တက္ကာလမိတ်နှင့် တက္ကာလရန် ဂြိုဟ်များ
ဂြိုဟ်တို့သည် ၄င်းတို့အချင်းချင်း ရပ်တည်သောအနေအထားအရ ယာယီမိတ်ဖြစ်ခြင်း၊ယာယီရန်
ဖြစ်ခြင်းတို့ရှိသည်။ဂြိုဟ်တလုံးသည် မိမိရပ်တည်ရာမှ ၂တန့်၊ ၃တန့်၊ ၄တန့်၊ ၁၀တန့်၊ ၁၁တန့်၊၁၂တန့်၊
တွင်ရပ်တည်ပါက(ယာယီမိတ်)တက္ကာလမိတ် နှင့်တခြားအိမ်များတွင်ရပ်တည်ပါက တက္ကာလရန်
(ယာယီရန်)ဂြိုဟ်များဖြစ်ကြသည်။
ဥပမာဇာတာ။ ။(ဇာတာ)
၁နွေ ကုမ်ရာသီတွင်ရပ်၏။၅တေးသည် ၁နွေတည်ရာမှ ၂တန့်ဘာဝတွင်ရှိသောကြောင့်ယာယီ
ယာယီမိတ်ဖြစ်၏။ထို့အတူ ၂လာသည်၁၂တန့်တွင်ရပ်တည်နေသောကြောင့် (ယာယီမိတ်)တက္ကာလမိတ်
ဖြစ်သည်။ ၆ကြာသည် ၃တန့်ဘာဝတွင်ရပ်တည်နေသောကြောင့်ဤဇာတာတွင်(ယာယီရန်)၊တက္ကာလရန်
ဖြစ်သည်။့တခြာ ဂြိုဟ် များကိုလည်း အလားတူယူရမည်။
ဂြိုဟ်တို့၏ မိတ်ဂြိုဟ်(နေသဂ္ဂိကမိတ်)
ရန်ဂြိုဟ်(နေသဂ္ဂိကရန်) ၊ဥဒသိန်များ
ကိုအောက်တွင်ဇယားများဖြင့်ဖေါ်ပြထားပါသည်
ရန်ဂြိုဟ်(နေသဂ္ဂိကရန်) ၊ဥဒသိန်များ
ကိုအောက်တွင်ဇယားများဖြင့်ဖေါ်ပြထားပါသည်
ဂြိုဟ်တို့၏အဓိမိတ်၊ အဓိရန် များ
နေသဂ္ဂိကမိတ် + တက္ကာလမိတ် = အဓိမိတ်
နေသဂ္ဂိကမိတ် + တက္ကာလရန် = ဥဒါသိန်
ဥဒါသိန် + တက္ကာလမိတ် = သာမန်မိတ်
ဥဒါသိန် + တက္ကာလမိတ် = သာမန်ရန်
နေသဂ္ဂိကရန် + တက္ကာလရန် = အဓိမိရန်
နေသဂ္ဂိကရန် = တက္ကာလမိတ် = ဥဒါသိန်
ဤဂြိုဟ်တို့၏အဓိမိတ်၊ အဓိရန် အယူအဆသည် ဒသာစာစဉ် ဂြိုဟ်များ မည်သည့်အတိုင်း
အတာအထိကောင်းကျိုး၊ဆိုးပေးသည် ဟုဟောပြောရာတွင်သုံးသည်။
No comments:
Post a Comment