Tuesday, February 04, 2014

ဗေဒင်ဆရာကလူလိမ်လား?....ရုပ်ရှင် သရုပ်ဆောင်က .......?၊

ရုပ်ရှင် သရုပ်ဆောင်က .......?၊ ဗေဒင်ဆရာကလူလိမ်လား?

           မြန်မာ ရုပ်ရှင်ဇတ်ကားများထဲတွင် ဟာသခန်းးတခန်းထည့်သွင်းကာ ၊ဟာသသရုပ်ဆောင်များက
ဟာသအဖြစ် ဗေဒင်ဟောခန်းထည့်သွင်းကာ ဗေဒင်ဆရာများကိုလောင်ပြောင်၍ လူလိမ်ဗေဒင်ဆရာဖြစ်
အောင်တွန်းပို့ကာ ဟာသပြက်လုံးထုတ်လေ့ရှိကြသည်။
          ဤပြကွက်သည် ရုပ်ရှင်ဇတ်ကားတော်တော် များများတွင်ပါဝင်လေ့ရှိသည်။ ကျွန်တော်တို့ဆိုလျှင်
ဗေဒင်ပညာ တတ်ချင်၍ ဗေဒင်ကို ဝေဒသုတေသနသင်တန်းများတွင် (၇)နှစ် နီးပါသင်ခဲ့ရသည်။
ဗေဒင် တတ်ချင်တွက်နည်းသင် ဟု ဝေဒသုတေသနသင်တန်းများဆောင်ပုဒ် အတိုင်း အချိန်များစွာပေး၍
ဗေဒင်တတ်ချင်၍ သင်ယူခဲ့ရသည်။ ဇစ်ဇစ်မြစ်မြစ် ဗေဒင်ပညာကို လေ့လာလိုက်စားသောဗေဒင်ဆရာကြီး
ပေါင်များစွာရှိပါသည်။
          ဗေဒင် ဟောကွက်မှန်ဘို့အရေးကိုဗေဒင်ကျမ်းပေါင်းများစွာကိုဖတ်ရှု လေ့လာရသည်။အရှေ့တိုင်း
အနောက်တိုင်း ဟောနည်းစနစ်များကိုလည်းလေ့လာရသည် နာမည်ကြီးဗေဒင်ဆရာ ကိုလည်းဆည်းကပ်
လေ့လာရသည်။ ဗေဒင်ဟောတာ မှန်မမှန် ဗေဒင်ဆရာက စာမေးပွဲဖြေသူ ၊ ဗေဒင်မေးသူက စာမေးပွဲစစ်
ဆေးသူဟုတောင် ပြောစမှတ်ရှိသည်။


                   ရုပ်ရှင်ထဲမှာတော့ လွယ်လွန်လိုပါ။  ရုပ်ရှင် သရုပ်ဆောင်ကို .........စားဟုမည်သူကမှ မပြော
တော့။နာမည်ကြီးချင် ငွေရလွယ်ချင်၍ ရုပ်ရှင်လောကထဲဝင်ကြသည်။ သမီးကလေးများကို မော်ဒယ်သင်တန်း
ပို့ကြသည် မင်းသမီးဖြစ်ချင်၍ မော်ဒယ်ကမှ ရုပ်ရှင်လောကထဲ ၀င်နိုင်မည်ကို..။ ဟာသသရုပ်ဆောင်က၀င်ငွေ
ကောင်း၍ ဟာသမင်းသားဖြစ်အောင် ရှောက်သီးဆေးပြား အခြောက်လို သရုပ်ဆောင်ကြသည်။မိသားစုအသိုင်း
အ၀ိုင် ပတ်ဝန်ကျင်က မကဲ့ရဲကြတော့...။ ငါတိုအဖေကြီးက ရုပ်ရှင်ထဲမှာ အခြောက်ကြီးပါလားဟု သားသမီး
များကမပြောနိုင်ကြတော့..တချို့ ဒုတိယတန်းမင်းသားများပင် အခြောက်ခန်းဝင်ရိုက်ကြသည်။အခြောက်ခန်း
ဝင်ရိုက်မှ နောက်ကားများဆက်ရိုက်နိုင်မည်ကိုး...။
                      ဟာသသရုပ်ဆောင်များကဟာသအဖြစ် ဗေဒင်ဟောခန်းထည့်သွင်းကာ ဗေဒင်ဆရာများကို
လောင်ပြောင်၍ လူလိမ်များဖြစ်အောင်တွန်းပို့နေကြပြန်သည်။ ရုပ်ရှင်ကြည်ပရိတ်သတ်က ဗေဒင်ဆရာဆိုလျှင်
လိမ်တော့မှာဘဲဆိုသည်ကို ထင်မြင်အောင်ရုပ်ရှင်ကားတိုင်တွင်ထပ်ကာတလဲလဲတင်ပြနေပြန်သည်။
မည်သူကန့်ကွက်မည့်သူမရှိ။ ဟာသကောင်းလျှင်ရုပ်ရှင်ကားရောင်းကောင်းမည်..နာမည်ကြီးမည်
မင်းသမီးဖြစ်လျှင်ဝင်ငွေကောင်းမည်...နာမည်ကြီးမည်
မင်းသားဖြစ်လျှင်ဝင်ငွေကောင်းမည်...နာမည်ကြီးမည်
ဟာသမင်းသားဖြစ်လျှင်ဝင်ငွေကောင်းမည်..ဒါကအဓိက။
               ရှေးကလူကြီးသူမများပြောသလို  ရုပ်ရှင် သရုပ်ဆောင်က ဖက်ခွက်စားလား မဟုတ်တော့
...ဂွတ်ရှယ်ဖြစ်နေပြီ
            ရုပ်ရှင်လောကသားမျာမြင်ဘူးသည်မှာ လမ်းဘေးကစနစ်တကျမတတ်သောဗေဒင်ဆရာများဖြစ်မည်
ထင်သည်။
          ကျွန်တော့သူငယ်ချင်းလမ်းဘေးကဗေဒင်ဆရာဖြစ်မည်မထင်။ သူကတော့တတ်လွန်းလို့...သင်တန်းမျိုးစုံး
တက်ပြီးမှ လမ်းဘေးမှယဂွင်ကောင်း၍ လမ်းဘေးမှာဗေဒင်ဟောနေခြင်းဖြစ်သည်။
         ဆိုလိုသည်မှာ သဘာဝမတူသောလုပ်ငန်းနှစ်မျိုး၊ ပညာရပ် နှစ်မျိုးမှာ တခုကတခုကိုအမှီသဟဲပြုရမည့်အ
စား ဘာဖြစ်လိုများ ဗေဒင်ပညာကိုပုတ်ခတ်နေရပါသနည်း.. ကျွန်တော်မစဉ်းစားတတ်တော့
         ကျွန်တော် စဉ်းစားတတ်သည်မှာတော့ အိမ်ကအိမ်သူအိမ်သားများကို မှာထားမည်....
ငါကိုဗေဒင်ဆရာ ဗေဒင်တတ်သည်ဟုမပြောနှင့် ရုပ်ရှင်ထဲမှာဗေဒင်ဆရာဆိုလျှင် လူလိမ်လို့ထင်နေတာ..
ငါကိုဗေဒင်ဆရာလို့မပြောနှင့်ဟုအိမ်ကမိန်းမကိုမှာထားရသည်။ ဗေဒင်ဆရာဆိုလျှင် ရုပ်ရှင်ထဲမှာက..လူလိမ်
ဘဲ...ငါကိုလည်းလူလိမ်လို့ထင်နေမယ်..ဗေဒင်ဆရာလို့ ..ဗေဒင်တတ်တယ်လို့မပြောနဲ့လိုပြောထားရသည်။
အော် ..ဗေဒင်ဆရာဆိုတာလူလိမ်ပါလား.........ရှပ်ရှင်ထဲမှာ....

   လိုရာဆန္ဒပြည့်စုံပါစေ
                                                                         

No comments:

Post a Comment

e
c
r
u
o
S
n
e
p
O
y
g
o
l
o
r
t
s
A
n
r
e
t
s
a
E
-
g
n
u
A
n
u
T
n
i
W