်ရင်ဆိုင်
ကျော်လွှားရလိမ့်မည်။
       (၆)တန့်သခင်(၃)တန့်ဘာဝတွင်ရပ်နေသောကြောင့်အမျက်ဒေါသအနည်းငယ်ရှိမည်။မျက်နှာ
တည်မည်။ သူတပါးအလွယ်တကူမနှစ်သက်တတ်။ စိတ်မြန်မည်။ ဆွေမျိုးသားချင်းများကြားတွင်
အတိုက်အခံလုပ်တတ်မည်။
        (၈)တန်နှင့်(၉)တန့်သခင်(၁)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်ငယ်စဉ်ကအလွန်မာန
ကြီးမည်။ ကြီးပြင်းလာသောအခါ ကီလေသာစိတ်နဲပါး၍ဘာသာရေးလိုက်စားလိမ့်မည်။ ကျေးကျွန်
တပည့်တပန်းများအကျိုးပေးမည်စီးပွားရေးတွင်အောင်မြင်မှုနည်းပါးမည်အသက်ငယ်ရွယ်သော်လည်းလူကြီးသူမကဲ့သို့ပြုမူပြောဆိုနေထိုင်တတ်မည်။ဂုဏ်သိက္ခာရှိမည်။
           (၁၁)တန့်သခင် အင်္ဂါ(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်ဖခင်ကိုရိုဆေဆက်ဆံ
မည်။ စကားပြောဆိုရာတွင်ပရိယာယ်များမည်။ အင်္ဂါဂြိုဟ်သည်(၄)တန့်မှ(၃)တန့်ကကျကာမိခင်၏
ညီမများကိုကိုယ်စားပြု၍ ဥစ်အင်အား ရရှိသောကြောင့်အဒေါ်များ၏ကူညီစောင့်မမှုကိုခံစားရရှိမည်။
        (၁၂)တန့်သခင်(၂)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် စီးပွားရေးကံညံ့မည်။မွေးရပ်မြေမှ
ဝေးကွာရာအရပ်တွင်နေထိုင်ရတတ်သည်။ရုပ်ဆင်းအင်္ဂါလှပတင့်တယ်မည်။လက်ထဲတွင်ငွေမမြဲတတ်။
ရန်သူမျိုး(၅)ပါးကြောင့်ငွေကုန်ကြေးကျများမည်။(၂)တန့်ဓနဘာဝကိုသောမဂြိုဟ်ကြာသာပတေးမှမြင်
သောကြောင့်ငွေရေးကြေးရေးပူပင်ကြောင့်ကြစရာမလိုပဲ၊ငွေကြေးလိုအပ်လျှင်ကူညီစောင့်မည့်သူပေါ်
ပေါက်လာလိမ့်မည်။  
တနင်္ဂနွေဂြိုဟ်တြိဂုဏ်းရရှိ၍
      ပညာရပ်အမျိုးမျိုးကို တတ်သိနားလည်သောနိုင်သောညဏ်ရှိသည်။သူတော်ကောင်းအကျင့်      
ရှိမည်။အကြီးအကဲဆန်သောစိတ်ဓါတ်ရှိမည်။ ဘာသာတရားကိုကြည်ညိုကိုင်းရှိုင်မည်။ ကျန်းမာသန်
စွမ်းမည်။လူအများ၏အကျိုးကိုဆောင်ရွက်တတ်မည်။လက်အောက်ငယ်သားများကို ပေးကပ်စွန့်ကြဲ
စောင်ရှောက်တတ်သည်။မင်းနှင့်တူသော စည်စိမ်ကိုခံစားရမည်။အဖွဲ့အစည်းများ၏အကြီးအကဲခေါင်း
ဆောင်ဖြစ်ရတတ်သည်။ဘုန်းတခိုးကြီးမည်။
အင်္ဂါ ဥစ် ရရှိ၍
       လူအများတိုအပေါ်အုပ်ချုပ်ရသောမင်းစိုးရာဇာ ဖြစ်တတ်သည်။စည်းစိမ်ဥစ္စာပေါများချမ်းသာ
ြ<ွကယ်ဝမည်။မည်သည့်နေရာမဆို ရဲစွမ်းသတ္တိနှင့်ပြည်စုံမည်။အတတ်ပညာရှင်ဖြစ်မည်။ထင်ပေါ်မည်။
ရဲရင့်မည်။ကြမ်းကြုပ်သောဒေါသရှိမည်။လက်နက်၊စက်ကိရိယာ ပစ္စည်းများကိုင်တွယ်ရာတွင်ကျွမ်း
ကျင်မည်။လျင်မြန်ဖြတ်လတ်မည်။ဇွဲလုံလ ဝီရီယကြီးမားမည်။ခွန်အားဗလကြီးမည်။
ဗုဒ္ဓဟူး ဥစ်ရရှိ၍
        သားသမီးပရိဝါရနှင့်ပြည့်စုံမည်။မိမိကျော်ကြားမှုနှင့်ကြီးပွားချမ်းသာမှုအတွက်အားထုတ်ကျိုး
စားလုပ်ကိုင်မည်။မင်း အစိုးရ၏ကြည်ညိုလေးစားမှုကိုခံစားရတတ်မည်။ ဋ္ဌာနဆိုင်ရာအကြီးအကဲ
အသင်းအဖွဲ့များတွင်လူကြီး၊တာဝန်ကြီးများထမ်းဆောင်ကာ အများအကျိုးသယ်ပိုးမည်။ပညာမျိုးစုံ
တတ်မြောက်မည်။ဇဝနညဏ်နှင့်ပြည့်စုံမည်။အထက်တန်းကျကျနေရမည်။ပင်ကိုညဏ်ကောင်းမည်။
စကားပြောကောင်းမည်။
ကြာသာပတေးကသစ်နဝင်းရရှိ၍
         ညဏ်ပညာထက်မြက်မည်။ အမျိုးအနွယ်တိုကောင်းကျိုးကိုသယ်ပိုးဆောင်ရွက်တတ်မည်။
အကျင့်သီလဖြူစင်၍သူတော်ကောင်းဖြစ်မည်။ရုပ်ရည်ပြေပြစ်မည်။လူတဖက်သားအားသနားကြင်နာ
မည်။        
ကျန်းမာရေး
            ဇာတာရှင်ဧ။်ရှေးအတိတ်ကံအရဖြစ်တတ်သောရောဂါများမှာ-
-မကြာခဏဦးခေါင်းကိုက်ခဲတတ်ခြင်း
-မျက်စေ့နှင့်ပတ်သက်သောရောဂါ၊ဘယ်ဘက်မျက်စေ့ထိခိုက်ဒဏ်ရာရတတ်သည်
-နှလုံးအားနည်းတတ်ခြင်း၊ရင်ဘတ်အောင့်ခြင်း-မျက်နှာ၊ပေါင်နှင့်ဒူးခေါင်းတိုတွင်မတော်တဆထိခိုက်ဒါဏ်ရာရတတ်ခြင်း
-ဆီးချုပ်ခြင်း၊ဆီးလမ်ကြောင်းနှင့်ပတ်သက်သောရောဂါ
-အမျိုးသမီးများနှင့်ပတ်သက်သောရောဂါတိုဖြစ်တတ်ပါသည်။  
အိမ်ထောင်ရေး
                   ဇာတာရှင်သည်အိမ်ထောင်ရေးကံကောင်းတတ်ပါသည်။ အိမ်ထောင်ဖက်ကြောင့်
ဂုဏ်သိက္ခာတက်တတ်သည်။အိမ်ထောင်ရေးနှင်ပတ်သက်သော(၇)တန့်သခင်ဂြိုဟ်အင်္ဂါ သည်(၃)တန့်
ဘာဝတွင်ဥစ်အဖြစ်ရပ်တည်နေခြင်းကြောင့်သွက်လက်သောအိမ်ထောင်ဘက်မျိုးရတတ်သည်။ခင်ပွန်၏
အကျိုးကျေးဇူးကိုခံစားရမည်။ အိမ်ထောင်ရေးကာရကဂြိုဟ် စရရာသီရပ်တည်ခြင်း၊ စရနဝင်းစီးခြင်း၊
(၇)တန့်သခင်ဒွေဒဟနဝင်းစီးခြင်း၊ ကာရကအင်္ဂါစရနဝင်းစီးခြင်းတို့ကြောင့်ဇာတာရှင်မှာခင်ပွန်းနှင့်ခွဲ
ခွာနေထိုင်ရတတ်သည်။
        မူလဇာတာတွင် လဂ်၊စန်းမှအင်္ဂါသည်''ကုဇဒေါသ''သင့်ထား၍အိမ်ထောင်ရေသည်တကျက်
ကျက်ရှိမည်။တဦးနှင်တဦး စိတ်သဘောထားခြင်းညှီနိုင်းတိုင်ပင်မှရမည်။ (၇)တန့်ဘာဝကို စနေမြင်၍
အိမ်ထောင်ဘက်သည်တယူသန်ဆန်မည်။ (၇)တန့်ဘာဝကို အင်္ဂါမြင်၍အိမ်ထောင်ဘက်သည်စိတ်တို
၍စိတ်ဆတ်လိမ့်မည်။
        အိမ်ထောင်ရေးထောက်အပံ့ပေးသောဂြိုဟ်သောကြာသည်၊(၂)တန့်ဘာဝတွင်ရပ်တည်နေခြင်း
ကြောင့်နှစ်သက်ဖွယ်ကောင်းသောအိမ်ထောင်ဘက်မျိုးရတတ်သည်။(၇)တန့်ဘာဝကိုပါပဂြိုဟ်(၂)လုံး
မှမြင်နေခြင်းတို့ကြောင့်ဇာတာရှင် အိမ်ထောင်ရေးတွင် အနှောက်အယှက်အတားအဆီးကြုံတွေနှိင်ပါ
သည်။အိမ်ထောင်ရေးစိတ်ဒုက္ခကိုခံစားရမည်။ဇာတာရှင်၏အိမ်ထောင်ရေးမှာအိမ်ထောင်တဆက်ထက်ပိုလိမ့်မည်။အိမ်ထောင်ဖက်နှင့်တဦးနှင့်တဦးအပွင်းလင်းဆုံးညှီနိုင်းတိုင်ပင်ပါ။ အိမ်ထောင်ဖက်နှင့်ဇာ
တာတိုက်ဆိုင်စစ်ဆေးရပါမည်။
သားသမီး
       မူလဇာတာတွင်သားသမီးအထောက်အပံ့ပေးသောဂြိုဟ်သည်ပါပဂြိုဟ်(ဆိုး)များကတ္တရီသင့်
နေခြင်း၊ပါပနဝင်းစီးနေခြင်း၊တိုကြောင့် သားသမီးနောက်ကျတတ်သည်။ သမီးမိန်းကလေးများမွေးဖွား
လိမ့်မည်။၂ဝဝ၅-ခုနှစ်ကုန်ပိုင်းတွင် သားသမီးရကိန်းရှိသည်။ သားရေးသမီးရေးတွင် အိမ်ထောင်ရေး၊
နေရေး၊ထိုင်ရေး၊ပညာရေး တို့ကိုထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ပညာရေး၊အလုပ်အကိုင်
           ဇာတာရှင်ဧ။်စီးပွားရေးလုပ်ငန်းများကိုဆွေမျိုးသားချင်းများလူမျိုးခြားများနှင့်ဆက်သွယ်
ဆောင်ရွက်ပြီးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှူရရှိနှိင်ပါသည်။ ဝန်ထမ်းလုပ်ငန်းနှင့် အကျိုပေးတတ်ပါ
သည်။
          (၂၅.၃.၂ဝဝ၄)မှ(၂၅.၃.၂ဝဝ၇) သောကြာထူးလဒသာအတွင်းစနေအန္တရဒသာစားမည်ဖြစ်၍
ပညာရေးနှင့်ပတ်သောကိစ္စများအထူးအောင်မြင်မည်။
       (၁၄.၅.၂ဝဝ၅)ရက်နေ့မှ(၂၄.၁၁.၂ဝဝ၅)ရက်နေ့အတွင်း သောကြာဂြိုဟ်ဘုတ္တိဒသာစားမည်ဖြစ်
၍ပညာရေးအထူးကောင်းသည်။ယင်းကာလအတွင်း ဏိ့း စာမေးပွဲနှင့်ကြုံပါကအထူးကောင်းမည်။
(၃.၇.၂ဝဝ၆)ရက်နေ့အထိ ပညာရေးကိစ္စများကောင်းမွန်နေသောကာလဖြစ်သည်။ပညာရေးနှင့်အလုပ်
ကိစ္စမှာ(၂ဝဝ၇)အထိဒွန်တွဲနေမည်။အလုပ်တဖက်နှင့်ပညာဆက်သင်သောကိစ္စလုပ်ကိုင်၍ရသည်။
       မူလဇာတာတွင် အလုပ်အကိုင်နှင့်ပတ်သက်သော(၁ဝ)တန့်ဘာဝကိုအမှုအခင်း၊ဘေးဒုက္ခများ
နှင့်ပတ်သက်ဂြိုဟ် အင်္ဂါမှမြင်နေခြင်း၊အစော်ကားခံရခြင်း၊အရှက်ကွဲခြင်း၊ရန်သူ၊မှောင်ခိုဂိုဏ်းတို့နှင့်
ပတ်သက်သောဂြိုဟ် စနေမှအထူးမြင်ခြင်း၊(၁ဝ)တန့်သခင် ကြာသာပတေး(လူမှုဝန်ထမ်း၊ကူညီမှု၊
ကယ်တင်ရှင်)ဂြိုဟ်သည် စနေအိမ်တွင်ရပ်တည်နေခြင်းတိုကြောင့်ြီဏ    တွင်အလုပ်ရရှိနိုင်သော
အနေအထားရှိပါသည်။မူလဇာတာတွင် ကြာသာပတေးဂြိုဟ်ဝဂ္ဂသွားနေ၍ကောဇာကြာသာပတေးဂြိုဟ်
ဝဂ္ဂသွားချိန် ၂ဝဝ၆-ခု မတ်လမှဇွန်လအတွင်းအလုပ်ခေါ်ပါကယင်းအချိန်ကြိုးစားကအဆင်ပြေမည်။
မူလကြာသာပတေးဂြိုဟ်ဝဂ္ဂသွာနေ၍အဆင်မပြေမှုများနှင့်ထပ်ကာကြုံတွေနိုင်သော်လည်း၊ထပ်ကာတလဲလဲဇွဲလုံလဝီရိယဖြင့်ကြိုးစားမှရရှိမည်။ဇာတာတွင်အလုပ်မမြဲတတ်၍အလုပ်တခုကိုဇွဲနှင့်လုပ်ကိုင်ရ
မည်ဖြစ်သည်။
အရပ်မျက်နှာအား
            ဇာတာတွင် အရှေ့မြောက်အရပ်၊အရှေ့အရပ်နှင့်တောင်အရပ်ဒေသများဒိသာဗလအင်အား
ကောင်းရရှိသောကြောင့်၊ဇာတာရှင်သည်မိမိနေထိုင်ရာအရပ်မှအထက်ပါအရပ်ဒေသများသို့သွားရောက်အလုပ်ကိုင်ခြင်းဖြင့်  စီးပွားရေးအလုပ်အကိုင်အခြေကျအောင်မြင်မည်။ မိမိအိမ်ခန်း၊နေအိမ်၊ဆိုင်ခန်း၊
အလုပ်ခန်းတို့ကို မြောက်ဖက်သို့လှည့်ကာနေထိုင်လုပ်ကိုင်ပါကစီးပွားရေးပိုပိုတိုးတက်ပြီးလဘ်လာဘ
ပိုမိုတိုးတက်စေနှိင်ပါသည်။
ဇာတာရှင်အတွက်အထူးအကြံပြုချက်
၁။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ဂဏန်းမှာ- (၄.၅.၆)
၂။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော အရောင်မှာ-(အဝါအရောင်)
၃။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော နေ့မှာ-(တနင်္ဂနွေနေ့)
၎။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ရတနာမှာကျန်းမာရေးအတွက်-(ဥဿဖယား)
၅။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ရတနာမှာစီးပွားရေးအတွက်-(ပတ္တမြား)
၆။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေရန် အိမ်မှဘုရားတွင်(သပြေ၊သီဟိုဠ်)အမြဲကပ်လှူပါ။
              ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်စေရန်နှင့်ဘေးအန္တရာယ်ကင်းဝေးပြီး၊ကျန်းမာ
ချမ်းသာစေရန်အတွက် ''လက်ပံ၊ရဲယို'' သားကို ညဏ်တော်(၅)လက္မအတိ (လာဘမုနိ)  ဘုရားထုလုပ်
၍ကိုးကွယ်ပါ။
ကြာဿပတေး
           ကြာဿပတေးနေ့မွေးသူမျာသည် ဂျူပီတာအမည်ရှိသော မိုးကြိုးလက်နက်ပိုင်ဆိုင်သော
နတ်ဘုရားနှင့် ပတ်သက်သောနေ့တွင်မွေးဖွားသောသူများဟုသတ်မှတ်သည်။ကျားမျက်လုံး၊မြ၊မဟူရာ
ပုလဲရောင်စုံ၊စိန်(ခဲရောင်) တို့ကိုဝတ်ဆင်သင့်သည်။
-ကျားမျက်လုံးရတနာဝတ်က ရွှေ(သို့)မိုးကြိုးစပ်သားနှင့်တွဲ၍ဝတ်ဆင်ရမည်။
-မဟူရာ ကိုမိုးကြိုးနှင့်သာလက်တ်ရတနာပြုရမည်။
-ကျားမျက်လုံးနှင်မဟူရာ ကိုဝတ်က လက်ညှိုးတွင်ဝတ်ရမည်။
-စိန်ကို လက်ခလယ်တွင်ဝတ်ရမည်။
-မြ ကျောက်ကိုအခြားရတနာများမပါကတလုံးကောင်းကိုလက်သူကြွယ်တွင်ဝတ်ဆင်ရမည်။
-ပုလဲသည်လက်ခလယ်တွင်ဝတ်သင့်သည်။
-ပုလဲဖြူ၊ပုလဲဝါ များသည်လဆန်းရက်ပိုင်းတွင်ဝတ်သင့်သည်။
-ပုလဲနီ၊ပုလဲနက် များသည်လဆုတ်ရက်ပိုင်းတွင်ဝတ်သင့်သည်။
အချိန်ပိုင်းဟောဆိုခြင်း
အန္တရဒသာအဟော(နှစ်ပိုင်း)
Ä ၂၅.၃.၂ဝဝ၄ မှ ၂၅.၃.၂ဝဝ၇  သောကြာထူလဒသာအတွင်း၌ စနေ အန္တရဒသာစားမည်ဖြစ်၍
-အိမ်ထောင်ရေးကိစ္စများပေါ်ပေါက်လာမည်။
-မီးဘေးအန္တရာယ် အဆိပ်အတောက်ဘေးအန္တရာယ်များနှင့်ကြုံတွေ့ရလိမ့်မည်။
-ဆွေမျိုးများသေဆုံးလိမ့်မည်။
-မိမိနေရပ်မှ အဝေးသို့ထွက်ခွာသွားရလိမ့်မည်။
-မိသားစုများနှင့်ခွဲခွာသွားရလိမ့်မည်။
-ဝေးမြေရပ်ခြားသို့ခရီးသွားရလိမ့်မည်။
-ကျန်းမာရေးညံဖျင်းလိမ့်မည်။
-အတတ်ပညာအသစ်များရှာဖွေဆည်းပူးရလိမ့်မည်။
-ပျော်ရွှင်သုခရှိလိမ့်မည်မဟုတ်။
-ရုပ်အဆင်းအိုမင်းလိမ့်မည်။
-ကိုယ်ရော စိတ်ပါအပျော်အပါးနောက်လိုက်ပါနေလိမ့်မည်။
ဘုတ္တိဒသာအဟော(လပိုင်း)
Ä ၁၄.၅.၂ဝဝ၅ မှ ၂၄.၁၁.၂ဝဝ၅ အတွင်း၌ သောကြာ ဘုတ္တိဒသာစားမည်ဖြစ်၍
-ပညာရေးတွက်ထူးခြားသောအခွင့်အလမ်းသစ်များပေါ်ပေါက်လာမည်။
-အိမ်ထောင်ရေးကိစ္စအတွက်တွေတေားပူပန်နေမည်။
-သူတပါးမလေးမစားပြုမူသည်ကိုခံရမည်။
-သားသမီးရကိန်းရှိသည်။
-စီးပွားဥစ္စာဖြစ်ထွန်းမည်။
-အကုန်အကျလည်းများမည်။
-အဖိုးတန်အဝတ်အစားများဝင်မည်။
-အမျိုးသမီးငယ်များကြောင့်ကောင်းကျိုးခံစားရမည်။
Ä ၂၄.၁၁.၂ဝဝ၅ မှ ၂၁.၁.၂ဝဝ၆ အတွင်း၌ တနင်္ဂနွေဘုတ္တိဒသာစားမည်ဖြစ်၍
-စီမံကိန်းချလုပ်ကိုင်သောလုပ်ငန်းများတွင်အတားအဆီးအခက်အခဲများနှင့်ကြုံတွေရမည်။
-မိမိလုပ်ငန်း၊စာသင်ခန်း အတွင်းအပြိုင်အဆိုင်ပေါ်မည်။
-မိမိဆရာသမား၊မိဘကဲ့သို့သောသူများထံမှအကူအညီရရှိမည်။
-မမျှော်လင့်သောဘေးအန္တရာယ်များကြုံတွေ့ရတတ်သည်။စိုးရိမ်ရန်မလိုပါ။
-ဘုရား၊တရာ အထူးအာရုံပြုပါ။
Ä ၇.၁၂.၂ဝဝ၅ မှ ၂၅.၁.၂ဝဝ၆ အတွင်း၌ တနင်္လာဘုတ္တိဒသာစားမည်ဖြစ်၍
-စိတ်လက်ပေါ့ပါးလမ်းဆန်းနေမည်။
-အကြံစည်အသစ်များကြံစည်စိတ်ကူးအကောင်အထည်ဖေါ်မည်။
-မိမိအတွက်အလုပ်အကိုင်အခွင့်အလန်းအသစ်များပေါ်ပေါက်မည်။
-ဇိမ်ခံပစ္စည်၊လျှပ်စစ်ပစ္စည်း အသစ်များဝင်မည်။
-စားကောင်းသောက်ဖွယ်များစားရမည်။
-ပျော်ရွှင်စရာ ရေကြောင်းခရီးတခုသွားရမည်။
Ä ၂၅.၁.၂ဝဝ၆ မှ ၂၈.၂.၂ဝဝ၆ အတွင်း၌ အင်္ဂါဘုတ္တိဒသာစားမည်ဖြစ်၍
-လဘ်လာများရရှိမည်။အထူးကံကောင်းနေမည်။
-ဆရာသမား များထံမှယုံကြည်မူကိုရရှိမည်။
-ဘာသာရေးနှင်ပတ်သက်သောလုပ်ငန်းများလုပ်ဆောင်ရမည်။
-စက်ပစ္စည်းးအသစ်များ ရရှိမည်။
-မိမိကိုယှဉ်ပြိုင်သူများကိုအနိုင်ရမည်။
-မိတ်ဆွေများထဲမှတဦးထိခိုက်ဒဏ်ရာရတတ်သည်။
Ä ၂၈.၂.၂ဝဝ၆ မှ ၂၃.၅.၂ဝဝ၆ အတွင်း၌ ရာဟုဘုတ္တိဒသာစားမည်ဖြစ်၍
-ဘာသာရေးအထူးအာရုံစိုက်ပါ။
-သူခိုး ခိုးခံရတတ်သည်။
-ခါးနာ၊ခြေလက်များကိုက်ခဲသောဝေဒနာများခံစားရမည်။
-ငွေကြေးများအလဟတ်သတ်ကုန်ကျနေမည်။
-ဥစ္စာပစ္စည်းများဆုံးရှုံးလိမ့်မည်။
-အတူနေသူများအတွက်ပူပင်သောကကြုံတွေ့ရမည်။
-ခိုက်ရန်ဖြစ်ပွားလိမ့်မည်။
-ငွေကြေးလက်လွန်တတ်သည်။
ကောဇာအစီးအနင်အဟော
Äကောဇာစနေဂြိုဟ်သည် ၂ဝဝ၅- ခုနှစ်၊ (မေလ) မှ ၂ဝဝ၆-ခုနှစ်၊(နိုဝင်ဘာလ) အထိ မူလလဂ်မှ (၂)တန့်မကောင်းသောနေရာဌာနတွင်ရပ် တည်စီးနင်းလာမည်ဖြစ်သည်။
-ကျန်းမာရေးညံဖျင်းလိမ့်မည်။
-ပျော်ရွှင်သုခရှိလိမ့်မည်မဟုတ်။
-ရုပ်အဆင်းအိုမင်းလိမ့်မည်။
Äအိမ်မှဘုရားတွင်၎င်း၊တန်ခိုးကြီဘုရားဧ။် စနေနံထောင့်တွင်၊စနေနေ့နံနက်၌နှင်းဆီပန်း(၁ဝ)ပွင့်
       ဖယောင်တိုင်(၁ဝ)တိုင်၊ထီးအနီ(၁ဝ)လက်နှင့်တံခွန်ကုက္ကားများလှူပါ။ငါးသက်စေ့လွတ်ပါ။
       ကြေးဆည်းလည်တလုံးတွင်မိမိနာမည်ထိုး၍စနေနံထောင့်တွင်လှူပါ။စနေနေ့တိုင်ပြုလုပ်ပါ။
Äကောဇာရာဟုဂြိုဟ်သည် ၂ဝဝ၅ ခုနှစ်၊(ဖေဖေါ်ဝါရီလ) မှ ၂ဝဝ၆ နှစ်၊(နိုဝင်ဘာလ)အထိ မူလစန်းမှ
 (၁)တန့်၊ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-အဆိပ်အတောက်ဘေးအန္တရာယ်များနှင့်ကြုံတွေ့ရလိမ့်မည်။
-နေရာထိုင်ခင်းပြောင်းရွှေ့ရလိမ့်မည်။
-ပစ္စည်းဥစ္စာငွေကြေးဆုံးရှံးတတ်သည်။
-မတော်တဆအမှာကျူးလွန်လိမ့်မည်။
-အကြံအစည်များကြံစည်ရာတွင်လွဲချော်လိမ့်မည်။
-ပစ္စည်များပျောက်ဆုံးတတ်သည်။
Äကောဇာကြာသာပတေးဂြိုဟ်သည်၂ဝဝ၄-ခုနှစ်၊(စက်တင်ဘာလ) မှ ၂ဝဝ၅-ခုနှစ်၊(စက်တင်ဘာလ)  အတွင်းမူလစန်းမှ(၄)တန့်ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-ဆွေမျိုးသားချင်းမျာနှင့်ပတ်သက်၍ဝမ်းနည်းကြေကွဲရလိမ့်မည်။
-အိမ်တွင်းရေးအဆင်ပြေ၍ ချမ်းသာသုခရရှိလိမ့်မည်။
-ရှုပ်ချပြစ်တင်ကဲ့ရဲ့ပြောဆိုခြင်းခံရလိမ့်မည်။
Äကောဇာကြာသပတေးဂြိုဟ်သည် ၂ဝဝ၅ ခုနှစ်၊(စက်တင်ဘာလ) မှ ၂ဝဝ၆နှစ်၊(အောက်တိုဘာလ)
 အထိ မူလစန်းမှ(၅)တန့်၊ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-လိုအင်ဆန္ဒများပြည့်ဝလိမ့်မည်။
-အဆင်မြင့်သောအခြေအနေသို့တိုးတက်ရောက်ရှိမည်။
-ကျန်းမာရေးကောင်မွန်၍ အနာရောဂါများ ကုသပျေက်ကင်းလိမ့်မည်။
-တိုးတက်ကြီးပွား၍ စည်းစိမ်ချမ်းသာများကိုခံစားရလိမ့်မည်။
-သားချင်းများစောင်မမှုကိုခံစားရရှိလိမ့်မည်။
-လုပ်ကိုင်သမျှလုပ်ငန်းအားလုံးအဆင်ပြေချောမွေ့နေမည်။
''ဘေးရန်ကြောင်ြ့ကဆင်းရဲခြင်းကင်း၍
    စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး
                                                                        လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''                                            
                                                          **ဇာတာရှင်မေးမြန်းထားသော မိတ်ဆွေတဦးငါးလုပ်ငန်းလုပ်လိုသောကိစ္စမှာမိတ်ဆွေ၏ဇာတတွင်မည်သည့်အလုပ်နှင့်ကြီးပွားအောင်မြင်နိုင်ကြောင်းသိရှိရန် မိတ်ဆွေ၏မွေးသက္ကရာဇ်၊မွေးချိန်၊မွေးရပ်
ဒေသကိုသိရှိမှသာတိကျစွာဖြေဆိုနိုင်မည်ဖြစ်ပါသည်။
တာ အရဟတော သမ္မာသဗ္ဒုဒ္ဓဿ''
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
                   မြန်မာသက္ကရာဇ် ၁၃၃၆ ခုနှစ်၊ ဝါခေါင်လဆုတ် (၄) ရက်၊ ခရစ်နှစ် ၁၉၇၄ ခုနှစ်
စက်တင်ဘာလ (၅) ရက်နေ၊့မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၁၃ မိနစ် ဝ စက္ကန့်၊အရှေ့လောင်ဂျီတွဒ်
၉၆ ဒီကရီ ၁၂ မိနစ်၊ မြောက်လတ္တီဒ် ၁၆ ဒီကရီ ၄၇မိနစ်၊ ကြာသာပတေးနေ့၊ ရန်ကုန်မြို့၌ မာတာ
မိခင်ဖွားမြင်သန့်စင်သော ဇာတာရှင်   ဒေါ်:):):):):):)၏  တြိစက္ကဇာဟောစတမ်း -
ဇာတာတွင်းသိမှတ်ဖွယ်ရာများ
၁။မေထုန်လဂ် နှင့်ဖွားမြင်သည်။
၂။မိန် ရာသီနှင့်စန်းယှဉ်သည်။
၃။လဂ်စီးနက္ခတ် ပုန္နဖုသျှုနက္ခတ်ဖြစ်သည်။
၎။စန်းစီးနက္ခတ် ရေဝတီနက္ခတ်ဖြစ်သည်။
၅။တနင်္ဂနွေဂြိုဟ်တြိဂုဏ်း၊အင်္ဂါဥစ်နဝင်း၊ဗုဒ္ဓဟူး ဥစ်၊ကြာသာပတေးဂြိုဟ် ဝဂ္ဂ နှင့်ကသစ်နဝင်း
စနေဂြိုဟ်နိစ်နဝင်း၊ စီးထားပါသည်။
လဂ်အဟော
         မဲနက်သော မျက်လုံးပိုင်ရှင်ဖြစ်တတ်၏။ မိန်းမများနှင့် ပျော်ပါးနေထိုင်လိုသော အလေ့ ဝါသနာရှိတတ်၏။ ကောင်းသောဆံပင်ရှိ၏။ သူတစ်ပါး၏စိတ်ကို အလိုလိုသိတတ်၏။ အက၊ အခုန်၊ အတီး၊ အမှုတ်သီချင်းတို့၌ ဝါသနာထုံ၏။စိတ်နှစ်ခွရှိဖြစ်၏။ဖျပ်ဖျပ်လပ်လပ်နှင့် လျင်မြန်ပါးနပ်သော
 သဘောရှိ၏။ အလုပ်လုပ်ရာ၌ တက်တက်ြ<ွကြ<ွကနှင့် မြင့်မားသော စူးစမ်း ရှိ၏။ တွေးတောစဉ်းစား
ရာ၌ ပင်ကိုယ်Óဏ်၊ ဇဝနÓဏ်နှင့် ပြည့်စုံတတ်၏။ သိနားလည်လွယ် ပြီး အကြောင်းအရာတို့ကို လျင်မြန်စွာ ကြံဆတွေးတောနိုင်၏။ အစီအစဉ်ကျနစွာနှင့် ပြေပြေ ပြစ်ပြစ် စကားပြောတတ်၏။ စီကာ
ပတ်ကုံး ရေးသားဖွဲနွဲ့ ပြောဆိုရာ၌ ကျွမ်းကျင်၏။ ဒေါသ ဖြစ်လွယ်၏။ တီထွင်တတ်၏။ ဝိဇ္ဇာသိပ္ပအ
တတ်နှစ်ခုလုံးကို စူးစမ်းလေ့လာတတ်၏။ ကူညီ ထောက်ပံ့မည့် ဆွေမျိုးအသိုင်းအဝိုင်းနှင့်ပြည့်စုံတတ်
၏။ ဦးနှောက်အနားပေးလေ့မရှိချေ။ အမြဲတစေ အကြောင်းအရာတစ်ခုခုကို ဆင်ခြင်တွေးတော ကြံဆ
နေတတ်သောဇာတာရှင်ဖြစ်သည်။
မေထုန်စန်း
          အသွားအလာအနေအထိုင်နူးညံ့သိမ်မွေ့စွာဖြင် အိနြေ္ဒသိက္ခာရှိမည်။မိမိစကားကိုသူတပါး
နားဝင်အောင်ပြောတတ်သည်။ခရီးအသွားအလာများတတ်သည်။လက်မူပညာ ကျမ်းကျင်စွာတတ်
မြောက်မည်။ထိုပညာဖြင့်စီးပွားတိုးတက်အောင်မြင်ကျော်ကြားမည်။စာပေအနုပညာဝါသနာပါမည်။
မိမိစိတ်နေစိတ်ထားသည်မိခင်နှင်တူလိမ့်မည်။စကားပြောဆိုရာတွင်၎င်း၊ဂါထာမန္တရားရွတ်ဆိုရာတွင်
၎င်အသံကောင်းမည်။သူတပါးအကျိုးကိုဆောင်ရွက်တတ်မည်။အလုပ်တခုကိုစိတ်ရောကိုယ်ပါလုပ်
ကိုင်ဆောင်ရွက်တတ်သည်။
လဂ်စီးနက္ခတ်အဟော
           ပုန္နဖုသျှ နက္ခတ်နှင့်စန်းယှဉ်၍မွေးဖွားလာသောကြောင့် ကိုယ်ကျင့်တရားကောင်းမွန်မည်။
မိတ်ဆွေပေါများမည်။ပညာဗဟုသုတလိုက်စားတတ်သည်။မိမိကိုယ်ထိန်းချုပ်နှိင်စွမ်းရှိသည်။စည်းစိမ်
ဥစ္စာနှင့်ပြည်စုံစွာနေရတတ်သည်။အလှူအတန်း ရက်ရောလိမ့်မည်။ အမှန်တရားကိုလေးစားလိုက်နာ
တတ်မည်။
စန်းယှဉ်(စန်းစီး)နက္ခတ်အဟော
           ရေဝတီ နက္ခတ်နှင့်စန်းယှဉ်၍မွေးဖွားလာသူသည် ကိုယ်ဆန္ဒအချိုးအစားပြေပြစ်တင့်တယ်
မည်။တည်ကြည်၍ရဲရင့်ပြတ်သားသောစိတ်းထားရှိသည်။အများလေးစားယုံကြာ်ခြင်းခံရမည်။စုဆောင်း
တတ်သောအလေ့အကျင့်ရှိမည်။ထက်မြက်စူးရှသောအသိညဏ်ရှိသည်။အဓိပ္ပယ်နက်နဲသော စကားကို
သာပြောဆိုတတ်သည်။အကျင့်သီလကောင်းမွန်မည်။
သရဝဏ်လတွင်ဖွားမြင်သောအကျိုးရလဒ်
       သရဝဏ်လတွင်ဖွားဖြင်သောဇာတာရှင်သည် မိသားစုနှင့်မိတ်ဆွေများထံမှပျော်ရွှင်သုခရရှိလိမ့်
မည်။ဆွေမျိုးများထံမှချစ်ခင်မြတ်နိုးမှူုကိုကောင်းစွာရရှိမည်။ဖခင်ကိုရိုသေလေးစားနာခံလိမ့်မည်။ထင်
ပေါ်လိမ့်မည်။ရည်မွန်လိမ့်မည်။စေတနာသဒ္ဒါတရားထက်သန်မည်။ အကြီးအကဲနှင့် ဘုန်းကံရှိသူများ
ထံမှအကူအညီရရှိမည်။ကြင်နာသနားတတ်မည်။ယုံလွယ်မှုကြောင့်ဒုက္ခတွေ့တတ်သည်။အိုဇာတာကံ
ကောင်းသူများဖြစ်သည်။
ဝါသရတု တွင်ဖွားမြင်သောအကျိုးရလာဒ်
    ဝါသရတုတွင်ဖွားမြင်သောဇာတာရှင်သည် မိမိအားယှဉ်ပြိုင်မှုများကိုအနိုင်ရရှိမည်။ညဏ်ရည်
ညဏ်သွေးထက်မြက်မည်။ရုပ်ရည်ပြေပြစ်သောအသွင်ရှိမည်။ သလိပ်ထူမည်။လေဓါတ်လွှမ်းမိုးမည်။
အမျိုးသမီးများကနှစ်သက်အရေးပေးခြင်းခံရမည်။လောကီစည်းစိမ်ပြည့်ဝစွာခံစားရရှိမည်။
ထူးခြားသောဂြိုဟ်ရပ်တည်မူ
               မူလဇာတာတွင်လဂ်သခင်ဂြိုဟ် ဗုဒ္ဓဟူး (၃)တန့်ဘာဝတွင်ရပ်တည်ထားသောကြောင့်
ဇာတာရှင်သည်မိတ်ဆွေကောင်းရှိလိမ့်မည်။ဂုဏ်ကျက်သရေနှင့်ပြည်စုံလိမ့်မည်။မောင်နှမသားချင်းများ
ကိုချစ်မြတ်နိုးမည်။မိမိမှာသားချင်းမျာကြားတွင်ပိတ်ဆို့နေသလိုကြာညှပ်နေသလိုခံစားရမည်။ ဇာတာ
ရှင်သည်နိုးနိုးကြားကြားနှင်စပ်စပ်စုစုရှိမည်။စိတ်ကူးစိတ်သန်းကောင်းတတ်သည်။ကြောက်လန့်တတ်
မည်။အများနှင့်မတူတမူထူးခြားလိမ့်မည်။ ဆွေမျိုးများနှင့်အိမ်နီးချင်းများအတွက်စိုးရိမ်သောကမကင်း
ဖြစ်တတ်သည်။                
          (၂)တန့်သခင်တနင်္လာ(၁ဝ)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်မိမိကိုယ်တိုင်ကြိုးစား
ရှာဖွေလုပ်ကိုင်ခြင်းမှဝင်ငွေများရရှိမည်။တရားနှင့်လျှော်ညီသောအလုပ်ကိုလုပ်ကိုင်မည်။မိဘအမွေအ
နှစ်ရရှိမည်။လုံလဝီရိယရှိမည်။လောကွတ်ပျူငှာစွာဆက်ဆံတတ်မည်။ စွန့်စားလိုသောဆန္ဒရှိသည်။
       (၃)တန့်သခင်တနင်္ဂနွေ(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် မောင်နှမသားချင်းများနှင့်
ချစ်ချစ်ခင်ခင်နေထိုင်တတ်သည်။မိမိထက်အငယ်များအတွက်ပူပင်သောကများရတတ်သည်။မိမိအား
ယှဉ်လာသောရန်၊အတိုက်အခံကိုအနိုင်ရမည်။လှူဒါန်းရာတွင်စေတနာသန့်သန့်ဖြင့်လှူဒါန်းတတ်၏။
         (၄)တန့်ဘာဝသခင်ဗုဒ္ဓဟူး(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ကိုယ့်အားကိုယ်ကိုး
လုပ်ကိုင်ရမည်။မိဘများနှင်မသင့်မမြတ်ဖြစ်တတ်သည်။အမျိုးအနွယ်ထင်ရှား ထူးခြားမည်။ ဖခင်၏
ဆွေမျိုးသားချင်းများကိုစောင့်ရှောက်လိုသောဆန္ဒရှိမည်။တနင်္လာဂြိုဟ်မြင်၍မိခင်၏မေတ္တာကိုခံစားရ
ရှိမည်။မိခင်၏သွန်သင်ဆုံးမမှုကိုအပြည့်အဝခံစားရမည်။သစ်လွင်လှပသောအိုးအိမ်ပိုင်ဆိုင်နေထိုင်ရ
မည်။
       (၅)တန့်သခင်(၂)တန့်ဘာဝတွင်ရပ်နေသောကြောင့် ပညာသင်ကြားရေးတွင်အဆင်ပြေချောမွေ့
မည်။ဂါထာမန္တရားရွတ်ဆိုရာတွင် အကျိုးပေးတတ်ဇာတာရှင်ဖြစ်၍ အဓိတ်ဌါန်ပြုရွတ်ဆိုပါကထူးခြား
ထက်မြက်စွာအကျိုးပေးလိမ့်မည်။ပညာကြောင့်အကျိုးပေမည် သို့ရန်အိမ်တွင်ရပ်တည်ရန်နဝင်းစီးနေ
သောကြောင့်ပညာသင်ကြားရေးတွင်လွယ်လွယ်ကူကူအဆင်မပြေနိုင်ပါ။ အခက်အခဲ များနှင့်ရင်ဆိုင်
ကျော်လွှားရလိမ့်မည်။
       (၆)တန့်သခင်(၃)တန့်ဘာဝတွင်ရပ်နေသောကြောင့်အမျက်ဒေါသအနည်းငယ်ရှိမည်။မျက်နှာ
တည်မည်။ သူတပါးအလွယ်တကူမနှစ်သက်တတ်။ စိတ်မြန်မည်။ ဆွေမျိုးသားချင်းများကြားတွင်
အတိုက်အခံလုပ်တတ်မည်။
        (၈)တန်နှင့်(၉)တန့်သခင်(၁)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်ငယ်စဉ်ကအလွန်မာန
ကြီးမည်။ ကြီးပြင်းလာသောအခါ ကီလေသာစိတ်နဲပါး၍ဘာသာရေးလိုက်စားလိမ့်မည်။ ကျေးကျွန်
တပည့်တပန်းများအကျိုးပေးမည်။ စီးပွားရေးတွင်အောင်မြင်မှုနည်းပါးမည်။ အသက်ငယ်ရွယ်သော်
လည်းလူကြီးသူမကဲ့သို့ပြုမူပြောဆိုနေထိုင်တတ်မည်။ဂုဏ်သိက္ခာရှိမည်။
           (၁၁)တန့်သခင် အင်္ဂါ(၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်ဖခင်ကိုရိုသေစွာဆက်ဆံ
မည်။ စကားပြောဆိုရာတွင်ပရိယာယ်များမည်။ အင်္ဂါဂြိုဟ်သည်(၄)တန့်မှ(၃)တန့်ကကျကာမိခင်၏
ညီမများကိုကိုယ်စားပြု၍ ဥစ်အင်အား ရရှိသောကြောင့်အဒေါ်များ၏ကူညီစောင့်မမှုကိုခံစားရရှိမည်။
        (၁၂)တန့်သခင်(၂)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် စီးပွားရေးကံညံ့မည်။မွေးရပ်မြေမှ
ဝေးကွာရာအရပ်တွင်နေထိုင်ရတတ်သည်။ရုပ်ဆင်းအင်္ဂါလှပတင့်တယ်မည်။လက်ထဲတွင်ငွေမမြဲတတ်။
ရန်သူမျိုး(၅)ပါးကြောင့်ငွေကုန်ကြေးကျများမည်။(၂)တန့်ဓနဘာဝကိုသောမဂြိုဟ်ကြာသာပတေးမှမြင်
သောကြောင့်ငွေရေးကြေးရေးပူပင်ကြောင့်ကြစရာမလိုပဲ၊ငွေကြေးလိုအပ်လျှင်ကူညီစောင့်မည့်သူပေါ်
ပေါက်လာလိမ့်မည်။  
တနင်္ဂနွေဂြိုဟ်တြိဂုဏ်းရရှိ၍
      ပညာရပ်အမျိုးမျိုးကို တတ်သိနားလည်သောနိုင်သောညဏ်ရှိသည်။သူတော်ကောင်းအကျင့်      
ရှိမည်။အကြီးအကဲဆန်သောစိတ်ဓါတ်ရှိမည်။ ဘာသာတရားကိုကြည်ညိုကိုင်းရှိုင်မည်။ ကျန်းမာသန်
စွမ်းမည်။လူအများ၏အကျိုးကိုဆောင်ရွက်တတ်မည်။လက်အောက်ငယ်သားများကို ပေးကပ်စွန့်ကြဲ
စောင်ရှောက်တတ်သည်။မင်းနှင့်တူသော စည်စိမ်ကိုခံစားရမည်။အဖွဲ့အစည်းများ၏အကြီးအကဲခေါင်း
ဆောင်ဖြစ်ရတတ်သည်။ဘုန်းတခိုးကြီးမည်။
အင်္ဂါ ဥစ် ရရှိ၍
       လူအများတိုအပေါ်အုပ်ချုပ်ရသောမင်းစိုးရာဇာ ဖြစ်တတ်သည်။စည်းစိမ်ဥစ္စာပေါများချမ်းသာ
ြ<ွကယ်ဝမည်။မည်သည့်နေရာမဆို ရဲစွမ်းသတ္တိနှင့်ပြည်စုံမည်။အတတ်ပညာရှင်ဖြစ်မည်။ထင်ပေါ်မည်။
ရဲရင့်မည်။ကြမ်းကြုပ်သောဒေါသရှိမည်။လက်နက်၊စက်ကိရိယာ ပစ္စည်းများကိုင်တွယ်ရာတွင်ကျွမ်း
ကျင်မည်။လျင်မြန်ဖြတ်လတ်မည်။ဇွဲလုံလ ဝီရီယကြီးမားမည်။ခွန်အားဗလကြီးမည်။
ဗုဒ္ဓဟူး ဥစ်ရရှိ၍
        သားသမီးပရိဝါရနှင့်ပြည့်စုံမည်။မိမိကျော်ကြားမှုနှင့်ကြီးပွားချမ်းသာမှုအတွက်အားထုတ်ကျိုး
စားလုပ်ကိုင်မည်။မင်း အစိုးရ၏ကြည်ညိုလေးစားမှုကိုခံစားရတတ်မည်။ ဋ္ဌာနဆိုင်ရာအကြီးအကဲ
အသင်းအဖွဲ့များတွင်လူကြီး၊တာဝန်ကြီးများထမ်းဆောင်ကာ အများအကျိုးသယ်ပိုးမည်။ပညာမျိုးစုံ
တတ်မြောက်မည်။ဇဝနညဏ်နှင့်ပြည့်စုံမည်။အထက်တန်းကျကျနေရမည်။ပင်ကိုညဏ်ကောင်းမည်။
စကားပြောကောင်းမည်။
ကြာသာပတေးကသစ်နဝင်းရရှိ၍
         ညဏ်ပညာထက်မြက်မည်။ အမျိုးအနွယ်တိုကောင်းကျိုးကိုသယ်ပိုးဆောင်ရွက်တတ်မည်။
အကျင့်သီလဖြူစင်၍သူတော်ကောင်းဖြစ်မည်။ရုပ်ရည်ပြေပြစ်မည်။လူတဖက်သားအားသနားကြင်နာ
မည်။        
ကျန်းမာရေး
            ဇာတာရှင်ဧ။်ရှေးအတိတ်ကံအရဖြစ်တတ်သောရောဂါများမှာ-
-မကြာခဏဦးခေါင်းကိုက်ခဲတတ်ခြင်း
-မျက်စေ့နှင့်ပတ်သက်သောရောဂါ၊ဘယ်ဘက်မျက်စေ့ထိခိုက်ဒဏ်ရာရတတ်သည်
-နှလုံးအားနည်းတတ်ခြင်း၊ရင်ဘတ်အောင့်ခြင်း
-မျက်နှာ၊ပေါင်နှင့်ဒူးခေါင်းတိုတွင်မတော်တဆထိခိုက်ဒါဏ်ရာရတတ်ခြင်း
-ဆီးချုပ်ခြင်း၊ဆီးလမ်ကြောင်းနှင့်ပတ်သက်သောရောဂါ
-အမျိုးသမီးများနှင့်ပတ်သက်သောရောဂါတိုဖြစ်တတ်ပါသည်။  
အိမ်ထောင်ရေး
                   ဇာတာရှင်သည်အိမ်ထောင်ရေးကံကောင်းတတ်ပါသည်။ အိမ်ထောင်ဖက်ကြောင့်
ဂုဏ်သိက္ခာတက်တတ်သည်။အိမ်ထောင်ရေးနှင်ပတ်သက်သော(၇)တန့်သခင်ဂြိုဟ်အင်္ဂါ သည်(၃)တန့်
ဘာဝတွင်ဥစ်အဖြစ်ရပ်တည်နေခြင်းကြောင့်သွက်လက်သောအိမ်ထောင်ဘက်မျိုးရတတ်သည်။ခင်ပွန်၏
အကျိုးကျေးဇူးကိုခံစားရမည်။ အိမ်ထောင်ရေးကာရကဂြိုဟ် စရရာသီရပ်တည်ခြင်း၊ စရနဝင်းစီးခြင်း၊
(၇)တန့်သခင်ဒွေဒဟနဝင်းစီးခြင်း၊ ကာရကအင်္ဂါစရနဝင်းစီးခြင်းတို့ကြောင့်ဇာတာရှင်မှာခင်ပွန်းနှင့်ခွဲ
ခွာနေထိုင်ရတတ်သည်။
        မူလဇာတာတွင် လဂ်၊စန်းမှအင်္ဂါသည်''ကုဇဒေါသ''သင့်ထား၍အိမ်ထောင်ရေသည်တကျက်
ကျက်ရှိမည်။တဦးနှင်တဦး စိတ်သဘောထားခြင်းညှီနိုင်းတိုင်ပင်မှရမည်။ (၇)တန့်ဘာဝကို စနေမြင်၍
အိမ်ထောင်ဘက်သည်တယူသန်ဆန်မည်။ (၇)တန့်ဘာဝကို အင်္ဂါမြင်၍အိမ်ထောင်ဘက်သည်စိတ်တို
၍စိတ်ဆတ်လိမ့်မည်။
        အိမ်ထောင်ရေးထောက်အပံ့ပေးသောဂြိုဟ်သောကြာသည်၊(၂)တန့်ဘာဝတွင်ရပ်တည်နေခြင်း
ကြောင့်နှစ်သက်ဖွယ်ကောင်းသောအိမ်ထောင်ဘက်မျိုးရတတ်သည်။(၇)တန့်ဘာဝကိုပါပဂြိုဟ်(၂)လုံး
မှမြင်နေခြင်းတို့ကြောင့်ဇာတာရှင် အိမ်ထောင်ရေးတွင် အနှောက်အယှက်အတားအဆီးကြုံတွေနှိင်ပါ
သည်။အိမ်ထောင်ရေးစိတ်ဒုက္ခကိုခံစားရမည်။ဇာတာရှင်၏အိမ်ထောင်ရေးမှာအိမ်ထောင်တဆက်ထက်ပိုလိမ့်မည်။အိမ်ထောင်ဖက်နှင့်တဦးနှင့်တဦးအပွင်းလင်းဆုံးညှီနိုင်းတိုင်ပင်ပါ။ အိမ်ထောင်ဖက်နှင့်ဇာ
တာတိုက်ဆိုင်စစ်ဆေးရပါမည်။
သားသမီး
       မူလဇာတာတွင်သားသမီးအထောက်အပံ့ပေးသောဂြိုဟ်သည်ပါပဂြိုဟ်(ဆိုး)များကတ္တရီသင့်
နေခြင်း၊ပါပနဝင်းစီးနေခြင်း၊တိုကြောင့် သားသမီးနောက်ကျတတ်သည်။ သမီးမိန်းကလေးများမွေးဖွား
လိမ့်မည်။၂ဝဝ၅-ခုနှစ်ကုန်ပိုင်းတွင် သားသမီးရကိန်းရှိသည်။ သားရေးသမီးရေးတွင် အိမ်ထောင်ရေး၊
နေရေး၊ထိုင်ရေး၊ပညာရေး တို့ကိုထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ပညာရေး၊အလုပ်အကိုင်
           ဇာတာရှင်ဧ။်စီးပွားရေးလုပ်ငန်းများကိုဆွေမျိုးသားချင်းများလူမျိုးခြားများနှင့်ဆက်သွယ်
ဆောင်ရွက်ပြီးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှူရရှိနှိင်ပါသည်။ ဝန်ထမ်းလုပ်ငန်းနှင့် အကျိုပေးတတ်ပါ
သည်။
          (၂၅.၃.၂ဝဝ၄)မှ(၂၅.၃.၂ဝဝ၇) သောကြာထူးလဒသာအတွင်းစနေအန္တရဒသာစားမည်ဖြစ်၍
ပညာရေးနှင့်ပတ်သောကိစ္စများအထူးအောင်မြင်မည်။
       (၁၄.၅.၂ဝဝ၅)ရက်နေ့မှ(၂၄.၁၁.၂ဝဝ၅)ရက်နေ့အတွင်း သောကြာဂြိုဟ်ဘုတ္တိဒသာစားမည်ဖြစ်
၍ပညာရေးအထူးကောင်းသည်။ယင်းကာလအတွင်း ဏိ့း စာမေးပွဲနှင့်ကြုံပါကအထူးကောင်းမည်။
(၃.၇.၂ဝဝ၆)ရက်နေ့အထိ ပညာရေးကိစ္စများကောင်းမွန်နေသောကာလဖြစ်သည်။ပညာရေးနှင့်အလုပ်
ကိစ္စမှာ(၂ဝဝ၇)အထိဒွန်တွဲနေမည်။အလုပ်တဖက်နှင့်ပညာဆက်သင်သောကိစ္စလုပ်ကိုင်၍ရသည်။
       မူလဇာတာတွင် အလုပ်အကိုင်နှင့်ပတ်သက်သော(၁ဝ)တန့်ဘာဝကိုအမှုအခင်း၊ဘေးဒုက္ခများ
နှင့်ပတ်သက်ဂြိုဟ် အင်္ဂါမှမြင်နေခြင်း၊အစော်ကားခံရခြင်း၊အရှက်ကွဲခြင်း၊ရန်သူ၊မှောင်ခိုဂိုဏ်းတို့နှင့်
ပတ်သက်သောဂြိုဟ် စနေမှအထူးမြင်ခြင်း၊(၁ဝ)တန့်သခင် ကြာသာပတေး(လူမှုဝန်ထမ်း၊ကူညီမှု၊
ကယ်တင်ရှင်)ဂြိုဟ်သည် စနေအိမ်တွင်ရပ်တည်နေခြင်းတိုကြောင့်ြီဏ    တွင်အလုပ်ရရှိနိုင်သော
အနေအထားရှိပါသည်။မူလဇာတာတွင် ကြာသာပတေးဂြိုဟ်ဝဂ္ဂသွားနေ၍ကောဇာကြာသာပတေးဂြိုဟ်
ဝဂ္ဂသွားချိန် ၂ဝဝ၆-ခု မတ်လမှဇွန်လအတွင်းအလုပ်ခေါ်ပါကယင်းအချိန်ကြိုးစားကအဆင်ပြေမည်။
မူလကြာသာပတေးဂြိုဟ်ဝဂ္ဂသွာနေ၍အဆင်မပြေမှုများနှင့်ထပ်ကာကြုံတွေနိုင်သော်လည်း၊ထပ်ကာတလဲလဲဇွဲလုံလဝီရိယဖြင့်ကြိုးစားမှရရှိမည်။ဇာတာတွင်အလုပ်မမြဲတတ်၍အလုပ်တခုကိုဇွဲနှင့်လုပ်ကိုင်ရ
မည်ဖြစ်သည်။
အရပ်မျက်နှာအား
            ဇာတာတွင် အရှေ့မြောက်အရပ်၊အရှေ့အရပ်နှင့်တောင်အရပ်ဒေသများဒိသာဗလအင်အား
ကောင်းရရှိသောကြောင့်၊ဇာတာရှင်သည်မိမိနေထိုင်ရာအရပ်မှအထက်ပါအရပ်ဒေသများသို့သွားရောက်အလုပ်ကိုင်ခြင်းဖြင့်  စီးပွားရေးအလုပ်အကိုင်အခြေကျအောင်မြင်မည်။ မိမိအိမ်ခန်း၊နေအိမ်၊ဆိုင်ခန်း၊
အလုပ်ခန်းတို့ကို မြောက်ဖက်သို့လှည့်ကာနေထိုင်လုပ်ကိုင်ပါကစီးပွားရေးပိုပိုတိုးတက်ပြီးလဘ်လာဘ
ပိုမိုတိုးတက်စေနှိင်ပါသည်။
ဇာတာရှင်အတွက်အထူးအကြံပြုချက်
၁။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ဂဏန်းမှာ- (၄.၅.၆)
၂။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော အရောင်မှာ-(အဝါအရောင်)
၃။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော နေ့မှာ-(တနင်္ဂနွေနေ့)
၎။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ရတနာမှာကျန်းမာရေးအတွက်-(ဥဿဖယား)
၅။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေသော ရတနာမှာစီးပွားရေးအတွက်-(ပတ္တမြား)
၆။ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်းစေရန် အိမ်မှဘုရားတွင်(သပြေ၊သီဟိုဠ်)အမြဲကပ်လှူပါ။
              ဇာတာရှင်ဘဝတသက်တာတွင် ကံကောင်စေရန်နှင့်ဘေးအန္တရာယ်ကင်းဝေးပြီး၊ကျန်းမာ
ချမ်းသာစေရန်အတွက် ''လက်ပံ၊ရဲယို'' သားကို ညဏ်တော်(၅)လက္မအတိ (လာဘမုနိ)  ဘုရားထုလုပ်
၍ကိုးကွယ်ပါ။
ကြာဿပတေး
           ကြာဿပတေးနေ့မွေးသူမျာသည် ဂျူပီတာအမည်ရှိသော မိုးကြိုးလက်နက်ပိုင်ဆိုင်သော
နတ်ဘုရားနှင့် ပတ်သက်သောနေ့တွင်မွေးဖွားသောသူများဟုသတ်မှတ်သည်။ကျားမျက်လုံး၊မြ၊မဟူရာ
ပုလဲရောင်စုံ၊စိန်(ခဲရောင်) တို့ကိုဝတ်ဆင်သင့်သည်။
-ကျားမျက်လုံးရတနာဝတ်က ရွှေ(သို့)မိုးကြိုးစပ်သားနှင့်တွဲ၍ဝတ်ဆင်ရမည်။
-မဟူရာ ကိုမိုးကြိုးနှင့်သာလက်တ်ရတနာပြုရမည်။
-ကျားမျက်လုံးနှင်မဟူရာ ကိုဝတ်က လက်ညှိုးတွင်ဝတ်ရမည်။
-စိန်ကို လက်ခလယ်တွင်ဝတ်ရမည်။
-မြ ကျောက်ကိုအခြားရတနာများမပါကတလုံးကောင်းကိုလက်သူကြွယ်တွင်ဝတ်ဆင်ရမည်။
-ပုလဲသည်လက်ခလယ်တွင်ဝတ်သင့်သည်။
-ပုလဲဖြူ၊ပုလဲဝါ များသည်လဆန်းရက်ပိုင်းတွင်ဝတ်သင့်သည်။
-ပုလဲနီ၊ပုလဲနက် များသည်လဆုတ်ရက်ပိုင်းတွင်ဝတ်သင့်သည်။
အချိန်ပိုင်းဟောဆိုခြင်း
အန္တရဒသာအဟော(နှစ်ပိုင်း)
Ä ၂၅.၃.၂ဝဝ၄ မှ ၂၅.၃.၂ဝဝ၇  သောကြာထူလဒသာအတွင်း၌ စနေ အန္တရဒသာစားမည်ဖြစ်၍
-အိမ်ထောင်ရေးကိစ္စများပေါ်ပေါက်လာမည်။
-မီးဘေးအန္တရာယ် အဆိပ်အတောက်ဘေးအန္တရာယ်များနှင့်ကြုံတွေ့ရလိမ့်မည်။
-ဆွေမျိုးများသေဆုံးလိမ့်မည်။
-မိမိနေရပ်မှ အဝေးသို့ထွက်ခွာသွားရလိမ့်မည်။
-မိသားစုများနှင့်ခွဲခွာသွားရလိမ့်မည်။
-ဝေးမြေရပ်ခြားသို့ခရီးသွားရလိမ့်မည်။
-ကျန်းမာရေးညံဖျင်းလိမ့်မည်။
-အတတ်ပညာအသစ်များရှာဖွေဆည်းပူးရလိမ့်မည်။
-ပျော်ရွှင်သုခရှိလိမ့်မည်မဟုတ်။
-ရုပ်အဆင်းအိုမင်းလိမ့်မည်။
-ကိုယ်ရော စိတ်ပါအပျော်အပါးနောက်လိုက်ပါနေလိမ့်မည်။
ဘုတ္တိဒသာအဟော(လပိုင်း)
Ä ၁၄.၅.၂ဝဝ၅ မှ ၂၄.၁၁.၂ဝဝ၅ အတွင်း၌ သောကြာ ဘုတ္တိဒသာစားမည်ဖြစ်၍
-ပညာရေးတွက်ထူးခြားသောအခွင့်အလမ်းသစ်များပေါ်ပေါက်လာမည်။
-အိမ်ထောင်ရေးကိစ္စအတွက်တွေတေားပူပန်နေမည်။
-သူတပါးမလေးမစားပြုမူသည်ကိုခံရမည်။
-သားသမီးရကိန်းရှိသည်။
-စီးပွားဥစ္စာဖြစ်ထွန်းမည်။
-အကုန်အကျလည်းများမည်။
-အဖိုးတန်အဝတ်အစားများဝင်မည်။
-အမျိုးသမီးငယ်များကြောင့်ကောင်းကျိုးခံစားရမည်။
Ä ၂၄.၁၁.၂ဝဝ၅ မှ ၂၁.၁.၂ဝဝ၆ အတွင်း၌ တနင်္ဂနွေဘုတ္တိဒသာစားမည်ဖြစ်၍
-စီမံကိန်းချလုပ်ကိုင်သောလုပ်ငန်းများတွင်အတားအဆီးအခက်အခဲများနှင့်ကြုံတွေရမည်။
-မိမိလုပ်ငန်း၊စာသင်ခန်း အတွင်းအပြိုင်အဆိုင်ပေါ်မည်။
-မိမိဆရာသမား၊မိဘကဲ့သို့သောသူများထံမှအကူအညီရရှိမည်။
-မမျှော်လင့်သောဘေးအန္တရာယ်များကြုံတွေ့ရတတ်သည်။စိုးရိမ်ရန်မလိုပါ။
-ဘုရား၊တရာ အထူးအာရုံပြုပါ။
Ä ၇.၁၂.၂ဝဝ၅ မှ ၂၅.၁.၂ဝဝ၆ အတွင်း၌ တနင်္လာဘုတ္တိဒသာစားမည်ဖြစ်၍
-စိတ်လက်ပေါ့ပါးလမ်းဆန်းနေမည်။
-အကြံစည်အသစ်များကြံစည်စိတ်ကူးအကောင်အထည်ဖေါ်မည်။
-မိမိအတွက်အလုပ်အကိုင်အခွင့်အလန်းအသစ်များပေါ်ပေါက်မည်။
-ဇိမ်ခံပစ္စည်၊လျှပ်စစ်ပစ္စည်း အသစ်များဝင်မည်။
-စားကောင်းသောက်ဖွယ်များစားရမည်။
-ပျော်ရွှင်စရာ ရေကြောင်းခရီးတခုသွားရမည်။
Ä ၂၅.၁.၂ဝဝ၆ မှ ၂၈.၂.၂ဝဝ၆ အတွင်း၌ အင်္ဂါဘုတ္တိဒသာစားမည်ဖြစ်၍
-လဘ်လာများရရှိမည်။အထူးကံကောင်းနေမည်။
-ဆရာသမား များထံမှယုံကြည်မူကိုရရှိမည်။
-ဘာသာရေးနှင်ပတ်သက်သောလုပ်ငန်းများလုပ်ဆောင်ရမည်။
-စက်ပစ္စည်းးအသစ်များ ရရှိမည်။
-မိမိကိုယှဉ်ပြိုင်သူများကိုအနိုင်ရမည်။
-မိတ်ဆွေများထဲမှတဦးထိခိုက်ဒဏ်ရာရတတ်သည်။
Ä ၂၈.၂.၂ဝဝ၆ မှ ၂၃.၅.၂ဝဝ၆ အတွင်း၌ ရာဟုဘုတ္တိဒသာစားမည်ဖြစ်၍
-ဘာသာရေးအထူးအာရုံစိုက်ပါ။
-သူခိုး ခိုးခံရတတ်သည်။
-ခါးနာ၊ခြေလက်များကိုက်ခဲသောဝေဒနာများခံစားရမည်။
-ငွေကြေးများအလဟတ်သတ်ကုန်ကျနေမည်။
-ဥစ္စာပစ္စည်းများဆုံးရှုံးလိမ့်မည်။
-အတူနေသူများအတွက်ပူပင်သောကကြုံတွေ့ရမည်။
-ခိုက်ရန်ဖြစ်ပွားလိမ့်မည်။
-ငွေကြေးလက်လွန်တတ်သည်။
ကောဇာအစီးအနင်အဟော
Äကောဇာစနေဂြိုဟ်သည် ၂ဝဝ၅- ခုနှစ်၊ (မေလ) မှ ၂ဝဝ၆-ခုနှစ်၊(နိုဝင်ဘာလ) အထိ မူလလဂ်မှ (၂)တန့်မကောင်းသောနေရာဌာနတွင်ရပ် တည်စီးနင်းလာမည်ဖြစ်သည်။
-ကျန်းမာရေးညံဖျင်းလိမ့်မည်။
-ပျော်ရွှင်သုခရှိလိမ့်မည်မဟုတ်။
-ရုပ်အဆင်းအိုမင်းလိမ့်မည်။
Äအိမ်မှဘုရားတွင်၎င်း၊တန်ခိုးကြီဘုရားဧ။် စနေနံထောင့်တွင်၊စနေနေ့နံနက်၌နှင်းဆီပန်း(၁ဝ)ပွင့်
       ဖယောင်တိုင်(၁ဝ)တိုင်၊ထီးအနီ(၁ဝ)လက်နှင့်တံခွန်ကုက္ကားများလှူပါ။ငါးသက်စေ့လွတ်ပါ။
       ကြေးဆည်းလည်တလုံးတွင်မိမိနာမည်ထိုး၍စနေနံထောင့်တွင်လှူပါ။စနေနေ့တိုင်ပြုလုပ်ပါ။
Äကောဇာရာဟုဂြိုဟ်သည် ၂ဝဝ၅ ခုနှစ်၊(ဖေဖေါ်ဝါရီလ) မှ ၂ဝဝ၆ နှစ်၊(နိုဝင်ဘာလ)အထိ မူလစန်းမှ
 (၁)တန့်၊ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-အဆိပ်အတောက်ဘေးအန္တရာယ်များနှင့်ကြုံတွေ့ရလိမ့်မည်။
-နေရာထိုင်ခင်းပြောင်းရွှေ့ရလိမ့်မည်။
-ပစ္စည်းဥစ္စာငွေကြေးဆုံးရှံးတတ်သည်။
-မတော်တဆအမှာကျူးလွန်လိမ့်မည်။
-အကြံအစည်များကြံစည်ရာတွင်လွဲချော်လိမ့်မည်။
-ပစ္စည်များပျောက်ဆုံးတတ်သည်။
Äကောဇာကြာသာပတေးဂြိုဟ်သည်၂ဝဝ၄-ခုနှစ်၊(စက်တင်ဘာလ) မှ ၂ဝဝ၅-ခုနှစ်၊(စက်တင်ဘာလ)  အတွင်းမူလစန်းမှ(၄)တန့်ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-ဆွေမျိုးသားချင်းမျာနှင့်ပတ်သက်၍ဝမ်းနည်းကြေကွဲရလိမ့်မည်။
-အိမ်တွင်းရေးအဆင်ပြေ၍ ချမ်းသာသုခရရှိလိမ့်မည်။
-ရှုပ်ချပြစ်တင်ကဲ့ရဲ့ပြောဆိုခြင်းခံရလိမ့်မည်။
Äကောဇာကြာသပတေးဂြိုဟ်သည် ၂ဝဝ၅ ခုနှစ်၊(စက်တင်ဘာလ) မှ ၂ဝဝ၆နှစ်၊(အောက်တိုဘာလ)
 အထိ မူလစန်းမှ(၅)တန့်၊ဘာဝတွင်ရပ်တည်စီးနင်းမည်ဖြစ်သောကြောင့်-
-လိုအင်ဆန္ဒများပြည့်ဝလိမ့်မည်။
-အဆင်မြင့်သောအခြေအနေသို့တိုးတက်ရောက်ရှိမည်။
-ကျန်းမာရေးကောင်မွန်၍ အနာရောဂါများ ကုသပျေက်ကင်းလိမ့်မည်။
-တိုးတက်ကြီးပွား၍ စည်းစိမ်ချမ်းသာများကိုခံစားရလိမ့်မည်။
-သားချင်းများစောင်မမှုကိုခံစားရရှိလိမ့်မည်။
-လုပ်ကိုင်သမျှလုပ်ငန်းအားလုံးအဆင်ပြေချောမွေ့နေမည်။
''ဘေးရန်ကြောင်ြ့ကဆင်းရဲခြင်းကင်း၍
   စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီးလိုရာဆန္ဒပြီးပြည့်​စုံနိုင်​ပါ​စေ
                                                                                                                                                                                                                                                                              ***ဇာတာရှင်မေးမြန်းထားသောမိတ်ဆွေတဦးငါးလုပ်ငန်းလုပ်လိုသောကိစ္စမှာမိတ်ဆွေ၏ဇာတာတွင်
မည်သည့်အလုပ်နှင့်ကြီးပွားအောင်မြင်နိုင်ကြောင်းသိရှိရန် မိတ်ဆွေ၏မွေးသက္ကရာဇ်၊မွေးချိန်၊မွေးရပ်
ဒေသကိုသိရှိမှသာတိကျစွာဖြေဆိုနိုင်မည်ဖြစ်ပါသည်။
3 comments:
  1. ဆရာ ကျွန်​​တော်​လည်း ​မေးလိုပါသည်​ ဆရာ
    အဆင်​​ပြေမယ်​ဆိုရင်​ ကျွန်​​တော်​ ဆရာ့ဆီကို ဘယ်​လိုဆက်​သွယ်​ရမလဲဆရာ
    ReplyDelete
  2. ဆရာ ကျွန်​​တော်​လည်း ​မေးလိုပါသည်​ ဆရာ
    အဆင်​​ပြေမယ်​ဆိုရင်​ ကျွန်​​တော်​ ဆရာ့ဆီကို ဘယ်​လိုဆက်​သွယ်​ရမလဲဆရာ
    ReplyDelete
  3. ဆက်သွယ်ရန်လိပ်စာ
    ReplyDelete