ကာရာကများအကြောင်း
ကာရာက ရာဂြိုဟ်တို့သည် မိမိကာရကပြုရာ ဘာဝ ၌မရပ်ကောင်း၊ရပ်လျှင်ထိုဘာဝ
ပျက်စီ၏။
မှတ်ချက်။ ။(၂)တန့်ဘာဝ တွင် ကြာသာပတေးဂြိုဟ် နှင့် (၈)တန့်ဘာဝတွင် စနေဂြိုဟ်
တို့ရပ်လျှင် ကာရကမပျက်ပါ။ ပရာသာရရသေ့(ဖလဒိပိကာကျမ်း)
(၁၂)တန့်ဘာဝတွင်နေသော ဂြိုဟ်တို့သည် မိမိကာရကပြုရာ ဘာဝကိုအားကောင်းစေသည်။ဘာဝများ
ကိုအောက်ပါအတိုင်းခေါ်ဆိုကြသည်။
(၁)တန့်ဘာဝ (တနု)
(၂)တန့်ဘာဝ (ကုဋုမ္ပ)
(၃)တန့်ဘာဝ(သဟဇ)
(၄)တန့်ဘာဝ (ဗန္ဓု)
(၅)တန့်ဘာဝ(ပုတြ)
(၆)တန့်ဘာဝ(အာရီ)
(၇)တန့်ဘာဝ(ပထဏီ)
(၈)တန့်ဘာဝ(မရဏ)
(၉)တန့်ဘာဝ(သုဘ)
(၁၀)တန့်ဘာဝ(ကမ္မ)
(၁၁)တန့်ဘာဝ(လာဘ)
(၁၂)တန့်ဘာဝ(ဗျာယ)
(၁)တန့်ဘာဝ(လဂ်ဘာဝ)နှင့် ကမ္မဘာဝ တွင် တနင်္ဂနွေဂြိုဟ် ၊အာရီဘာဝတွင်အင်္ဂါဂြိုဟ် ၊
ဗန္ဓုဘာဝဝတွင် စနေဂြိုဟ်၊ ကုဋုမ္ပ၊ သုဘ၊ကမ္မ၊လာဘ ဘာဝတို့တွင် စနေဂြိုဟ် တို့ ကနေသင့်
သည် ဟုယူဆသည်။
တနင်္ဂနွေဂြိုဟ် အနေကောင်းလျှင် ဖခင်ဂုဏ်၊အကြံအစည်အတွေးအခေါ်၊သြဇာအလုပ်အငိုင်၊
အာဏာတန်းခိုး၊တိုးတက်ကောင်းမွန်မည်။
ကြာသာပတေးဂြိုဟ် အနေကောင်းလျှင် (၂)တန့်ဥစ္စာစီးပွား၊ (၅)တန့် ပညာရေး၊(၉)တန့်ကုသိုလ်ကံ၊
(၁၀)တန့် အလုပ်အကိုင်၊ (၁၁)တန့် လာဘဝင်ငွေတို့ကောင်းပေးရမည်။
စနေဂြိုဟ် အနေကောင်းလျှင် (၆)တန့် ကြွေမြီး၊ရန်သူ (၈)တန့် ၊(၁၀)တန့်
အလုပ်အကိုင်၊(၁၂)တန့် အလေအလွင့်နည်းပါမည်။
အင်္ဂါဂြိုဟ် အနေကောင်းလျှင် (၃)တန့် ညီအကို မောင်နှမ၊ရဲစွမ်းသတ္တိ (၆)
တန့်ပြိုင်ဆိုင်မှုတို့တွင် အနှိင်ရမည်။
ဗုဒ္ဓဟူးဂြိုဟ် အနေကောင်းလျှင် (၄)တန့် မိခင်၊မြေယာ၊အိမ်၊ယာဉ် ၊(၁၀)တန့်
အလုပ်အကိုင်တို့ကောင်းမည်။
သောကြာဂြိုဟ် အနေကောင်းလျှင် (၇)တန့် အိမ်ထောင်ရေး၊ရှယ်ယာစပ်တူ၊ပွဲစား၊
နှိင်ငံခြားခရီး တို့ကောင်းမည်။
တနင်္လာဂြိုဟ် အနေကောင်းလျှင် (၄)တန့် အိုးအိမ်၊မြေယာ၊မိခင်၊ယာဉ်
စသည်တို့အနေအထားကောင်းမွန်မည်။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment