Saturday, June 16, 2012

''ဂြိုဟ်ပူးအဟောများ''

                                                                            ''ဂြိုဟ်ပူးများ''

                       မူလဇာတာတွင်တနင်္ဂနွေနှင့်တနင်္လာ ပူးယှဉ်၍''စန္ဒာသူရိယ''ယုဂ်ကိုရရှိသည်။ဇာတာရှင်သည်စက်မှူလက်မှူလုပ်ငန်းများ
တွင်စိတ်ပါဝင်စားတတ်သည်။ဗဟုသုတကြွယ်ဝမည်။စက်ပစ္စည်းများအရောင်းအ၀ယ်လုပ်ငန်း
များလုပ်ကိုင်မည်။စက်မှုအင်ဂျင်နီယာလုပ်ငန်းများစိတ်ပါဝင်စားမည်။

         
                 မူလဇာတာတွင်တနင်္ဂနွေနှင့်အင်္ဂါပူးယှဉ်၍''သူရိယမင်္ဂလယုဂ်''ရရှိသည်။ဇာတာရှင်သည်ရဲရင့်သည်
တော်လှန်ရေးအပြုအမူကိုနှစ်သက်သည်။စစ်သည်တော်ကောင်းဖြစ်တတ်သည်။မန်မာနကြီးတတ်သည်။

                       
                           မူလဇာတာတွင်တနင်္ဂနွေနှင့်ဗုဒ္ဓဟူးပူးယှဉ်၍''သူရိယဗုဒ္ဓယုဂ်''ကိုရရှိသည်။ဇာတာရှင်သည်
ညဏ်ပညာထက်မြက်မည်။အဆင့်အတန်းမြင့်သောပညာကိုသင်ကြားတတ်မြောက်မည်။ဇ၀နညဏ်နှင့်ပြည့်စုံမည်။
ပညာဖြင့်ထင်ပေါ်ကျော်ကြားမည်။ဘ၀တလျှောက်လုံးပျော်ရှင်စွာနေထိုင်ရမည်။

                   
                     မူလဇာတာတွင်တနင်္ဂနွေနှင့်ကြသပတေးပူးယှဉ်၍''သူရိယဇီဝယုဂ်'''ကိုရရှိသည်။ဇာတာရှင်သည်
မင်း၊အစိုးရအရာရှိအကြီးအကဲဖြစ်တတ်သည်။တကိုယ်ကောင်းဆန်တတ်သည်။အုပ်ချုပ်ရေးပိုင်းတွင်တာဝန်ထမ်းဆောင်ရမည်
ရက်စက်ကြမ်းကြုပ်တတ်သည်။

                 
                     မူလဇာတာတွင်တနင်္ဂနွေနှင့်သောကြာပူးယှဉ်၍''သူရိယသုက္ကရယုဂ်''ကိုရရှိသည်။ဇာတာရှင်သည်
စာပေအနုပညာ၊တေးဂီတ၊သဘင်ပညာလေ့လာလိုက်စားတတ်သည်။ကြွက်သားများသန်မာတောင့်တင်း၍ကျန်မာရေးဋ္ဌာန၊

အားကစားဋ္ဌာနတိုတွင်အလုပ်လုပ်ကိုင်ရတတ်သည်။

                     
                            မူလဇာတာတွင်တနင်္ဂနွေနှင့်စနေပူးယှဉ်၍''သူရိယသောရီယုဂ်''ရရှိသည်။ဇာတာရှင်သည်
ဘ၀တွင်ဆင်းရဲပင်ပန်းစွာလုပ်ကိုင်ရတတ်သည်။အပင်ပန်းခံမှသာလုပ်ငန်းမျာအောင်မြင်မှူရတတ်သည်။
                   
               
                   မူလဇာတာတွင်တနင်္ဂနွေနှင့်ရာဟုပူးယှဉ်၍''သူရိယအသူရယုဂ်''ရရှိသည်။ဇာတာရှင်သည်ဖခင်၏
 ကျေးဇူးကိုမခံစားရတတ်ပေ။ဖခင်အတွက်စိတ်သောကများအံ့။မိမိဦးဆောင်ပြီးလုပ်သောလုပ်ငန်းများတွင်အနှောက်အ
ယှက်နှင့်ကြုံတွေ့ရတတ်သည်။


               မူလဇာတာတွင်တနင်္လာနှင့်အင်္ဂါပူးယှဉ်၍''စန္ဒရာမင်္ဂလယုဂ်''ရရှိသည်။ဇာတာရှင်သည် အမျိုးသမီးများ
နှင့်ပတ်သက်၍ငွေကြေးရရှိသောလုပ်ငန်းကိုလုပ်ကိုင်တတ်သည်။မိခင်အားဆန့်ကျင်ဘက်ပြုမူပြောဆိုတတ်သည်။ရူးရူး
မိုက်မိုက် တဇွတ်ထိုးပြုမှူလုပ်ကိုင်တတ်သည်။စည်းစိမ်းကြွယ်ဝချမ်းသာတတ်သည်။
           မူလဇာတာတွင်တနင်္လာနှင့် ဗုဒ္ဓဟူးပူးယှဉ်၍''စန္ဒရာဗုဒ္ဓယုဂ်''ရရှိသည်။ဇာတာရှင်သည် စကားအပြောအဆို
ချိုသာမည်။လုပ်ငန်းကြီးများတည်ထောင်လုပ်ကိုင်မည်။ထင်ပေါ်ကျော်ကြားမည်။စာပေရးသာထုတ်ဝေခြင်း၊တရားဟော
ဆရာ၊ဓမ္မတထိက၊အနုပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုလိမ့်မည်။


           မူလဇာတာတွင်တနင်္လာနှင့် ကြသပတေးပူးယှဉ်၍''စန္ဒရာဇီဝယုဂ်''ရရှိသည်။ဇာတာရှင်သည်ပညာကိုထူးချွန်
စွာတတ်မြောက်မည်။ဆရာလုပ်ငန်း၊ပညာရေးလုပ်ငန်း၊ရေကြောင်းနှင့်ပတ်သက်သောလုပ်ငန်းများနှင့် အသက်မွေးဝမ်း
ကျောင်းမည်။စိတ်တန်ခိုးသတ္တိကောင်းသူဖြစ်မည်။

        
          မူလဇာတာတွင်တနင်္လာနှင့် သောကြာပူးယှဉ်၍''စန္ဒရာသုက္ကရယုဂ်''ရရှိသည်။ဇာတာရှင်သည်အရာရာကိုလေ့
လာ မှတ်သားတတ်သည်။အမျိုးသမီးအသုံးအဆောင်၊လျှပ်စစ်ပစ္စည်၊ဇိမ်ခံပစ္စည်းများ အရောင်းအ၀ယ်လုပ်ကိုင်မည်။
စီးပွာရေးကောင်းမွန်မည်။စည်ဇိမ်ခံတတ်မည်။တဏှာကြီးလိမ့်မည်။

       
         မူလဇာတာတွင်တနင်္လာနှင့်စနေပူးယှဉ်၍''စန္ဒရာသောရယုဂ်''ရရှိသည်။ဇာတာရှင်သည်မိခင်ကျေးဇူးကိုမခံစား
ရတတ်ပေ။ဆန့်ကျင်ဘက်လိင်တို့အားစွဲလမ်းတတ်သည်။ခေါင်းမာတတ်၍တဇောက်ကန်းပြုမူတတ်သည်။စိတ်ထဲတွင်အ
မြဲအလိုမကျဖြစ်နေတတ်သည်။မိုက်မဲစွာပြုမူတတ်လိမ့်မည်။


          မူလဇာတာတွင် အင်္ဂါနှင့် ဗုဒ္ဓဟူးပူးယှဉ်၍''ဘောမာဗုဒ္ဓယုဂ်''ရရှိသည်။ဇာတာရှင်သည် ဆေးဝါးနှင့်ပတ်သက်
သောလုပ်ငန်း၊ဆရာဝန်လုပ်ငန်း၊ဓါတုဗေဒပစ္စည်းများရောင်းဝယ်ခြင်းလုပ်ငန်းများကိုကျွမ်းကျင်လိမ့်မည်။တိုက်ခိုက်ရေး
စစ်ရေးတွင်ကျွမ်းကျင်မည်။စစ်ဗိုလ်အရာရှိဖြစ်တတ်သည်။


         မူလဇာတာတွင် အင်္ဂါနှင့် ကြာသာပတေးးပူးယှဉ်၍''ဘောမာဇီဝယုဂ်''ရရှိသည်။ဇာတာရှင်သည် ဥစ္စာဓနချမ်း
သာကြွယ်ဝလိမ့်မည်။ညဏ်ပညာနှင့်ပြည့်စုံလိမ့်မည်။အရာရာကိုအသေးစိတ်လေ့လာမှတ်သားထားတတ်သည်။နိုင်ငံရေး
ခေါင်းဆောင်ကောင်းတယောက်ဖြစ်လိမ့်မည်။ရာထူးဋ္ဌာနန္တရကြီးမားလိမ့်မည်။


         မူလဇာတာတွင် အင်္ဂါနှင့် သောကြာပူးယှဉ်၍''ဘောမာသုက္ကရယုဂ်''ရရှိသည်။ဇာတာရှင်သည်  ဘာသာတရား
ကိုယုံကြည်မှူနည်းပါးတတ်သည်။တဏှာရာဂ ကြီးမာမည်။အများနှင့်အတိုက်အခံ ပြုလုပ်တတ်သည်။မိမိလုပ်ငန်းများ
ကိုကျွမ်းကျင်စွာလုပ်ကိုင်တတ်သည်။အငြင်းအခုံ သန်လိမ့်မည်။လူတဖက်ကို တိုက်ခိုက်လိုစိတ် ကြီးမာတတ်သည်။      
သဘာဝမကျသည်များကိုနှစ်သက်တတ်သည်။


         မူလဇာတာတွင် အင်္ဂါနှင့် စနေပူးယှဉ်၍''ဘောမာသောရယုဂ်''ရရှိသည်။ဇာတာရှင်သည် မနာလိုဝန်တိုမှူများ
ပြားတတ်သည်။မုသားစကားပြောဆိုတတ်သည်။ဂတိမမှန်တတ် ပင်ပန်းစွာလုပ်ကိုက်ရတတ်သည်။သတ္တိကောင်းလိမ့်
မည်။


          မူလဇာတာတွင် အင်္ဂါနှင့် ရာဟုပူးယှဉ်၍''ဘောမာသူရာယုဂ်''ရရှိသည်။ဇာတာရှင်သည် စကားအပြောအဆို
ကြမ်းတမ်းလိမ့်မည်။မကောင်းမှူ၌မွေ့လျော်တတ်သည်။လူအများကပြစ်တင်ကဲ့ရဲ့ခြင်းခံရတတ်သည်။


           မူလဇာတာတွင် ဗုဒ္ဓဟူးနှင့် ကြာသာပတေး ပူးယှဉ်၍''ဗုဒ္ဓာဂုရုယုဂ်''ရရှိသည်။ဇာတာရှင်သည် စာပေရေး
သာထုတ်ဝေခြင်း လုင်ငန်းကိုလုပ်ဆောင်တတ်သည်။စာရေဆရာ၊သတင်းစာဆရာ၊ကျမ်းပြုပညာရှင်ဖြစ်တတ်သည်။
လူမှူုရေးကျွမ်းကျင်နာလည်သည်။ခရီးသွာလာရခြင်းကိုနှစ်သက်လိမ့်မည်။


        မူလဇာတာတွင် ဗုဒ္ဓဟူးနှင့် သောကြာ ပူးယှဉ်၍''ဗုဒ္ဓာသုက္ကရယုဂ်''ရရှိသည်။ဇာတာရှင်သည် ရုပ်ရှင်၊ဂီတ၊အနု
ပညာရှင်ဖြစ်တတ်သည်။ရုပ်မြင်သံကြာ၊အသံလွှင့်ဋ္ဌာန များတွင်လုပ်ကိုင်တတ်သည်။တေးသံသွင်း၊ဗီဒီယို စသောလုပ်
ငန်းများထုတ်လုပ်ဖြန့်ဝေခြင်းလုပ်ငန်းများလုပ်ကိုင်တတ်သည်။


        မူလဇာတာတွင် ဗုဒ္ဓဟူးနှင့်စနေပူးယှဉ်၍''ဗုဒ္ဓာသောရယုဂ်''ရရှိသည်။ဇာတာရှင်သည် ရိုးသားမှူနည်းပါးတတ်
သည်။တော်လှန်ရေးအပြုအမူကိုနှစ်သက်သည်။လောင်းကစားဝါသနာပါတတ်သည်။မမှန်ကန်သောညဏ်နှင့်ပြည့်စုံ
လိမ့်မည်။



      မူလဇာတာတွင် ဗုဒ္ဓဟူးနှင့်ရာဟုပူးယှဉ်၍''ဗုဒ္ဓာသုရာယုဂ်''ရရှိသည်။ဇာတာရှင်သည် မိတ်ဆွေအပေါင်းသင်းနည်း
ပါးတတ်သည်။မိတ်ဆွေအကျိုးမပေးတတ်။မိတ်ဆွေကြောင့် ဆင်းရဲဒုက္ခရောက်ရတတ်သည်။စိတ်တို၍စိတ်ဆတ်သူဖြစ်
လိမ့်မည်။



       မူလဇာတာတွင် ကြာသာပတေးနှင့် သောကြာပူးယှဉ်၍''ဇီဝါသုက္ကရယုဂ်''ရရှိသည်။ဇာတာရှင်သည် လိမ္မာခြင်း၊
ပညာရှိခြင်း၊မယားကောင်းရခြင်းတို့နှင့်ပြည့်စုံလိမ့်မည်။အနုပညာရှင်၊ယုတ္တိဗေဒပညာရှင်ဖြစ်တတ်သည်။

နက်နဲသောစာပေကျမ်းဂန်တို့ကိုပြုစုနိုင်သောသူဖြစ်လိမ့်မည်။



       မူလဇာတာတွင် ကြာသာပတေးနှင့် စနေပူးယှဉ်၍''ဇီဝါသောရယုဂ်''ရရှိသည်။ဇာတာရှင်သည် ဇွဲကောင်းသူဖြစ်
လိမ့်မည်။အချက်အပြုတ်အလုပ်အကိုင်ကျွမ်းကျင်လိမ့်မည်။အမှူထမ်းကောင်းဖြစ်တတ်သည်။လောကုတ္တရာတရားတို့၌
မွေ့လျော်တတ်သည်။
     မူလဇာတာတွင် ကြာသာပတေးနှင့်ရာဟုပူးယှဉ်၍''ဇီဝါသူရာဗုဒ္ဓယုဂ်''''ဂုရုစဏ္ဍာလယုဂ်''ရရှိသည်။ဇာတာရှင်သည်
စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်သည်။အထက်တန်းလွှာ၌မွေးဖွားလာသော်လည်း ယုတ်မာသောအပြုအမူကျင့်ပြုမူနေ
ထိုင်ကျင့်သုံးတတ်သည်။ဘာသာရေးလိုက်စားမှူအားနည်းလိမ့်မည်။



       မူလဇာတာတွင် သောကြာနှင့် စနေဟူးပူးယှဉ်၍''သုက္ကာသောရယုဂ်''ရရှိသည်။ဇာတာရှင်သည် အစိုးရအမှူထမ်း၊
ကုမ္ပဏီဝန်ထမ်းကောင်းဖြစ်တတ်သည်။အကင်းပါး၍ဖျတ်လပ်သွက်လက်လိမ့်မည်။တဏှာရာဂကြီးမားလိမ့်မည်။ဆင်းရဲ
ပင်ပန်းရတတ်သည်။



         မူလဇာတာတွင် သောကြာနှင့်ရာဟုပူးယှဉ်၍''သုက္ကရသူရာယုဂ်''ရရှိသည်။ဇာတာရှင်သည် သားသမီးနည်းပါး
တတ်သည်။အိမ်ထောင်ရေးအဆင်မပြေဖြစ်ရတတ်သည်။အိမ်ထောင်ဆက်များတတ်သည်။



       မူလဇာတာတွင် စနေနှင့်ရာဟုပူးယှဉ်၍''သောရီသူရာယုဂ်''ရရှိသည်။ဇာတာရှင်သည် ကျေးဇူးရှင်တို့အားပြစ်မှား
တတ်သည်။ကျေးဇူကန်းလိမ့်မည်။မတရားလောဘကြီးလိမ့်မည်။သနားခြင်းဆိုသော စကားကိုနားမလည်သူ ဖြစ်လိမ့်
မည်။

                   မူလဇာတာတွင် ကိတ်ဂြိုဟ်နှင့်စနေပူးယှဉ်၍''ကေတုသောရိယုဂ်''ရရှိသည်။ဇာတာရှင်သည်
မနာလိုဝန်တိုမှူများပြားတတ်သည်။မုသားစကားပြောဆိုတတ်သည်။ဂတိမမှန်တတ်ပင်ပန်းစွာလုပ်ကိုင်ရတတ်သည်။သတ္တိကောင်းလိမ့်မည်။

No comments:

Post a Comment