Sunday, August 09, 2015

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသဖွံ့ဖြိုးရေးအတွက် အစီရင်ခံစာ

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသဖွံ့ဖြိုးရေးအတွက် အစီရင်ခံစာ

           



ဒေသတွင်းရှိ ပဋိပက္ခဖြစ်စေသည့် အခြေခံအကြောင်းတရားများကို မသိကျိုးကျွန်ပြုခြင်းနှင့် လူထုအသိုင်းအဝိုင်းမျာူးပန်မှုများကိုရပ်ရွာလူထုများနှင့်ဆွေးနွေးတိုင်ပင်ခြင်းသို့မဟုတ်၎င်းတို့၏စိုးရိမ်မှုများအပေါ်အလေးထား ပေးခြင်းမရှိဘဲ ငွေများရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် နည်းပညာအထောက်အပံ့များပေးခြင်းတို့ ပြုလုပ်ခြင်းသည် အမှန်တကယ် အန္တရာယ် များသည်။ အလေးအနက်အကဲဖြတ်ခြင်းအပါအဝင် အမျိုးမျိုးသောဇာစ်မြစ်များမှ ခိုင်လုံသောအချက်အလက်များဖြင့် ခိုင်မာစွာအခြေခံပြုခြင်းမရှိသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာတစ်ခုသည် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးဆီသို့ ဦးတည်ရန် အလားအလာမရှိပါ။ ပို၍ဖြစ်လာနိုင်သည့်ရလဒ်မှာ ပဋိပက္ခ ပိုမိုတိုးပွားလာပြီး ထို JICA အသေးစိတ်ပုံစံသည် လက်ရှိ ဗဟိုချုပ်ကိုင်သည့် အစိုးရဖွဲ့စည်းတည်ဆောက်ပုံများကို အားကောင်းလာစေသည့်နည်းလမ်းတစ်ခုဖြစ်လာပြီး၊ တစ်ချိန် တည်းမှာပင် ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးစုများပါဝင်ခြင်းကို မသိကျိုးကျွန်ပြုနေလျှင် ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ခုကို အထောက်အကူပြုမည်ထက် ဖြစ်နေဆဲပဋိပက္ခကို ပို၍တွန်းအားပေးလာလိမ့်မည်ဖြစ် သည်။


  

No comments:

Post a Comment