ရုပ်ပုံသဏ္ဍာန်
ဂြိုဟ်တို့ပိုင်စိုးသော ရုပ်ပုံသဏ္ဍာန်းကို ဂြိုဟ်များအလိုက်သတ်မှတ်အောက်ပါအတိုင်းသတ်မှတ်
ထားသည်။
တနင်္ဂနွေဂြိုဟ် ၊အင်္ဂါဂြိုဟ် ၊စနေဂြိုဟ် ၊ရာဟုဂြိုဟ်၊ကိတ်ဂြိုဟ် ခြောက်သွေ့သောဂြိုဟ်
တနင်္လာဂြိုဟ် ၊ သောကြာဂြိုဟ် စိုစွတ်သောဂြိုဟ်
ဗုဒ္ဓဟူးဂြိုဟ် ၊ကြာသာပတေးဂြိုဟ် ရေရာသီအိမ်ရပ်လျှင် စိုစွတ်၏
မူလဇာတာ၌ ခြောက်သွေ့သောဂြိုဟအန္တရဒသာစားသော အခါခြောက်သွေ့တတ်သည်။စိုစွတ်
သောဂြိုဟ် ဒသာစားသောအခါစိုပြေသောခန္ဓာကိုယ်ရှိ၏။
တနင်္ဂနွေဂြိုဟ်၊ အင်္ဂါဂြိုဟ် မီး(တေဇော) ပူခြင်း၊ပြန့်ပွားခြင်းသဘော
တနင်္လာဂြိုဟ်၊သောကြာဂြိုဟ် ရေ(အာပေါ) အေးခြင်း၊စိမ့်ဝင်ခြင်သဘော
ဗုဒ္ဓဟူးဂြိုဟ် မြေ(ပထ၀ီ) ကြမ်းတမ်းခြင်း၊မာခြင်းသဘော
စနေဂြိုဟ် လေ(၀ါယော) လှုပ်ရှားတွန်းကန်ခြင်းသဘော
ကြာသာပတေးဂြိုဟ် အာကာသသဘောဆောင်ကြသည်။လဂ်အိမ်ရှင် ခြောက်သွေ့သော
ဂြိုဟ်နှင့်ပူးယှဉ်သော်၊ ခြောက်သွေ့သောဂြိုဟ်အိမ်ရပ်သော် ခန္ဓာကိုယ် သေးသွယ်မည်။လဂ်အိမ်ရှင် စိုစွတ်
သောဂြိုဟ် နှင့်ပူး၊စိုစွတ် သောဂြိုဟ် အိမ်ရပ်နှင့်ပူး၊ ခန္ဓာကိုယ်ဝဖြိုးမည်၊ ကြာသာပတေးမြင်သော် ခန္ဓာကိုယ်
အလွန်ဝဖြိုးမည်။
မီးနှင့်၊လေ ရာသီ၌ လဂ်ရှိ၍ လဂ်အိမ်ရှင် ရေရာသီ၌ တည်သော် ၀ဖြိုးတတ်သည်။ မီးနှင့်၊လေ
ရာသီ၌ လဂ်ရှိ၍ လဂ်အိမ်ရှင် မြေရာသီ၌ တည်သော် အရိုးအဆစ်မာကြော၍ အနေတော်ဝဖြိုးမည်။လဂ်နှင့်လဂ်
အိမ်ရှင် ရေရာသီ၌ တည်သော် ၀ဖြိုးမည်။လဂ် မြေရာသီတည်၍လဂ်အိမ်ရှင် ရေရညသီ၌တည်သော် အနေ
တော်ဝဖြိုးမည်။ မြေရာသီလဂ် ဖြစ်ပြီးလဂ်အိမ်ရှင်ဂြိုဟ် မီးနှင့်လေရာသီ တွင်ရှိသော်ခန္ဓာကိုယ်၌ခွန်အားကြီး
တတ်၏။အရိုးလည်းမာ၌ အားကြီး၏။ဝခြင်းမရှိတတ်ပါ။
လိုရာဆန္ဒပြည့်ဝကြပါစေ
No comments:
Post a Comment