““နဒီစနစ်””
အရှေ့တိုင်း(အိန္ဒယတောင်ပိုင်း) နက္ခတ်ဗေဒင် ပညာတွင် နဒီစနစ် ၊ နဒီစနစ်ဟောနည်းစနစ်
အမျိုးမျိုးရှိသည့်အနက်ထိုစနစ်များနှင့်မတူဘဲ မြန်မာနိုင်ငံ မော်လမြိုင်မြို့မှ နက္ခတ်ဗေဒင်ဆရာကြီး
ဦးစန်းမြမှ နဒီစနစ်တမျိုး တီထွင်ကာ ဟောပြောပို့ချခဲ့ပါသည်။
ဆရာကြီးဦးစန်းမြ၏ နဒီနက္ခတ်ဗေဒင်စာအုပ်များကို ရန်ကုန်မြို့ ပုဇွန်တောင်ရေကျော်ရှိ ပညာလောကစာအုပ်တိုက်တွင် အတွဲအလိုက် ဂြိုဟ်အဟောမှစ၍ ယတြာစာအုပ်များအထိဝယ်ယူ
ဖတ်ရှုလေ့လာတိုင်ပါသည်။
ဆရာကြီးဦးစန်းမြ၏ နဒီဟောပြောနည်းစနစ်ကို ရန်ကုန်မြို့စမ်းချောင်းရပ်ကွက် အလယ်တန်း
ကျောင်းတွင် ၂၀၀၂ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံနက္ခတ်ဗေဒင်ပညာရှင်များအသင်း ပညာဒါနသင်တန်းတွင် ဆရာဦးထွန်လင်းမှ အဟောဘာသာရပ်တွင်ထည့်သွင်းသင်ကြားခဲ့ပါသည်။
တမျိုးတဘာသာထူးခြားသော နဒီနက္ခတ်ဗေဒင်စနစ်ဖြင့် ယခုအခါ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်
ဆန်းဈေးအပေါ်ထပ်တွင် ဆရာမဒေါ်ကြည်ကြည်စိန် မှဆက်လက်ဟောပြောလျှက်ရှိပါသည်။
နက္ခတ်ဗေဒင်ဆရာကြီးဦးစန်းမြ၏နဒီနက္ခတ်ဗေဒင် ကိုနက္ခတ်ဗေဒင်ဝါသနာရှင်များလေ့လာ
သိရှိစေရန် ဆရာဦးထွန်လင်းပြူစုသော နဒီစနစ် နက္ခတ်ဗေဒင် ရာသီ၊ဘာဝ အဟော စာအုပ်ကိုတင်ပြ
လိုက်ပါသည်။
လိုရာဆန္ဒပြည့်စုံပါစေ
ဒေါင်လုပ်----နက္ခတ်ဗေဒင်ဆရာကြီးဦးစန်းမြ၏နဒီနက္ခတ်ဗေဒင်
No comments:
Post a Comment