Friday, July 13, 2012

''န၀င်းတွက်နည်း''

                                            ''န၀င်းတွက်နည်း''

            နက္ခတ် ဗေဒင်ဝါသနာရှင်များအတွက် ယခု န၀င်းစက် အကြောင်းကို ဆက်လက်တင်ပြပါမည်။
၃၆၀ အံသာ (ဒီဂရီ) ရှိသော ရာသီစက်ဝန်းကြီးတစ်ခုလုံးကို ၁၂ စိတ် စိတ်ထားပြီး တရာသိလျှင် (တစ်စိတ်လျှင်) ၃၀ အံသာ (ဒီဂရီ) ရှိသည်ဟု ဝေဒပညာက သတ်မှတ်၍ထားသည်။
    'န၀င်း' သည် ထိုအံသာ (၃၀) ရှိသော အစိတ်တစ်ခုကို (၉) စိတ်ထပ်မံ စိတ်ထားခြင်းမှ ဖြစ်ပေါ်၍ လာသည်။ အခြေခံသဘောမှာ နက္ခတ်၊ ပါဒ်တို့အပေါ်တွင် အခြေခံသည်။



န၀င်းဖြစ်ပေါ်လာပုံတွက်နည်း

၁။အံသာ ၃၀ ကို ၉ ဖြင့်စားပါ။
    စားလဒ်သည် ၃ အံသာ ၂၀ လိတ္တာဖြစ်သည်။
            ၃၀ံ ÷ ၉ =    ၃ အံသာ၂၀ လိတ္တာ   
၂။ ၃ အံသာ ၂၀ လိတ္တာကို 'တစ်န၀င်း' ဟူ၍ သတ်မှတ်ထားပြီး အောက်ပါအတိုင်း န၀င်းကိုးခု၏ အရေအတွက်ကို မှတ်သားထားပါ။ အောက်တွင်ဖော်ပြသော ဇယားကိုကြည့်ပါ။

          န၀င်းရေတွက်ပုံဇယား   
  
         ''န၀င်းစက်''
န၀င်းသင်္ချာ    အံသာ၊လိတ္တာ
၁    ၃ - ၂၀
၂    ၆ - ၄၀
၃    ၁၀
၎    ၁၃ - ၂၀
၅    ၁၆ - ၄၀
၆    ၂၀
၇    ၂၃ - ၂၀
၈    ၂၆ - ၄၀
၉    ၃၀
                 

၃။အောက်ပါစက်ဝန်းမှာဓာတ်ကြီးလေးပါးဖြင့် ရာသီစက်ဝန်းအား တင်ပြထားခြင်းဖြစ်သည်။
    ၁။တေဇော၂။ပထ၀ီ၃။ဝါယော၎။    အာပေါ.....ဟူ၍ ဓာတ်ကြီးလေးပါးဖြင့် ရာသီစက်ဝန်းအား ခွဲစိတ်ထားခြင်းဖြစ်သည်။၎င်းဒွါရလေးခွင် ရာသီများမှာ...
    ၁။    မိဿရာသီ
    ၂။    ကရကဋ်ရာသီ
    ၃။    တူရာသီ
    ၄။    မကာရရာသီများ ဖြစ်နေသည်ကို တွေ့ရှိရမည်။                                   






န၀င်းစက်ပြုလုပ်တော့မည်ဆိုပါက အထက်ဖော်ပြပါ 'ဒွါရလေးခွင်' ရာသီများမှာ စတင်၍ ကောက်ယူရ မည်။ ၁၂ ရာသီစက်တွင် ဓာတ်ကြီးလေးပါးအိမ် ဖြစ်ပေါ်လာပုံတို့မှာ.....

    ဂြိုဟ်ဖြစ်စေ၊ လဂ်ဖြစ်စေ မည်သည့်ရာသီအိမ်၌ ရပ်တည်နေသည်ကို ဓာတ်ကြီးလေးပါးနှင့် ၁၂ ရာသီစက် ၀န်းတွင် ကြည့်ပါ။ ထိုသို့ ကြည့်သောအခါ၌ သိဟ်ရာသီနှင့်  ဓနုရာသီ 'တေဇော' အိမ်တို့၌ ဂြိုဟ်တစ်လုံးဖြစ်စ၊



 ဂြိုဟ်အများဖြစ်စေ၊ လဂ်ဖြစ်စေ၊ ရပ်တည်နေသည်ကို တွေ့ရပါက ဒွါရလေးခွင်၏ 'တေဇော' အိမ်ဖြစ်သော 'မိဿ' ရာသီမှ တင်၍ 'န၀င်း' ကို ရေတွက်ရမည်။
   
အကယ်၍ ဂြိုဟ်တစ်လုံးဖြစ်စေ၊ ဂြိုဟ်အများဖြစ်စေ၊ လဂ်ဖြစ်စေ၊ 'မိဿ'၊ 'ကရကဋ်'၊ 'တူ'၊ 'မကာရ' စသော ဒွါရလေးခွင်၌ ရပ်တည်နေပါက ရပ်တည်ရောမှ စတင်၍ 'န၀င်း' ကို ရေတွက်ရမည်။ လဂ်နှင့် ဂြိုဟ်တို့၏ ရာသီ၊  အံသာ၊ လိတ္တာနှင့် ရာသီစက်ဝန်းကို ကြည့်ပါ။ (အောက်တွင် ထပ်မံဖော်ပြထားပါသည်။)
      ဤနမူနာဇာတာနှင့်ဂြိုဟ်လဂ်တို့ရပ်တည်မှုဇယားကိုကြည့်၍.....န၀င်းစက်ဇာ တာကိုအောက်ပါ အတိုင်းပြုလုပ်ပါ။နမူနာဇာတာမှ ဂြိုဟ်တို့၏ အံသာ၊လိတ္တာများ

ဂြိုဟ်    ၁    ၂    ၃    ၄    ၅    ၆    ၇    ၈    ၉    လဂ်
ရာသီ    ၁၀    ၉    ၁၀    ၁၀    ၁၁    ၀    ၁၀    ၂    ၈    ၂
အံသာ    ၂၆    ၉    ၂၁    ၂၃    ၂၉    ၉    ၅    ၁၄    ၂၄    ၁၀
လိတ္တာ    ၁၄    ၁၀    ၃၈    ၃၅    ၀    ၃၂    ၉    ၂၃    ၂၃    ၅

နမူနာဇာတာရာသီစက်ကို ကြည့်လျှင်......
၁။တနင်္ဂနွေဂြိုဟ်သည် 'ကုမ်' ရာသီ '၀ါယော' အိမ်၌ရပ်တည်နေပြီး ၂၆ အံသာ၊ ၁၄ လိတ္တာ
ရှိနေသည်ကို တွေ့ရမည်။ ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ 'တူ' ရာသီဖြစ်သည်။အထက်
တွင် ဖော်ပြထားသော န၀င်းရေတွက်ပုံ ဇယားကိုကြည့်ပါက ၂၆ အံသာ ၁၄ လိတ္တာသည်    ၂၃ အံသာ၊ ၂၀ လိတ္တာနှင့် ၂၆ အံသာ၊၄၀ လိတ္တာ ကြားတွင်ရောက်နေ၍
 န၀င်း (၈) န၀င်းဖြစ်နေသည်ကို တွေ့ရမည်။ထို့ကြောင့် တူရာသီမှစပြီး ၂.၃ စသည်ဖြင့် ရေတွက်သွားလျှင် ရှစ်ခုမြောက်ရာသီသည်ပြိဿရာသီဖြစ်၍ ၎င်းရာသီတွင်
တနင်္ဂနွေဂြိုဟ်ကို ထည့်သွင်းရမည်။

၂။တနင်္လာဂြိုဟ်သည် 'မကာရ' ရာသီ 'ပထ၀ီ' အိမ်၌ ရပ်တည်နေပြီး ၉ အံသာ၊ ၉ လိတ္တာ
ရှိနေသည်ကို တွေ့ရမည်။ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ 'တူ' ရာသီပင်ဖြစ်သည်။
ဇယားတွင် ကြည့်ပါက     ၉ အံသာ၊ ၉ လိတ္တာသည် ၆ အံသာ ၄၀ လိတ္တာနှင့် ၁၀ အံသာ၊ကြားတွင် ရောက်နေ၍ န၀င်း (၃) န၀င်း ဖြစ်နေသည်ကို တွေ့ရှိရမည်။   
ထို့ကြောင့် 'မကာရ' ရာသီမှစပြီး ၁-၂-၃ စသည်ဖြင့် ရေတွက်သွားလျှင် ရှစ်  ခုမြောက်ရာသီသည် 'သိဟ်' ရာသီဖြစ်၍ ၎င်းရာသီတွင် တနင်္လာဂြိုဟ်ကို ထည့်သွင်းရမည်။

၃။အင်္ဂါဂြိုဟ်သည် 'ကုမ်' ရာသီ '၀ါယော' အိမ်၌ရပ်တည်နေပြီး ၂၁ အံသာ၊ ၃၈ လိတ္တာရှိနေ
သည်ကို တွေ့ရမည်။    ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ 'တူ' ရာသီဖြစ်သည်။၂၁ အံသာ၊ ၃၈ လိတ္တာသည် ၂၀ အံသာနှင့် ၂၃ အံသာ ၂၀ လိတ္တာကြားတွင် ရောက်နေ၍
န၀င်း (၇) န၀င်းဖြစ် နေသည်ကို တွေ့ရှိရမည်။ ထို့ကြောင့် 'တူ' ရာသီမှစ၍ ၁-၂-၃ စသည်ဖြင့် ရေတွက်သွားလျှင် ခုနစ်ခုမြောက် ရာသီသည် 'မိဿ' ရာသီဖြစ်၍ ၎င်းရာသီတွင်
အင်္ဂါဂြိုဟ်ကို ထည့်သွင်းရမည်။

၎။ဗုဒ္ဓဟူးဂြိုဟ်သည် 'ကုမ်'  ရာသီ ၀ါယောအိမ်၌ ရပ်တည်နေပြီး ၂၃ အံသာ၊ ၃၅ လိတ္တာရှိနေသည်ကို တွေ့ရပေမည်။ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ 'တူ' ရာသီဖြစ်သည်။
 ဇယားကိုကြည့်ပါက ၂၆ အံသာ ၁၄ လိတ္တာသည်၂၃ အံသာ၊ ၂၀ လိတ္တာနှင့် ၂၆ အံသာ၊၄၀ လိတ္တာ ကြားတွင်ရောက်နေ၍ န၀င်း (၈) န၀င်းဖြစ်နေသည်ကို တွေ့ရမည်။
ထို့ကြောင့် 'တူ' ရာသီမှစ၍ ၁-၂-၃ စသည်ဖြင့် ရေတွက်သွားလျှင် ရှစ်ခုမြောက်  ရာသီသည် 'မိဿ' ရာသီဖြစ်၍ ၎င်းရာသီတွင် ဗုဒ္ဓဟူးဂြိုဟ်ကို ထည့်သွင်းရမည်။

၅။ကြာသပတေးဂြိုဟ်သည် 'မိန်' ရာသီ 'အာပေါ' အိမ်၌ရပ်တည်နေပြီး ၂၉-အံသာ၊ ၀-လိတ္တာ ရှိနေသည်ကိုတွေ့ရမည်။    ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ
 'ကရကဋ်' ရာသီဖြစ်သည်။၂၉ အံသာ၊ ၀ လိတ္တာသည် ၂၆ အံသာ၊ ၄၀ လိတ္တာနှင့် ၃၀ အံသာ ကြားတွင် ရောက်နေ၍ (၉) န၀င်းဖြစ်နေသည်ကို တွေ့ရှိရမည်။
ထို့ကြောင့် 'မိဿ' ရာသီမှစ၍ ၁-၂-၃ စသည်ဖြင့် ရေတွက်သွားလျှင် ကိုးခုမြောက် ရာသီသည် 'မိန်' ရာသီဖြစ်၍ ၎င်းရာသီတွင် ကြာသပတေးဂြိုဟ်ကို ထည့်သွင်းရမည်။

၆။သောကြာဂြိုဟ်သည် 'မိန်' ရာသီ 'တေဇော' အိမ်၌ ရပ်တည်နေပြီး ၉ အံသာ၊ ၃၂ လိတ္တာရှိနေသည်ကို တွေ့ရမည် ထို့ကြောင့် စတင်ကောက်ရမည့် ရာသီမှာ 'မိန်' ရာသီဖြစ်သည်။
န၀င်းရေတွက်ပုံဇယားတွင်ကြည့်ပါ၉ အံသာ၊ ၃၂ လိတ္တာသည် ၆ အံသာနှင့် ၄၀ အံသာ၊ ၁၀ လိတ္တာကြားတွင် ရောက်ရှိနေ၍ န၀င်း (၃) န၀င်းဖြစ်နေသည်ကို တွေ့ရှိရမည်။
ထို့ကြောင့် 'မိန်' ရာသီမှစပြီး ၁-၂-၃ စသည်ဖြင့် ရေတွက်သွားလျှင် သုံးခုမြောက်ရာသီသည် 'တူ' ရာသီဖြစ်၍ ၎င်းရာသီတွင် သောကြာဂြိုဟ်ကို ထည့်သွင်းရမည်။

၇။စနေဂြိုဟ်သည် 'ကုမ်' ရာသီ ၀ါယောအိမ်၌ရပ်တည်နေပြီး ၅-အံသာ၊ ၀၉ လိတ္တာ ရှိနေသည်ကို တွေ့ရမည်။ ထို့ကြောင့် စတင်ကောက်ရမည့်ရာသီမှာ 'တူ' ရာသီဖြစ်သည်။
 ၅အံသာ၊ ၀၉ လိတ္တာသည်၃ အံသာ၊ ၂၀ လိတ္တာနှင့် ၆ အံသာ၊ ၄၀ လိတ္တာကြားတွင် ရောက်နေ၍ န၀င်း (၂) န၀င်းဖြစ်နေသည် ကို တွေ့ရှိရမည်။ထို့ကြောင့် 'တူ' ရာသီမှစ၍့ 
ရေတွက်သွားလျှင် ရှစ်ခုမြောက် ရာသီသည် 'ဗြိစ္ဆာ' ရာသီဖြစ်၍ ၎င်းရာသီတွင် စနေဂြိုဟ်ကိုထည့်သွင်းရမည်။

၈။    ရာဟုဂြိုဟ်သည် 'မေထုန်' ရာသီ '၀ါယော' အိမ်၌ ရပ်တည်နေပြီး ၁၄ အံသာ၊ ၂၃ လိတ္တာရှိနေသည်ကို တွေ့ရမည်။ ထို့ကြောင့် စတင်ကောက်ရမည့်ရာသီမှာ
 'မကာရ' ရာသီဖြစ်သည်။၁၃ အံသာ၊ ၂၀ လိတ္တာသည်။ ၁၃ အံသာ၊ ၂၀ လိတ္တာနှင့် ၁၆ အံသာ၊ ၄၀ လိတ္တာကြားတွင် ကျရောက် နေ၍န၀င်း (၅) န၀င်းဖြစ်နေသည်ကို
တွေ့ရှိရမည်။ထို့ကြောင့် 'မကာရ' ရာသီမှစ၍  ရေတွက်သွားလျှင် ငါးမြောက်ရာသီသည် 'ကုံ'  ရာသီဖြစ်၍ ၎င်းရာသီတွင် ရာဟုဂြိုဟ်ကို ထည့်သွင်းရမည်။

မှတ်ချက်။    ။'ကိတ်ဂြိုဟ်ကိုမူ အစဉ်သဖြင့် ရာဟု၏သမသတ် (၁၈၀)အကွာတွင် ထည့်သွင်း ပါ။

၉။'လဂ်' သည် 'မေထုန်' ရာသီ '၀ါယော' အိမ်၌ရပ်တည်နေပြီး ၁၀ အံသာ၊ ၅ ၀ိလိတ္တာ ရှိနေသည်ကို တွေ့ရမည်။ထို့ကြောင့်စတင်ကောက်ရမည့်ရာသီမှာ 'မေထုန်'ရာသီဖြစ်သည်။
 ၁၀အံသာ၊ ၅ ၀ိလိတ္တာသည် ၁၀ အံသာ၊ နှင့် ၁၃ အံသာ၊ ၂၀ လိတ္တာကြားတွင် ကျရောက်နေ၍ထို့ကြောင့် 'တူ' ရာသီမှစ၍ ရေတွက်သွားလျှင် လေးခုမြောက်ရာသီသည်
 'မကာရ' ဖြစ်သည် ၎င်းရာသီတွင် လဂ် (ခေါ်) လ ကို ထည့်သွင်းရမည်။

     သို့ဖြင့် အထက်ဖော်ပြပါအတိုင်းထည့်သွင်းသွားပါက 'န၀င်းစက္က' ခေါ် 'န၀င်းစက်ဝန်းဇာတာ' ကို ရရှိပါမည်။


                                                                        
       
    ဤနေရာ၌ 'န၀င်းစက်' နှင့် ပတ်သက်သော  စကားရပ်များကို သိရှိထားရန် လိုအပ်ပါသဖြင့် ဆက်လက်တင်ပြပေးလိုက်ပါသည်။
၁။    ဂြိုဟ်တစ်လုံးလုံးဖြစ်စေ၊ လဂ်ဖြစ်စေ၊ န၀င်းစက်ဇာတာ ပြုလုပ်သောအခါ ရာသီစက်တွင် ရပ်တည်နေသည့် အနေအထားအတိုင်း ပြန်လည်ပြီး ရပ်တည်နေလျှင် ၎င်းကို
            '၀ဂ္ဂုတ္တမန၀င်း' ၌ စီးသည်ဟူ၍ ခေါ်သည်။ အဓိပ္ပာယ်မှာ မြတ်သောန၀င်း၌ စီးသည်ဟူ၍ ဖြစ်သည်။
၂။    'ဥစ်' အိမ်၌ ရပ်တည်လျှင် 'ဥစ်' န၀င်းစီးသည်ဟူ၍ခေါ်သည်။
၃။    'နိစ်' အိမ်၌ ရပ်တည်လျှင် 'နိစ်' န၀င်းစီးသည်ဟူ၍ခေါ်သည်။
၎။    'ကသစ်' အိမ်၌ ရပ်တည်လျှင် 'ကသစ်' န၀င်းစီးသည်ဟူ၍ခေါ်သည်။
၅။    'မိတ်' အိမ်၌ ရပ်တည်လျှင် 'မိတ်' န၀င်းစီးသည်ဟူ၍ခေါ်သည်။
၆။    'ရန်' အိမ်၌ ရပ်တည်လျှင် 'ရန်' န၀င်းစီးသည်ဟူ၍ခေါ်သည်။

 ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

No comments:

Post a Comment