Saturday, June 16, 2012

သူဌေးယုဂ်များ

                                                                                                                
                                                                      သူဌေးယုဂ်

မူလသဘာဝသူဋ္ဌေယုဂ်၊မူလသဘာဝသြွူကယ်ယုဂ်
        သူဋ္ဌေး၊သြွူကယ် ဆုံးဖြတ်ရာဝယ် တနု၊ဗန္ဓု၊ပတိ၊ကမ္မ ကိန်းလေးဖြာတွင် ပ၊ဒု၊တ၊စ ဆင့်တန်း
ရြ့ပီးပုတြ မှာငယ်၊သုဘာ အကြီးမှတ်သားပြီးလျှင်၊ကိန်း ကာရကပူးသောအခါ အံသာ(၈)ခုသူဋ္ဌေးပြု၏
ရာသီစက်၏အဆုံးဖြတ်တည်း။
    ဂြိုဟ်ကာရက ကိန်းတွင်ရပြီး၊ကိန်ဂြိုဟ် ကာရက သြွူကယ်ရသည် ဘာဝစက်၏အဆုံးဖြတ်တည်း။


မူလသဘာဝသူဆင်းရဲယုဂ်၊မူလသဘာဝသူမွဲယုဂ်
       သူဆင်းရဲ၊သူမွဲ ဆုံးဖြတ်ရာဝယ် မာရက၊မာရက ပူးကြသောအခါ အံသာ(၈)ခုသူဆင်းရဲပြု၏။
ရာသီစက်၏ဆုံးဖြတ်တည်း။
        မာရကဂြိုဟ်မာရကတွင်ရပ်ပြီး၊မာရကဘာဝရောက်ကြသောအခါ သူမွဲယုဂ်ကိုဖြစ်စေပါသည်၊
ဘာဝစက်၏အဆုံးဖြတ်တည်း။

န၀င်းအကျိုး၊အပြစ်
စရ၌ ၁-၀ဂ္ဂဖြစ်၊သူဋ္ဌေး ၅-ခု၊၉-မူသူတော်
ထိရ ၅-ခုဝဂ္ဂပြု၊သူဋ္ဌေး ၉-ဖြစ်၊သူတော်-၁
ဒွေးဒ ၉-မှာဝဂ္ဂသာ၊၁-တွင်သူဋ္ဌေး၊၅-ပေးသူတော် ဓမ္မခေါ်သည် န၀င်းစက်၏အဆုံးဖြတ်တည်း။

သူဋ္ဌေးယုဂ်

သူဌေးယုဂ်။        ။ သူဌေးယုဂ်ဆိုရာ၌ (၂) မျိုး တွေ့နိုင်ပါသည်။ (က) ပုတြမှရရှိမည့် မူလသဘာဝ သူဌေးယုဂ်အငယ်နှင့် (ခ) သုဘမှ ရရှိမည့် မူလသဘာဝ သူဌေးယုဂ်အကြီး ဟူ၍ ဖြစ်ပါသည်။ မည်သည့် သူဌေးယုဂ်မဆိုရရှိပါက-
        ဇာတာရှင်သည် လူအမျိုးမျိုးတို့ထံမှ ဥစ္စာရရှိမည် လူအမျိုးမျိုးတို့၏ လေးစားခြင်းကို ခံရမည်။ဆိုင်ရာလုပ်ငန်းတို့တွင်အရာရှိခေါင်းဆောင် အဖြစ်သို့ရောက်ရှိပါမည်။ တနည်း မင်းအဖြစ်သို့ ရောက်ရှိပြီးသြဇာတိက္ကမနှင်ပြည့်စုံပါမည်။လူနေမှုအဆင့်အတန်းတိုးတက်ကြီးမြင့်မည်။အဆင့်အတန်း
မြင့်စွာနေထိုင်ရမည်။အထူးကောင်းမွန်သောမိမိစိတ်တိုင်းကျအိမ်ရာတိုက်တာရရှိမည်။ လောကအတွက် ပစ္စည်းအသုံးအဆောင် ပရိဘောဂတို့ လိုလေးသေးမရှိအောင် ပေါများပြည့်စုံမည်။

    (က) ပုတြအိမ်ရှင်ဂြိုဟ်သည် အခြားသော တနု၊ ဗန္ဓု၊ ပတိဏိ၊ ကမ္မ အိမ်ရှင်ဂြိုဟ်များနှင့် မည်သည့်ရာသီ၌မဆို (၈) အံသာအတွင်း ပူးလျက်တည်ရှိပါသော် မူလသဘာဝသူဌေးယုဂ်အငယ်ကို ဖြစ်ပေါ်စေပါသည်။
    (ခ) သုဘဘာဝအိမ်ရှင်ဂြိုဟ်သည်အခြားသော တနု၊ ဗန္ဓု၊ ပတိဏိ၊ ကမ္မ အိမ်ရှင်ဂြိုဟ်များနှင့် မည်သည့်ရာသီ၌မဆို  (၈) အံသာအတွင်း ပူးလျက်တည်ရှိပါသော် မူလသဘာဝသူဌေးယုဂ်အကြီး ကို ဖြစ်ပေါ်စေပါသည်။


မူလသဘာဝသူဌေးယုဂ်အငယ်
             (၁)သူဌေးယုဂ်  ပဌမအငယ်ရရှိပါလျှင်(တနု+ပုတြ) ဇာတာရှင်အနေဖြင့် စာပေပညာတတ်မြောက်ပါမည်။ပညာတတ်အဖြစ်သို့ရောက်ရှိမည်။ပညာဖြင့်အသက်မွေးပြီးစာပေကျမ်းဂန်
တတ်မြောက်သူအဖြစ် ထင်ရှားပြီး ပညာရှင်အဖြစ်နှင့် ရပ်တည်နေထိုင်ရ ပါမည်။ ဆေးပညာရှင် အသက်မွေးမှုနှင့် ပတ်သက်သောပညာတို့တွင် ကျော်ကြားထင်ရှားပါမည်။
   
        (၂) သူဌေးယုဂ် ဒုတိယအငယ် (ပုတြ + ဗန္ဓု) ရရှိပါလျှင် ဇာတာရှင်အနေဖြင့် စက်ယန္တရားပညာတတ်မြောက်ပါမည်။အားကိုးလောက်သောတပည့်သားသမီးများရရှိပါမည်။ချမ်းသာစွာနေထိုင်ရပါမည်
။ရေကောင်းရေသန့်များကိုစိတ်တိုင်းကျသုံးစွဲရပါမည်။ပညာသင်သောကျောင်းများကို ပိုင်ဆိုင်နေထိုင်ရပါမည်။ ဆိုလိုသည်မှာ မိမိနေထိုင်သောနေအိမ်တွင် ပညာသင် တပည့်များဖြင့် ကျောင်းဖွင့်လှစ်နေထိုင်ရပါမည်။အာကိုးလောက်သောဆွေမျိုးများရှိပါမည်။ဆွေမျိုးများ၏
အထောက်အပံ့အကူ
အညီကိုရရှိပါမည်။မိမိအနေဖြင့်လည်းဆွေမျိုးများကိုထောက်ပံ့ကူညီနိုင်ပါမည်။အဆင့်မြင့်သော အိမ်ရာအဆောက်အဦးများ ပိုင်ဆိုင်နေထိုင်ရပါမည်။
   
        (၃) သူဌေးယုဂ် တတိယအငယ် (ပုတြ + ပတိဏီ) ရရှိပါလျှင် ပညာတတ်သော အိမ်ထောင်ဘက်များကို ရရှိပါမည်။ လူမှုရေးအတတ်ပညာ အိမ်ထောင်ထိမ်းသိမ်းမှုပညာတို့တွင် ကျွမ်းကျင်တတ်မြောက်ပါမည်။ အသင်းအဖွဲ့ ကုပ္မဏီလုပ်ငန်းတို့နှင့် အကျိုးပေးလုပ်ကိုင်ရပါမည်။ အပျော်အပါးတို့ကို မနှစ်သက်တတ်။ သားသမီးများစွာ ထွန်းကားပါမည်။ သားသမီး၊ တပည့်တို့၏ အကျိုးကိုရရှိခံစားရပါမည်။ပျော်ပွဲရွှင်ပွဲဖြစ်သောတီဗွီ၊ဗွီဒီယို၊ ရုပ်ရှင် လုပ်ငန်းတို့အားလုပ်ကိုင်ခြင်းဖြင့် ကြီပွါးချမ်းသာပါမည်။

    (၄) သူဌေးယုဂ် စတုတ္ထအငယ် (ပုတြ + ကမ္မ) ရရှိပါလျှင် ကောင်းမွန် အဆင့်မြင့်သောအလုပ်အကိုင်များကိုလုပ်ကိုင်ရပါမည်။  အုပ်ချုပ်စီမံရေးရာများ၌   ကျွမ်းကျင်းတတ်
မြောက်ပါမည်။ နေလနက္ခတ်တာရာ၊ ဗေဒင်ပညာ၊ ကွန်ပျူတာပညာ၊ ရေဒီယို၊ ကက်ဆက်၊ တယ်လီဗေးရှင်း၊အောက်စက်၊လျှက်စစ်၊လျပ်စက်စသည်တို့နှင့်သက်ဆိုင်သောပညာ၊ဂဏန်းသင်္ချာတို့
နှင့်ပတ်သက်သောလုပ်ငန်းများကိုလုပ်ကိုင်တတ်မြောက်ပါမည်။ဖေါ်ပြပါပစ္စည်းများကိုလည်း ပိုင်ဆိုင်ရပါမည်။

မူလသဘာဝသူဌေးယုဂ် အကြီး
      (၁) သူဌေးယုဂ် ပထမအကြီး (သုဘ + တနု) ရရှိပါလျှင် ဆရာအဖြစ်နှင့် တင့်တယ်စွာနေထိုင်ရပါမည်။အတိတ်ဘုန်းကံကြောင့်လောကတွင်အဆင့်မြင့်သော အနေထိုင်အသုံး
အဆောင်နှင့်လေးစားခြင်းကိုခံစားရပါမည်။တရားဓမ္မဖြင့် နေထိုင်လေ့ရှိပါမည်။ စာပေရေးသားခြင်းနှင့် အတွေးအခေါ်တို့တွင် ထက်မြက်ပြီး စာရေးခြင်းအတတ် ပညာတို့တွင် ထင်ရှားကျော်ဇောမည်။ ဆေးပညာ ခန္ဓာကိုယ် ကျန်းမာရေးနှင့် စာပေအတတ်ပညာ များကိုလည်း တတ်မြောက်ကျွမ်းကျင်ပြီး ဆရာအဖြစ်နှင့် လုပ်ကိုင်နေထိုင်ရပါမည်။

    (၂) သူဌေးယုဂ် ဒုတိယအကြီး (သုဘ + ဗန္ဓု ) ရရှိပါလျှင် တင့်တယ်မြင့်မြတ်သော ဆွေမျိုး၊ မိတ်ဆွေတို့ရှိပါမည်။ခေတ်မီထင်ရှားကောင်းမွန်သောအိမ်ရာ၊ တိုက်တာ၊ မော်တော်ကား၊ စက်ယန္တရား များကိုပိုင်ဆိုင်နေထိုင်ရပါမည်။ ချမ်းသာသုခနှင့် ပြည့်စုံစွာနေထိုင် ရပါမည်။ အထူးသဖြင့် ရေကောင်းရေသန့်များကိုအလိုရှိသလိုရရှိသုံးစွဲနေထိုင်ရပါမည်။ခရီသွားလုပ်ကိုင်ရသောလုပ်ငန်းများ၊
နိုင်ငံခြားခရီးများ၊သင်္ဘောသားခရီးသွားလုပ်ငန်းများစသောလုပ်ငန်းများနှင့် အကျိုးပေးလုပ်ကိုင်ရပါ
မည်။အထူးသဖြင့်တင့်တယ်မြင့်မြတ်သောမိတ်ကောင်းဆွေကောင်းတို့၏အထောက်အပံ့အကူအညီ အမျိုးမျိုးကို ရရှိပြီး လောကတွင် အဆင့်မြင့် စွာနေထိုင်ရပါမည်။
(မှတ်ချက်) ဂြိုဟ်တို့၏ အင်အားပေါ်မူတည်ပြီး သစ်သားအိမ်၊ တိုက်အိမ်၊ အကြီးအသေး၊ အလှအပ၊ စသည်များကွာခြားပါမည်။

    (၃) သူဌေးယုဂ် တတိယအကြီး (သုဘ + ပတိဏီ) ရရှိပါလျှင် တင့်တယ်မြင့်မြတ်သော အိမ်ထောင်ဘက်ရရှိပြီးစိတ်ချမ်းသာစွာနေထိုင်ရပါမည်။ဆရာအဖြစ်နှင့်ထင်ရှားသောအိမ်ထောင်
ဘက်ကိုရရှိပါမည်။ ငယ်ရွယ်စဉ်တွင်လည်း လူချစ်လူခင် ပေါများပါမည်။ ဆန့်ကျင်ဘက် လိင်များ၏ အထူးစိတ်ဝင်စားခြင်းကိုခံရပါမည်။အသင်းအဖွဲလုပ်ငန်း၊လူအများနှင့်ဆက်ဆံလုပ်ကိုင်ရသောလုပ်ငန်း ကုပ္မဏီလုပ်ငန်းများနှင့်အကျိုးပေးလုပ်ကိုင်ရပါမည်။လူမှုရေးနားလည်ပြီးအထူးသဖြင့်လူမှု့ဆက်
ဆံရေးကောင်းသဖြင့် မိမိပတ်ဝန်းကျင်၏ အထူးလေးစားချစ်ခင်မှုကို ရရှိပါမည်။

    (၄) သူဌေးယုဂ် စတုတ္ထအကြီး (သုဘ + ကမ္မ ) ရရှိပါလျှင် ဆရာဟူသောအလုပ်၊ အုပ်ချုပ်စီမံရသောလုပ်ငန်းများတွင်လုပ်ကိုင်လျက်တင့်တယ်မြင့်မြတ်စွာနေထိုင်ရပါမည်။နေလနက္ခတ်
တာရာတတ်သိကျွမ်းကျင်သောဆရာအဖြစ်၎င်း၊အတွက်အချက်သင်္ချာပညာရှင်ဆရာအဖြစ်၎င်း၊
အတိတ်ပစ္စုပန် အနာဂါတ်ကို ဟောပြောသော နက္ခတ်ဗေဒင်ဆရာအဖြစ်၎င်း၊  ရေဒိယို၊ ကက်စက်၊ တီဗွီ၊ အောက်စက်၊စသောလျှပ်စစ်နှင့်လျှပ်စက် ပစ္စည်းများကို ကျွမ်းကျင်တတ်မြောက်သည့် ဆရာအဖြစ်၎င်း၊ လုပ်ကိုင်နေထိုင် ပိုင်ဆိုင်ရပါမည်။


                                                  ****ဆရာဦးထွန်းလင်း(နဒီ)ကိုဂါဝရ ပြုပါသည်။ ****

No comments:

Post a Comment