Saturday, June 16, 2012

အိမ်ထောင်ကျချိန်ကိုခန့်မှန်းခြင်း

                                      အိမ်ထောင်ကျချိန်ကိုခန့်မှန်းခြင်း
ဗေဒင်လေ့လာနေသူများအတွက်

*ကောဇာစနေ (၁ မှ ၂ နှစ်အတွင်း)
- လဂ် နှင့် (၇)တန့် 
- လဂ် နှင့် (၇)တန့်သခင်       
- လဂ်သခင် နှင့် (၇)တန့်      
- လဂ်သခင် နှင့် (၇)တန့်သခင်      အတွဲကို မြင်နေရမည်။
** ၀ဂ္ဂသွားသောဂြိုဟ်နောက်တခွင်ဆုတ်ယူပါ။
      
*ကောဇာကြာသာပတေး (၁ နှစ်အတွင်း)
- (၅)တန့် နှင့် (၅)တန့်သခင် 
- (၅)တန့် နှင့် (၅)တန့်သခင်၊(၉)တန့်သခင်     
- ၆ ကြာ နှင့် (၅)တန့် 
- ၆ ကြာ နှင့် (၅)တန့်သခင်     အတွဲကို မြင်နေရမည်။


* ကောဇာအင်္ဂါ (၆ လ အတွင်း)
- လဂ် နှင့် (၇)တန့် 
- လဂ် နှင့် (၇)တန့်သခင်       
- လဂ်သခင် နှင့် (၇)တန့်      
- လဂ်သခင် နှင့် (၇)တန့်သခင်      အတွဲကို မြင်နေရမည်။
   

                                                         အိမ်ထောင်ရေး
        
(၇)တန့်ဘာဝရာသီ
(၇)တန့်ဘာဝသခင်ဂြိုဟ်ရပ်      
(၇)တန့်ဘာဝ၌ရပ်တည်သောဂြိုဟ်
(၇)တန့်ဘာဝကာရကဂြိုဟ်သောကြာ
လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်း      

                                                      (၇)တန့်ဘာဝရာသီ

မိဿရာသီ
    မိဿရာသီဖြစ်လျှင် စကားပြောရာတွင် ပွင့်ပွင့်လင်းလင်းရှိပြီး ရိုးသားစွာ ပြောဆိုတတ် သည်။ ရဲစွမ်းသတ္တိရှိ၏။
 လှူဒါန်းမှု၌ ရက်ရောတတ်၏။ လင်မယားတကျက်ကျက်ရန်ဖြစ်မည်။အိမ်ထောင်
ဖက်အားလွမ်းမိုးလိမ်မည်။မိုက်ရူးရဲ ကို လုပ်နေရမှ ကျေနပ်သည်။ Óဏ်ရည်Óဏ်သွေး ကောင်းသူ
များ ဖြစ်တတ်သည်။ ငယ်ရွယ်စဉ်ကပင် အတွေ့အကြုံ ရင့်ကျက်တတ်သည်။
        ဇနီးသည် ဆွေမျိုးများကိုခင်တွယ်တတ်မည်။မဟုတ်မခံပွင့်ပွင့်လင်းလင်းပြောဆိုတတ်မည်။

ပြိဿရာသီ
         ပြိဿရာသီဖြစ်လျှင် မျက်နှာသည် ကျက်သရေရှမည်။ လှပ၍ ဆွဲဆောင်သော  ၀တ္ထုပစ္စည်း
များကို ကြိုက်တတ်၏။သောကြာဂြိုဟ်အမြင်ခံရလျှင်ချောမောမည်၊ ယဉ်ကျေးသိမ်မွေ့မည်အနုပညာ
ဝါသနာပါမည်။ ချိုသာစွာ ပြောဆိုတတ်၍ ကြင်နာမှုနှင့် ချစ်ခင်မှုတို့ ဖြင့် ပြည့်စုံတတ်ကြသည်။
 ဥယျာဉ်မြေများနှင့်အကျိုးပေးမည်။


မေထုန်ရာသီ
     အိမ်ထောင်ရေး၌ဆွေမျိုးများသည်အဓိကအခန်းမှပါဝင်မည်။ ကူညီ ထောက်ပံ့မည့် ဆွေမျိုး
အသိုင်းအ၀ိုင်းနှင့် ပြည့်စုံတတ်၏။ ဦးနှောက်အနားပေးလေ့မရှိချေ။အိမ်ထောင်ဖက်သည်ဆွေမျိုးနီးစပ်
ဖြစ်မည်။ (၃)တန့်ရပ်ဂြိုဟ်များနှင့်ဗုဒ္ဓဟူးဂြိုဟ်က အဆုံးအဖြတ်ပေးမည်။မေထုန်ရာသီသည်ဗုဒ္ဓဟူးအ
မြင်ခံရလျှင်ပညာတတ်၍ လိမ္မာပါးနပ်မည်။လောဘကြီးမည်။အသုံးအစွဲကြီးလိမ့်မည်။

ကရကဋ်ရာသီ
           အိမ်ခင်တတ်သည်။သတိုသမီ၏မိဘများကအိမ်ထောင်ရေးတွင်အဓိကကျမည်။နောင်ရေး
အတွက်ပစ္စည်းဥစ္စာစုဆောင်းမှုသည်အဓိကကျသည် ခရီးသွားလာနေမှုကို နှစ်သက်၏။သားသမီးများ
တတ်သည်။စိတ်နေသဘောထားထက်မြက်လိမ့်မည်။ဥစ္စာပစ္စည်ပေါများမည်။
(၄)တန့်ရှိဂြိုဟ်များကိုထည့်သွင်းစဉ်းစားပါ။


သိဟ်ရာသီ
   အိမ်ထောင်ရေး၌အချစ်ရေးက လွမ်းမိုးနေမည်။ပျော်ပွဲရွှင်ပွံများကနှစ်ဦးစလုံးကိုဆွဲဆောင်ထား
မည်။အိမ်ထောင်ဖက်သည်ဂုဏ်သိက္ခာ အဆင့်အတန်းရှိမည်။(၅)တန့်ရပ်ဂြိုဟ်များကပြုပြင်မည်။အိမ်
ထောင်ဘက်သည်စိတ်တို၍စိတ်ဆတ်လိမ့်မည်။ရန်များတတ်သည်။

ကန်ရာသီ
        အိမ်ထောင်ဖက်သည် မိတ်ဆွေ၊ဆွေမျိုးများထဲမှဖြစ်မည်။အိမ်ထောင်ဖက်သည်စနစ်တကျလုပ်
ကိုင်တတ်မည်။စီးစနစ်ရှိမည်။ဗုဒ္ဓဟူးဂြိုဟ်အမြင်ခံရလျှင် ပညာတတ်မည်။ စကားပြောကောင်းမည်။
စိတ်နှလုံးကောင်းထားရှိတတ်မည်။လက်မှုပညာအချုပ်အလုပ်ဝါသနာပါပည်။
(၆)တန့်ရပ်ဂြိုဟ်များပြုပြင်ပေးမည်။
 
တူရာသီ
   အိမ်ထောင်ရေးဘ၀သာယာမည်။တဦးနှင့်တဦး ချစ်ခင်ကြင်နာယုယမည်။စီးပွားရေးဝါသနာပါ
မည်။ဇိမ်ခံတတ်မည်။ ။အနုပညာလိုက်စားမည်။တည်တည်တန့်တန့်နေထိုင်လိမ့်မည်။အပေါင်းအသင်း
များမည်။ သောကြာအမြင်ခံရလျှင် အိမ်ထောင်ဖက်သည်ချောမောမည်။စိတ်ကြီးဝင်တတ်သည်။

ဗြိစ္ဆာလဂ်
  လင်နှင့်မယားလျှာနှင့်သွားဆိုသကဲ့သိုတကျက်ကျက်ဖြစ်မည်။အိမ်ထောင်ရေးဘ၀သာယာမှုမရှိ
ဖြစ်လိမ့်မည်။ရန်များမည်။အမှုအခင်းများကြုံတွေ့ရတတ်သည်။

ဓနု
စိတ်ပါဝင်စားစွာ အလုပ်လုပ်တတ်သည်။ စကားအပြောကောင်း၏။ အလှူအတန်းဝါသနာပါ၏။
 ပွင့်လင်း၏။ လာဘ်ကို မမျှော်ဘဲ အမှုကိစ္စတို့ကို ဆောင်ရွက်တတ်၏။ ဇနီး၏ဆွေမျိုးများကလွမ်းမိုး
 လိမ့်မည်။စိတ်ကောင်းရှိမည်။ပြုစရာကိစ္စများကိုပြတ်ပြတ်သားသားလုပ်ကိုင်ဆောင်ရွက်တတ်မည်။
သနားကြင်နာတတ်မည်။

မကာရလဂ်
  ဇနီး၊ခင်ပွန်းကဦးဆောင်မည်။အိမ်ထောင်ဖက်၏မိဘများကဦးဆောင်မည်။ဘာသာရေးနှင့်
ပတ်သက်သောခရီးများသွားရလိမ်မည်။ကပ်စေးနဲတတ်မည်။ကောင်းသတင်းနှင့်ဖြစ်စေ မကောင်း
သတင်းနှင့်ဖြစ်စေ နာမည်ကျော်ကြားလိမ့်မည်။သားသမီးများတတ်သည်။

ကုမ်လဂ်
    မကောင်းမှုကို ပြုလုပ်ရာ၌ လှိျု့ဝှက်စွာပြုလုပ်တတ်သည်။အသုံးအဖြုံးကြီးမည်။ရတနာသုံး
ပါကိုဆည်းကပ်ကိုးကွယ်မည်။

မိန်
    ကိုယ်လုံးကိုယ်ပေါက်လှတတ်သည်။ ဇနီးယားတို့ကို လွန်စွာ ချစ်ခင်တတ်၏။ သူတစ်ပါးတို့
အပေါ်ယုံကြည်လွယ်၏။ရည်ရွယ်ချက်မြင့်မားမည်။စကားပြောကောင်းမည်။ဇနီး ၊ခင်ပွန်ကိုရိုသေလေး
စားမည်။


                                                     (၇)တန့်ဘာဝသခင်ဂြိုဟ်ရပ်       
(၁)တန့်ဘာဝ
       (၇)တန့်သခင်ဂြိုဟ် (၁)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ငယ်စဉ်ကသိသူနှင့်အိမ်ထောင်
ကျမည်။သူတပါးအိမ်ထောင်ကိုစိတ်ဝင်စားတတ်မည်။ ကာမဂုံစည်းစိမ်ရှိမည်။သည်းခံတတ်မည်။အသိ
အလိမ်မာညဏ်နက်နဲမည်။ အိမ်ထောင်ဖက်သည်အကောင်းအဆိုးကိုစဉ်းစားချင့်ချိန်နိုင်စွမ်းရှိမည်။
 
(၂)တန့်ဘာဝ
     (၇)တန့်သခင်ဂြိုဟ်(၂)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် အိမ်ထောင်ပြုခြင်းကြောင့်ကောင်း
ကျိုးခံစားရရှိမည်။ အိမ်ထောင်ဖက်အပေါ်စွဲလမ်းတတ်သည်။ အပြစ်မကင်းသောအိမ်ထောင်ဖက်ကိုရ
တတ်သည်။လွတ်လပ်စွာနေထိုင်တတ်မည်။အမြဲအတူတကွသွားအတူလာအတူရှိမည်။

(၃)တန့်ဘာဝ
       (၇)တန့်သခင်ဂြိုဟ် (၃)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် သားသမီးအတွက်သောကများ
ရတတ်သည်။ ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်တတ်မည်။ ဆွေမျိုးသားချင်းများကိုခင်တွယ်တတ်မည်။
အိမ်ထောင်ဖက်၏မောင်နှမသာချင်းများနှင်အဆင်ပြေစွာဆက်ဆံတတ်မည်။ ပါပဂြိုဟ်ဖြစ်လျှင်အကျိုး
ပေးမကောင်းပါ။

(၄)တန့်ဘာဝ
         (၇)တန့်သခင်ဂြိုဟ် (၄)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် အစစအရာရာပြည့်စုံသော
အိမ်ထောင်ရေးဘ၀ကိုရရှိမည်။အိမ်ထောင်ဖက်ကောင်းရရှိမည်။တရားစောင့်ထိမ်းမည်။ကတိသစ္စာရှိ
မည်။ အလွန်အမင်း မေတ္တာဂရုဏာစိတ်ရှိတတ်မည်။ စရအိမ်ဖြစ်လျှင်စိတ်အပြောင်းအလဲမြန်မည်။
ဆွေမျိုးများကကူညီစောင်ရှောက်မည်။

(၅)တန့်ဘာဝ
      (၇)တန့်သခင်ဂြိုဟ် (၅)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ဂုဏ်ကြက်သရေနှင့်ပြည့်စုံသော
အိမ်ထောင်ဖက်ကောင်းရရှိမည်။ သားသမီများဖြင့်ပြည့်စုံမည်။ ဂုဏ်သိက္ခာကိုစောင့်ထိန်းတတ်မည်။
စီးပွားဥစ္စပြည့်စုံမည်။ကြီးပွားတိုးတက်လိုစိတ်ရှိမည်။လုံးလ၀ီရိယကြီးမားမည်။သားသမီး၊မိဘများကို
စေတနာပြည့်စုံစွာဖြင့်ပြုစုစောင့်ရှောက်တတ်မည်။

(၆)တန့်ဘာဝ
      (၇)တန့်သခင်ဂြိုဟ် (၆)တန့်ဘာဝတွင်ရပ်တည်နေသောကြောင် ကျန်းမာရေးညံ့သောအိမ်ထောင်
ဖက်မျိုးရတတ်သည်။အိမ်ထောင်ဖက်သည်လောင်းကစားဝါသနာပါမည်။ လှိျု့ဝှက်စွာပြုမူတတ်သည်။
ရန်သူများမည်။အိမ်ထောင်ရေးအကျိုးမပေးတတ်ပါ။ အိမ်ထောင်ကိုချစ်ခင်စွဲလမ်းခြင်းမရှိတတ်။အမြဲ
စိတ်ဆင်းနေရလိမ့်မည်။အိမ်ထောင်ဖက်မြုံတတ်သည်။အိမ်ထောင်နှစ်ဆက်ရှိလိမ့်မည်။
(၇)တန့်ဘာဝ
            (၇)တန့်သခင်ဂြိုဟ် (၇)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် အိမ်ထောင်ဖက်သည်
ဥပဓိရုပ်ကောင်းမွန်မည်။ဆွေကြီးမျိုးကြီးထဲမှအိမ်ထောင်ဖက်ကောင်းရတတ်မည်။အိမ်ထောင်ဖက်နှင့်
အတူတကွ စီးပွား ရှာဖွေလုပ်ကိုင်မည်။ကာမဂုံဆန္ဒပြည့်စုံမည်။နူးညံ့သိမ့်မွေ့သောစိတ်နေသဘော
ထားရှိမည်။

(၈)တန့်ဘာဝ
           (၇)တန့်သခင်ဂြိုဟ် (၈)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ရောဂါထူသောအိမ်ထောင်
ဖက်မျိုးရတတ်သည်။ငွေကြေးအကုန်အကျများမည်။အိမ်ထောင်ဖက်သည် ဒေါသကြီးမည်။စိတ်ရင်းညံ့
မည်။ အိမ်ထောင်ရေးဘ၀သည် စိတ်ဆင်းရဲစရာကိစ္စများစွာကြုံတွေ့ယင်းရှောက်လှမ်းရလိမ့်မည်။
အိမ်ထောင်ဖက်သည်ဖောက်ပြန်လိမ့်မည်။ဆန့်ကျင်ဘက်လုပ်ကိုင်ဆောင်ရွက်လိမ့်မည်။ပါပဂြိုဟ်များ
ကလွမ်းမိုးလျှင်အိမ်ထောင်ဖက်စောစီးစွာသေဆုံးမည်။

(၉)တန့်ဘာဝ
          (၇)တန့်သခင်ဂြိုဟ် (၉)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် အကျင့်သီလပြည်စုံ၍ဂုဏ်
သိက္ခာရှိသော အဆင့်အတန်းမြင့်သော အိမ်ထောင်ဖက်မျိုးရလိမ့်မည်။အိမ်ထောင်ဖက်သည် အကျင့်
စာရိတ္တကောင်းမွန်မည်။အိမ်ထောင်ဖက်သည်အတိတ်ကံကောင်းမည်။ဘုန်းတခိုးကြီးမည်။လူအများကို
စပ်စုဝေဖန်တတ်မည်။အိမ်ထောင်ဖက်သည် နိုင်ငံရပ်ခြားတွင်ကြီးပွားချမ်းသာမည် ။ အစွဲအလမ်းကြီး
မည်။စီးစိမ်ချမ်းသာနှင့်ပြည့်စုံလိမ့်မည်။

(၁၀)တန့်ဘာဝ                       
          (၇)တန့်သခင်ဂြိုဟ် (၁၀)တန့်ဘာဝတွင်ရပ်တည်နေခြင်းကြောင့်သစ္စာရှိသော၊စိတ်သဘော
ထားကောင်းသောအိမ်ထောင်ဖက်မျိုးရမည်။အိမ်ထောင်ဖက်မှမိမိအားအကြိုက်ဆောင်မည်။အိမ်ထောင
်ဖက်ကြောင့်အလုပ်အကိုင်အဆင်ပြေချောမွေ့မည်။အိမ်ထောင်ဖက်သည်ဇာတာရှင်ကိုအကူအညီများစွာ
ပေးလိမ့်မည်။သစ္စာရှိသောအိမ်ထောင်ဖက်မျိုးရရှိလိမ့်မည်။

(၁၁)တန့်ဘာဝ
         (၇)တန့်သခင်ဂြိုဟ် (၁၁)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် အိမ်ထောင်ဖက်ချစ်မြတ်နိုး
၍အလိုလိုက်တတ်သည်။ ရုပ်အဆင်းလှပတင့်တယ်၍ အကျင့်သီလပြည့်စုံသော မယားကောင်းရလိမ့်
မည်။သားသမီးသံယောဇဉ်ကြောင့် အိမ်ထောင်ဖက်အပေါ်မေတ္တာတရားကြီးမားမည်။မိမိအဆင်အတန်း
နှင်လျှော်ညီစွာအိမ်ထောင်ဖက်ကိုကောင်းမွန်စွာပြုစုလုပ်ကျွေးလိမ့်မည်။

(၁၂)တန့်ဘာဝ
        (၇)တန့်သခင်ဂြိုဟ် (၁၂)တန့်ဘာဝတွင်ရပ်တည်နေသောကြောင့် ဘ၀တွင်တကြိမ်ထက်မနဲ
လက်ထပ်ရလိမ့်မည်။သူတပါသားမယားကိုနှစ်သက်သဘောကျလိမ့်မည်။ကာမဂုဏ်ဆန္ဒအားကြီးမည်။
အိမ်ထောင်ဖက်နှင့်ကင်းကွာနေထိုင်ရတတ်သည်။ဖေါက်ပြန်သောစိတ်ရှိမည်။မယား၊လင်ငယ်ယူတတ်
မည်။အိမ်ထောင်ရေးကိုအလေးအနက်မထားတတ်သူဖြစ်လိမ်မည်။


                                          (၇)တန့်ဘာဝ၌ရပ်တည်သောဂြိုဟ်

တနင်္ဂနွေ ၇ တန့်
               တနင်္ဂနွေ ၇ တန့်ဘာဝတွင်ရပ်တည်ထားသောကြောင့် ဇာတာရှင်ဘ၀ခရီးတလျှေက်
လျှောက်လှမ်းရာတွင်မဖြောင့်ဖြူးတတ်ပါ။ အခက်အခဲအတားအဆီးများစွာကိုကျော်ဖြတ်ရလိမ့်မည်။
လူမျိုးခြားများနှင်အကျိုးပေးမည်။ဖက်စပ်လုပ်ငန်းများနှင့်အကျိုးပေးတတ်သည်။မိမိလုပ်လိုသောကိစ္စ
ကိုမဖြစ်မနေ ဖြစ်အောင်ကြိုးစားလုပ်ကိုင်တတ်သည်။ ကျန်းမာရေးကောင်း၍ သန့်ရှင်းလှပတောင့်
တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်ရပေမည် အနုပညာဆန်သော အတွေးအခေါ် ရှိမည်။တနည်း လူမှုရေး
အတွေးအခေါ်ရှိပြီး လူမှုရေးနားလည်သဖြင့် မိမိပတ်ဝန်းကျင်တွင် ထင်ရှားမည်။လိင်ကွဲချစ်ခင်သော
မိတ်ဆွေများ ပေါများပါမည်။အဖွဲ့အစည်းတို့၏သဘောတရားနှင့်လူမှုရေးစာပေများတွင် ဗဟုသုတ
ြွကယ်ဝပါမည်။လူအများနှင့် ဆောင်ရွက်လုပ်ကိုင်တတ်သော သဘာဝရှိပေမည်။လူအများတို့၏ချစ်ခင်
ခြင်းကိုရရှိပေမည်။စာရိတ္တသိပ်မကောင်းသူဖြစ်တတ်သည်၊အမျိုးသမီးများ၏ အမုန်းကို ခံရတတ်သည်၊
 အသက်ကြီးမှအိမ်ထောင်ကျတတ်သည်၊ဇနီးသည်အလိုကျလုပ်ကိုင်ပေးရတတ်သည်။ခရီး သွားလာခြင်း
ကိုခုံမင်တတ်သည်။ သောမဂြိုဟ်များ၏ မြင်ခြင်းကိုခံရလျှင် ဇနီးသည် ရိုးသားဖြောင့်မတ်မည်၊          
        

တနင်္လာ ရ တန့်
                    ခန္ဓာကိုယ်ပြေပြစ်ချောမောလှပသူနှင်အိမ်ထောင်ကျမည်။ ဇနီးချောရတတ်သည်။
အပြုအမူယဉ်ကျေးသိမ်မွေ့လိမ့်မည်။ရွှေငွေ ဥစ္စာပစ္စည်းပေါးများမည်။စွန့်စွန့်စားစား အလုပ်လုပ်ကိုင်
 တတ်သည်။ မိသားစုကောင်းရရှိတတ်သည်။တခါတရံအတွေးအခေါ် အမြင်ကျဉ်းတတ်သည်၊နာလိုဝန်
တိုဣဿာစ္ဆရိယစိတ်ရှိတတ်သည်၊ကာမဆန္ဒအား လွန်ကဲတတ်သည်။လူကြီးနှင့်သူမများအားလေးစား
မည်။
ပါပဂြိုဟ်များ၏ အမြင်ခံရလျှင် ဇနီးနှစ်ယောက်ရတတ်သည်။ကျန်းမာရေးညံ့မည်။

အင်္ဂါ ၇ တန့်
            အိမ်ထောင်ပြုမည်ကြံတိုင်းအနှောက်အယှက်နှင့်ကြုံရမည်။အိမ်ထောင်ပြုရေးတွင်အခက်
အခဲများရင်ဆိုင်ဖြေရှင်းကျော်လွှားရမည်။ ပထမအိမ်ထောင်ပျက်မည်။ရည်းစားများမည်။ ဇနီးသည်
ချူချာလိမ့်မည်၊ သွေးသွန်ရောဂါ၊လိပ်ခေါင်းရောဂါ၊လက်နှင့်ပတ်သက်သောရောဂါများရတတ်မည်။
 ညီအစ်ကိုများမည်၊ အမိဘက်မှ ဦးလေးများမည် အသိÓဏ်ရှိ မည်။ မုဆိုးဖို၊မုဆိုးမဖြစ်တတ်သည်။

ဗုဒ္ဓဟူး၇ တန့်
     ဘာသာရေးလေးလိုက်နာမည်။ကြက်သရေရှိမည်။အိုးအိမ်ကိုစနစ်တကျထိန်းသိမ်းနိုင်စွမ်းရှိသည်။
ယာဉ်ပိုင်ဆိုင်ရမည်။ ကျန်းမာရေးကောင်းသည်၊ ပေးကမ်းစွန့်ကြဲတတ်သည်။ မည်သည့်အလုပ်မဆို
အလွယ်တကူတတ်လွယ်သည်။သာယာဖွယ်ကောင်းသောအိမ်ထောင်ရေးဖြစ်မည်။
အမြင်အယှဉ်မကောင်းကဖောက်ပြန်တတ်သည်။အမြုံနှင့်ရမည်။


ကြာသပတေး ၇ တန့်
             နူးညံ့သိမ်မွေ့၍ ဂုဏ်ကြက်သရေရှိမည်။မိဘ၊ဆရာသမား၊အကြီးအကဲတိုအားရိုသေစွာ
ဆည်းကပ်ကိုးကွယ်မည်။ချမ်းသာ၍ ထင်ရှားကျော်စောမည်။ အိမ်ထောင်ကျပြီးမှပို၍ ချမ်းသာမည်။
 စိတ်လှုပ်ရှားလွယ်တတ်သည်။ နာမည်ကောင်းကိုစောင့်ထိမ်းမည်။အိမ်ထောင်ဘက်ကိုလေးစားချစ်ခင်
မည်။ရန်သူနည်း၍မိတ်ဆွေပေါ်များမည်။အသင်းအဖွဲ့များတွင်ထင်ရှားကျော်ကြားမည်။အသက်ရှည်၍
ဘုန်းကြီးမည်။အိမ်ထောင်ဘက်တဦးတည်းသာစွဲမြဲစွာ ရာသက်ပန်ပေါင်းသင်းတတ်သည်။
ပါပဂြိုဟ်မြင်လျှင် ဇနီး သစ္စာမဲ့တတ်သည်။

သောကြာ ၇ တန့်
                 အမျိုးသမီးတို့ကို ကြိုက်နှစ်သက်တတ်သည်။ဘ၀တလျှောက်ကြီးပွားချမ်းသာမည်။
အသက်ကြီးပိုင်းတွင်ဘာသာရေးကိုင်းရှိုင်းမည်။ ဘ၀အစတွင် အမှားများစွာနှင့်ရင်ဆိုင်ရတတ်သည်။
အိမ်ထောင်ဘက်၏ချစ်ခင်မြတ်နိုးခြင်းခံရမည်။တဏှာရာဂကြီးမားမည်။အမျိုးသမီးမိတ်ဆွေပေါးများ
မည်။စည်းဇိမ်ခံတတ်မည်။အိမ်ထောင်းရေးသာယာမည်။အမျိုးမြင့်မြတ်သူနှင့်အိမ်ထောင်ကျမည်။သား
သမီးများစွာရရှိမည်။ငယ်ရွယ်စဉ်ကစိတ်ကူများစွာယဉ်တတ်သောသူဖြစ်လိမ့်မည်။
ဂြိုဟ်အမြင်အယှဉ်မကောင်းလျှင်ကာမေသုမိစ္ဆာစာရကံ ထိုက်တတ်သည်။

စနေ ၇ တန့်
            အိမ်ထောင်ဆက်ပေါများမည်။မကောင်းမှုကို နှစ်သက်မည်။လှျိုဝှက်လုပ်ကိုင်ဆောင်ရွက်
တတ်မည်။ ခရီးသွာလာမှုကိုကြိုက်နှစ်သက်တတ်၏။မုသားစကားကိုလွယ်ကူစွာပြောဆိုတတ် လိမ်ညာ
တတ်မည်။ထင်ပေါ်ကျော်ဇောခြင်းကင်းမည်။ လိင်အင်္ဂါနှင်ပတ်သက်သောရောဂါထူမည်။ဝမ်းကိုက်ဝမ်း
လျောရောဂါဖြစ်တတ်သည်။အကျင်စာရိတ္တမကောင်းသောသူများနှင့်ပေါင်းဖေါ်ရမည်။
စနေနှင့် သောကြာပူးလျှင် ဇနီးသည်ပါ ဖောက်ပြန်တတ်သည်။

ရာဟု ၇ တန့်
               ဘ၀တလျောက်လုံးစိတ်ချမ်းသာမှုမရှိဖြစ်တတ်သည်။အိမ်ထောင်ပျက်မည်။မယားနှစ်
ယောက်ရှိတတ်သည်။အစာမကြေ(သို့)၀မ်းဖေါဝမ်းယောင်ဖြစ်တတ်သည်။မုဆိုးမများနှင့် ဖောက်ပြန်
တတ်သည်။သနားကြင်နာခြင်းကင်းမဲ့တတ်မည်။ခန္ဓကိုယ်အချိုးအစာမကျသူနှင့်ဆုံတွေ့ရတတ်မည်။
 ဆီးချိုဖြစ်မည်၊ အရက်သေစာ ကြိုက်တတ်သည်။

ကိတ်၇ တန့်
    အခိုင်းအစေအမျိုးသမီး၊ တံမြက်စည်းသမ၊ သူနာပြုဆရာမ အစောင့်တို့နှင့် ဆပ်စပ်မှု ရှိသည်။
 အင်မတန်သနားတတ်သည်၊မကျန်းမာသောဇနီးရှိမည်။မကောင်းမှုကိုလှိျု့ဝှက်စွာပြုတတ်သည်။မုဆိုးမ
များအား မြူဆွယ်တတ်သည်။


         (၇)တန့်ဘာဝကာရကဂြိုဟ်သောကြာဘာဝ(၁၂)ပါးတွင်ရပ်တည်ခြင်းအကျိုးတရားများ

(၁ တန့်)
          သင်္ချာပညာရှင်ဖြစ်လိမ့်မည်။အသက်ရှည်ခြင်း၊ ဇနီးကိုချစ်တတ်မည်။ရတနာ၊အ၀တ်အစား၊
အမွှေးအကြိုင် ပန်းအမျိုးမျိုးကြိုက်နှစ်သက်မည်။မျက်နှာပွင့်လင့်မည်။ သူတော်ကောင်းပုဂ္ဂိုလ်တို့အား
ဆည်းကပ်မည်။ ကာမဂုဏ်ချမ်းသာနှင့်ပြည်စုံမည်။ကုသိုလ်ကောင်းမှု အလှူဒါနကိုပြုလုပ်တတ်သည်။

(၂ တန့်)
       ရုပ်ချောမည်၊ မျက်လုံးကောင်းသည်၊ဆွေကြီးမျိုးကြီးမှဆင်းသက်မည်။အစားအသောက်ကောင်း
ကြိုက်သည်၊ချစ်စရာဇနီးရတတ်သည်။ ဇနီးမှလွဲ၍မိန်းမမုန်းမည်။ အနုပညာဝါသနာပါမည်။ သဘော
ကောင်းလိုက်လျောတတ်လိမ့်မည်။ထက်မျက်သော အသိညဏ်ရှိမည်။စကားပြောကောင်းမည်။ အဖိုး
တန်အ၀တ်အစားကြိုက်နှစ်သက်လိမ့်မည်။ မိတ်ဆွေများနှင့်ဆွေမျိုးသားချင်းတို့အလည်တွင်တင့်တယ်
မည်။အိနြေ္ဒရှိမည်။

(၃ တန့်)
            ဆွေမျိုးသားချင်းများနှင့်မသင့်မမြတ်ဖြစ်တတ်သည်။ မောင်နှမသားချင်းများပြားမည်။
ဒေါသကြီးမည်။စီးပွားတိုးတက်အောင်ဆောင်ရွက်လိုစိတ် ၊ကြိုစားအားထုပ်လိုတ်နည်းမည်။အေးအေး
ဆေးဆေးနေလိုမည်။မိမိရသင်ရထိုက်သောအခွင့်အလမ်းများဆုံးရူံးမှုနှင့်ကြုံရတတ်သည်။

(၄ တန့်)
        အစားကောင်းသည်၊ စာတော်သည်၊ Óဏ်ရှိသည်၊ ကြင်နာသော မိခင်ရတတ်သည်၊ယဉ်ပိုင်
 ဆိုင်လိမ့်မည်။နို့ကြိုက်တတ်သည်၊ ဆွေမျိုး၊ မြေယာစိုက်ပျိုးသီးနှံ၌ အောင်မြင်မည်၊ ကျော်ဇောမည်။
မိဘတို့အားပြုစုလုပ်ကျွေးလိမ့်မည်။လူပရိတ်သတ်အလယ်တွင့်တင့်တယ်မည်။

(၅ တန့်)
      Óဏ်ရှိသည်၊ အုပ်ချုပ်မှု အရည်အချင်းရှိသည်၊ မိခင်အန္တရာယ်ရှိသည်၊ အုပ်ချုပ်သူ ဖြစ်မည်။ စာတတ
် ပညာတတ်ဖြစ်မည်၊ သမီးလေးများမည်။ရာထူးကြီးကြီးမားမားရတတ်သည်။ကိုယ်ပိုင်ယဉ်
စီးရလိမ့်မည်။

(၆ တန့်)
       ရန်အတိုက်အခံများမည်။ မောင်နှမ၀မ်းကွဲပေါမည်၊ ဖောက်ပြန်တတ်သည်၊ လိင်ရောဂါအစဉ်ရ မည်၊
ဗဟုသုတပေါများမည်၊ အမျိုးသမီးမျိုးစုံ ကြိုက်သည်။သူတပါးအကူအညီမရတတ်ပါ။အထက်လူ
ကြီး၊ဆရာသမားများအတွက် သောကများရတတ်သည်။

(၇ တန့်)
               အမျိုးသမီးများစွာတို့ကို ကြိုက်နှစ်သက်လိမ့်မည်။စီးပွား ချမ်းသာသောမယားရမည်။
ကာမဂုဏ်ကိုမတင်းတိမ်တတ်သောသူဖြစ်လိမ့်မည်။လူအများကိုမိမိဘက်ပါအောင်ဆွဲဆောင်နိုင်စွမ်းရှိ
မည်။အသင်းအဖွဲ့များနှင့်အကျိုးပေးမည်။

(၈ တန့်)
      ပျော်ရွှင်စွာနေတတ်သည်။ဘုန်းကြီး၍ အသက်မရှည်ဖြစ်မည်။အကုသိုလ်လုပ်ငန်းနှင့်အကျိုး
ပေးမည်။ အမှားအမှန် ဂရုမစိုက်တတ်ပေ။စကားပြောကြမ်းမည်။စီးပွားရေးအကြပ်အတည်းကြုံရ
တတ်သည်။ြွေကးမကင်းဘဲရှိမည်။

(၉ တန့်)
            ဘာသာရေးကိုင်းရှိုင်းသည်၊ဆရာသမား၊မိဘ၊အကြီးအကဲတို့အားရိုသေလေးစားတတ်၏။
 အကြီးအကဲဖြစ်တတ်သည်။စီးပွားရေးအကွက်မြင်တတ်သည်။ဘုရား၊တရား၊သံဃာကိုကြည်ညိုလေး
စားမည်။ဘုရားဖူးခရီးများမကြာခဏသွားရမည်။လူအများ၏လေးစားမှုကိုခံရမည်။

(၁၀ တန့်)
           အမျိုးအနွယ်ကိုဂုဏ် သိက္ခာထိခိုက်စေသောကိစ္စကိုဆောင်ရွက်မိတတ်သည်။မတရားစီးပွား
ရှာလျှင်မမြဲတတ်၊တရားသဖြင့်စီးပွားရှာမှမြဲမည်။ကုသိုလ်ကောင်းမှုများပြုလုပ်ရလိမ့်မည်။မင်းနှင့်တူ
သောစည်းစိမ်ကိုပေးမည်။လိမ်မာသောဇနီးကောင်းရတတ်သည်။မိန်မအမွေအနှစ်ရမည်။ပညာရေး
အဆင်မပြေတတ်ပါ။ကိုယ်ပိုင်ယဉ်ရိုမည်။ ဥပဒေနှင့် အကျိုးပေးသည်။မိမိအားပြိုင်ဆိုင်၊တိုက်ခိုက်
လာသူအား တရားသဖြင့်ယှဉ်ပြိုင်အနိုင်ရရှိမည်။အိမ်ထောင်ဘက်မှမိမိ၏လုပ်ငန်းကိုင်ငန်းများအား
အကူအညီပေးလိမ့်မည်။

(၁၁ တန့်)
           အိမ်ထောင်ဘက်သည် ရုပ်ရည်လက္ခဏာအဆင်း လှပတင့်တယ်မည်။ဂုဏ်ကြက်သရေ
ဖြင့်ပြည့်စုံမည်။ကျော်ဇောထင်ရှားမည်၊ြွကယ်ဝချမ်းသာမည်။ကတိသစ္စာတည်မည်၊သီလသမာဓိရှိမည်
ညဏ်ပညာထက်မြက်မည်။လူအမျာကြည်ညိုလေးစားခြင်းခံရမည်။တရားသဖြင့်စီးပွားရှာမည်။မြေယာ
အိုးအိမ်၊ယဉ်များ ပိုင်ဆိုင်လိမ့်မည်။စီးပွားရေးကောင်းမွန်မည်။တေးဂီတ၊အနုပညာဝါသနာပါမည်။

(၁၂ တန့်)
        ဂုဏ်ကြက်သရေနိုမ့်ကျတတ်သည်။ဝင်ငွေနှင့်သုံးငွေညီမျှခြင်းမရှိဖြစ်တတ်သည်။ဆွေမျိုးသား
ချင်းများနှင့်ရန်များတတ်သည်။မိမိထက်အဆင့်နိမ့်အမျိုးသမီးကို သဘောကျတတ်သည်။ကပ်စေးနည်း
မည်။ ကတိပေးပြီးမတည်တတ်။အိမ်ထောင်ရေးနှင့်ပတ်သက်၍၀မ်းနည်းစရာများနှင့် ကြုံတတ်သည်။
မိမိနှင့်အရင်းနှီးဆုံးလူမှသစ္စာဖေါက်ခြင်းခံရမည်။


                                             လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းစီး

တနင်္ဂနွေ န၀င်းစီး
     လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် တနင်္ဂနွေန၀င်းဖြစ်လျှင် သီလအစရှိသောသမာဓိဂုဏ်
နှင့်ပြည့်စုံသော၊ တည်ကြည်သော ဇနီး ခင်ပွန်း ကိုရမည်။

တနင်္လာ န၀င်းစီး
   လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် တနင်္လာန၀င်းဖြစ်လျှင် နူးညံ့သိမ်မွေ့၍မယားအလို
ကိုလိုက်သော  ခင်ပွန်း ကိုရမည်။
    နူးညံ့သိမ်မွေ့၍ခင်ပွန်းးအလိုကိုလိုက်သော ဇနီးကိုရမည်။

အင်္ဂါ န၀င်းစီး
      လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် အင်္ဂါန၀င်းဖြစ်လျှင် မယားများပြီးအမျက်ဒေါ
သကြီးသော ခင်ပွန်းကိုရမည်။
       လင်ကိုတော်လှန်တတ်ပြီး ရုန်းရင်းကြမ်းတမ်းစွာ ပြန်လှန်ပြောဆိုတတ်သောအိမ်ထောင်
ဆက်များသော ဇနီးကိုရမည်။

ဗုဒ္ဓဟူး န၀င်းစီး
    လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် ဗုဒ္ဓဟူးန၀င်းဖြစ်လျှင် စာပေပညာ၊ကျမ်ဂန်တတ်ပြီး
အလုံးစုံသောအမှုကိစ္စကိုသိသော ခင်ပွန်းကိုရမည်။
     အချုပ်အလုပ်နှင်တကွ အိမ်မှုကိစ္စကိုကျွမ်းကျင်သသော ဇနီးကိုရမည်။

ကြာသာပတေး န၀င်းစီး
     လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် ကြာသာပတေးန၀င်းဖြစ်လျှင် နူးညံ့သိမ်မွေ့၍
ချစ်ခင်နှစ်သက်စဖွယ်ကောင်းသော ဇနီးကိုရမည်။
     ဘာသာရေလေစားလိုက်နာကျင်သုံးသော၊အမှုကိစ္စအသစ်များကိုပြုလုပ်သော၊သူတော်ကောင်း
ခင်ပွန်းကိုရမည်။

သောကြာ န၀င်းစီး
         လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် သောကြာန၀င်းဖြစ်လျှင်ချစ်ခင်နှစ်သက်စဖွယ်
ကောင်းသော ဇနီး ခင်ပွန်းကိုရမည်။

စနေ န၀င်းစီး
        လဂ်စီးန၀င်းမှ(၇)တန့်မြောက် န၀င်းသည် စနေန၀င်းဖြစ်လျှင် မိမိထက်အသက်အရွယ်ကြီး
သောသူ၊မိုက်မိုက်ကန်းကန်းပြောဆိုတတ်သော ဇနီးကိုရမည်။
      မိမိထက်အသက်အရွယ်ကြီးသောသူ၊မူးရူးသောက်စားလေ့ရှိသောအရက်ကြိုက်သောခင်ပွန်း
မိုက်မိုက်ကန်းကန်းပြောဆိုနေထိုင်တတ်သော ခင်ပွန်းကိုရမည်။

*အိမ်ထောင်ရေးအဟောများတွင်အသုံးပြုနှိင်ပါသည်။


No comments:

Post a Comment