၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့တွင်အနောက်လောင်ဂျီတွဒ် ၈၂ ဒီကရီ
၁၄ မိနစ်၊တောင်လတ္တီတွဒ် ၆၈ ဒီကရီ ၄၁ မိနစ်၊နေတစိတ်တပိုင်းကြပ်မည်ဖြစ်ရာ၊
မြန်မာနိုင်ငံတွင်နေလည် ၁၂း၄၉ မိနစ် အချိန်တွင်မြင်ရမည်ဖြစ်သည်။ နက္ခတ်ပညာ
ရပ်တွင် တနှစ်တွင်နေသည် အနဲးဆုံး (၂)ကြိမ်၊ လသည်(၂)ကြိမ်ကြတ်လေ့ရှိသည်
မှာဖြစ်ရိုး၊ဖြစ်စဉ်မှာ သဘာဝပင်ဖြစ်သည်။
သို့သော် နက္ခတ်ဗေဒင်အဟောပညာရပ်တွင် နေ လ ကြတ်သည်ကို
အပြည့်အဝမြင်ရသော တိုင်းပြည်များတွင် နေကြတ်ပြီးသည်မှစ၍(၃)လမှ(၆)လ
အတွင်း ကောင်းကျိုး၊ဆိုးကျိုးများ သက်ရောကမှုရှိသည်။လူပုဂ္ဂိုလ်များ၏ဇာတာ၊ဘဝ
ကံကြမ္မာ မျာတွင်လည်း၊မွေးရာပါ ဇာတာ၏လဂ်၊လဂ်သခင်ဂြိုဟ်စီးနက္ခတ်၊ စန်း၊
စန်းသခင်သခင်ဂြိုဟ်စီးနက္ခတ် များပေါ်တွင် နေ၊လကြတ်ခဲ့ပါကကောင်းကျိုး၊ ဆိုး
ကျိုးများကျရောက်မည်ဟု ရှေးနက္ခတ်ဗေဒင်ကျမ်းများတွင်ဖေါ်ပြပါရှိသည်ကိုတွေ့ရှိရ
သည်။ဆိုးကျိုးက၊ကောင်းကျိုးထက်ပို၍ပေးတတ်သည်ကိုတွေ့ရှိရသည်။
၂၅.၁၁.၂ဝ၁၁ နေကြပ်ချိန်ဇာတာ
၂၅.၁၁.၂ဝ၁၁ ရက်နေတွင်နေသည်ဝိသာခါ၊နက္ခတ်တွင်ကြတ်မည်ဖြစ်ရာ၊မူလဇာ
တာတွင် ဗြိစ္ဆာလဂ်၊ပြိဿလဂ်၊ဗြိစ္ဆာစန်း၊ပြိဿစန်းနှင့်မွေးဖွားခဲ့သူများပေါ်တွင်အကျိုး
သက်ရောက်မှု့ခံစားရမည်။ ထိုလဂ်၊စန်းနှင်မွေးသူမျာတွင်အလုပ်အကိုင်အဆင်မပြေ
ခြင်း၊အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ငွေကြေးများဆုံးရှုံးရခြင်း၊
လူလိမ်ခံရခြင်း၊စပ်တူရှယ်ယာလုပ်ငန်းများပျက်စီးခြင်း၊အလုပ်အကိုင်များနှောင့်နှေး
ကြန့်ကြာခြင်း၊မိတ်ဆွေများချင်းချင်းစိတ်ဝမ်းကွဲးရခြင်း၊စသော အဆင်မပြေမှုများနှင့်
ကြုံတွေရလိမ်မည်။
စန်း၊ တနင်္လာဂြိုဟ်ပေါ်ကြတ်သောကြောင့် စိတ်ရှုပ်ထွေးမှုများနှင့်ကြုံ
တွေရခြင်း၊စိတ်ညစ်ညူးနေရတတ်ခြင်းများကြုံတွေ့လာရမည်။ထိုသို့ဖြစ်လာမည်ကို
ကြိုတင်သိရှိခြင်းသည်ယတြာပင်ဖြစ်သည်။ ဗြိစ္ဆာလဂ်၊ပြိဿလဂ်၊ဗြိစ္ဆာစန်း၊ပြိဿစန်း
နှင့်မွေးဖွာသောသူများသည် ယင်နေ့ရက်မှစ၍ ဘုရားတရား၊အာရုံပြုခြင်း၊ကောင်းမှု
ကုသိုလ်များပြုလုပ်ခြင်း၊စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ဖြစ်လာမည့်အခက်အခဲများအား
ရင်ဆိုင်ကျော်လွှားရန်ပြင်ဆင်ထာပါက ဆိုးကျိုးများကိုခံနှိင်ရည်ရှိရှိဖြင်ကျော်လွှာနိုင်
မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။
လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ
No comments:
Post a Comment