Friday, July 13, 2012

လဂ်အကြောင်း(ဇာတာကိုဆုံးဖြတ်ခြင်း)

                                               လဂ်အကြောင်း(ဇာတာကိုဆုံးဖြတ်ခြင်း)


                        လဂ်ဆိုသည်မှာာတာရှင်၏အကြံအစည်အတွေးအခေါ် အာယုဝဏ္ဏသုခဗလဖြစ်သည်။   
လဂ်သခင်သည် (၁).(၄).(၇).(၁၀) ကိန်းအိမ် နှင့် (၁).(၅).(၉) တြိဂေါဏ များတွင်ရပ်ပေးရမည်။ဥစ်န၀င်း
ကသစ်န၀င်း၊မိတ်န၀င်း စီးကောင်းရမည်။ဒုဌာနသခင်မဖြစ်စေရ။ လဂ်ကာရကဂြိုဟ် တနင်္ဂနွေ ကောင်းသော အနေအထားတွင်ရှိရမည်။

(၅)တန့်ဘာဝ
                 ပစ္စုပန်ကံ၊ယခုဘဝကံကောင်းမူ၊ဝမ်းဗိုက်ဖြစ်သည်။ပါစကဝမ်းမီးကောင်းသောသူနှင့် လဂ်မှ
တြိဂေါဏ အနေအထား  သုဘဘာဝများကောင်းမွန်မည်။အကြံအစည်နှင့်ကုသိုလ်ကံတရားများ တိုးပွား
၍ကောင်း ကျိုးပေးမည်။ကာရကပြုသော ကြာသာပတေးဂြိုဟ် ကောင်းပါက ပညာ၊သားသမီးဘာဝနှင့်
 သီလသမာဓိ ဟူ သောအကျိုးတရားများရရှိကာ ကောင်းသောအခြင်းရာဖြစ်သည်။




(၉)တန့်ဘာဝ
                 အတိတ်ကံနှင့်ကိုယ်ကျင့်တရား၊ဘုန်းကံ၊ဂုဏ်သိက္ခာနှင့်အမွေတို့ဖြစ်သည်။ကာရကပြုသော
ကြာသာပတေးဂြိုဟ် ကအရောင်ထွက်အောင်လုပ်ပေး၏။ကြာသာပတေး -ပညာ၊သီလနှင့်သမာဓိပေါင်းစပ်မှု
သည် (၉)တန့်ဘာဝ၏ကောင်းခြင်းဖြစ်သည်။

(၄)တန့်ဘာဝ
                မိခင်၊အသိညဏ်၊အိုးအိမ်၊မြေယာ၊စိတ်ချမ်းသာမှု၊သည်းချေ၊စိတ်ဓါတ်နှင့်အတွေးအခေါ်ကောင်းမ
ကောင်းကြည့်ရသည်။(၄)တန့်သခင်နှင့်(၄)တန့်ဘာဝကာရကဂြိုဟ် တနင်္လာ၊ဗုဒ္ဓဟူး၊ စသောသောမဂြိုဟ်အမြင် ရှိလျှင် မိခင်၊စိတ်၊အိုးအိမ်တို့ကောင်းမွန်လိမ့်မည်။

(၇)တန့်ဘာဝ
               လဂ်၊စန်းမှ (၇)တန့်ကျသော ရာသီဘာဝသခင်ဂြိုဟ်နှင့် ကာရကပြုသော သောကြာဂြိုဟ်တို့
ကိုကြည့်ရမည်။ယောကျာ်း (၂)တန့်ဘာဝ ကာရက ကြာသာပတေး နှင့် မိန်မ (၈)တန့်ဘာဝ ကာရကပြုသော စနေဂြိုဟ်တို့ကောင်းရမည်။(၁)ယောကျာ်း (၂)တန့်ဥစ္စဓနအဆင်ပြေလျှင် အိမ်ထောင်ရေးသာယာမည်။(၂)မိန်မ (၈)တန့်မြုတ်နှံသိမ်းဆည်းမှုနှင့်မျိုပွားအင်္ဂါစု ကျန်းမာ မှု့ကြောင့်
အိမ်ထောင်းရေးကောင်းမည်။

(၁၀)တန့်ဘာဝ
                 အသက်မွေးဝမ်းကြောင်းနှင့်၊အတတ်ပညာ၊(၁၀)တန့်ဘာဝနှင့်(၁၀)တန့်သခင်ဂြိုဟ်၊(၁၀)တန့်
ဘာဝကာရကဂြိုဟ် အားလုံးနှင့်သက်ဆိုင်နေသည်။တနင်္ဂနွေဂြိုဟ် (ကံ)၊ဗုဒ္ဓဟူးဂြိုဟ်  (ညဏ်)၊စနေဂြိုဟ် (ဝီရိယ)နှင့် ကြာသာပတေးဂြိုဟ် (ပညာ) ဂြိုဟ်များကောင်းရမည်။

***ဇာတာတစောင်ကိုစကြည့်လျှင် (၁.၄.၇.၁၀)တန့်များ၊သခင်ဂြိုဟ်များကို စစစ်ပါ။


 ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

No comments:

Post a Comment