ဂြိုဟ်တို့ပိုင်စိုးသောအရွယ်အဆင့်အတန်း
ဂြိုဟ်တို့ပိုင်စိုးသောအရွယ်အဆင့်အတန်းကို ဂြိုဟ်များအလိုက်သတ်မှတ် ထားသည်။
ဗုဒ္ဓဟူးဂြိုဟ် ကလေးအရွယ်
တနင်္လာဂြိုဟ် ၊ သောကြာဂြိုဟ် ငယ်ရွယ်သူ
အင်္ဂါဂြိုဟ် လူငယ်လူရွယ်
ကြာသာပတေးဂြိုဟ် လူလတ်ပိုင်း
တနင်္ဂနွေဂြိုဟ် လူကြီးပိုင်း
စနေဂြိုဟ် လူအို စသည်ဖြင့်ခွဲခြားထားသည်။
မူလဇာတာ၌ ဗုဒ္ဓဟူးဂြိုဟ် အားကောင်းသော် ကလေးအကျင့်မပျောက်၊အပြောင်အပြက်နှင့်
စကာ။ပြောတတ်သည်။တနင်္လာဂြိုဟ် နှင့် သောကြာဂြိုဟ် အားကောင်းသော် အသက်ကြီးသော်လည်း
အရွယ်တင်မည်။အင်္ဂါဂြိုဟ်အားကောင်းသော် အသက်ကြီးစေကာမူ ခွန်အားမလျော့တတ်ပေ။
တနင်္ဂနွေဂြိုဟ် နှင့်ကြာသာပတေးဂြိုဟ်အားကောင်းသော် အသက်ငယ်ပင်သော်လည်း လူကြီးစိတ်ရှိမည်။
မျက်နှာရင့်မည်။အသိညဏ်နက်နဲမည်။စနေအားကောင်းသော် အသက်ငယ်သော်လည်းကျန်းမာရေးချို့
ယွင်းမူကိုအကြောင်းပြု၍ လူအိုကဲ့သို့ တာဝန်မဲ့နေလေ့ရှိသည်။
ဥစ္စာပျောက်ဟောရာတွင် လဂ်သခင်၊လဂ်စီးန၀င်းဂြိုဟ်ကိုကြည့်ပြီး ပစ္စည်းခိုးသူ၏ အရွယ်အဆင့်
အတန်းကိုခွဲခြားနှိင်သည်။
တနင်္ဂနွေဂြိုဟ်၊ အင်္ဂါဂြိုဟ် မော်ကြည့်ကြသည်။
တနင်္လာဂြိုဟ်၊ကြာသာပတေးဂြိုဟ် ရိုးရိုးတည့်တည့်ကြည့်၏။
ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ် ဘေးတိုက်ကြည့်၏။
စနေဂြိုဟ် ၊ရာဟုဂြိုဟ် အောက်သို့ကြည့်၏။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment