“ဂြဟဒိဌဗလ''(ဂြိုဟ်မြင်အား)
ဂြဟဒိဌဗလ(ဂြိုဟ်မြင်အား)သင်ခန်းစာမှာဟောကွက်ပိုင်နိုင်စွာဟောရာတွင်လွန်စွာအထောက်
အကူပြုပါသဖြင့်ရေးသားတင်ပြလိုကရပါသည်။
ဂြိုဟ်ပူးခြင်းထက်ပင် ဂြိုဟ်မြင်အားအကျိုးသက်ရောက်မူ့ ရှိကြောင်းကိုတွင်းသင်းမင်းကြီးက
''ဂြိုဟ်ပူးထက်ပင်ဂြိုဟ်မြင်အားရှိတထုံးသိလော''ဟု ''အာယုစိန္တာကျမ်း''တွင်မိန့်ဆိုခဲ့လေသည်။
ဂြိုဟ်အားလုံးတို့သည်မိမိတည်နေရာမှ-
၁။၃တန့်နှင့်၁၀တန့်ရှိဂြိုဟ်များ၊ရာသီများ၊ဘာဝများကို ၁ပါဒ်(၁၅ ၀ိရူပ)
၂။၅တန့်နှင့်၉တန့်ရှိဂြိုဟ်များ၊ရာသီများ၊ဘာဝများကို၂ပါဒ်(၃၀ ၀ိရူပ)
၃။၎တန့်နှင့်၈တန့်ရှိဂြိုဟ်များ၊ရာသီများ၊ဘာဝများကို၃ပါဒ်(၄၅ ၀ိရူပ)နှင့်
၎။၇တန့်ရှိဂြိုဟ်များ၊ရာသီများ၊ဘာဝများကို၎ပါဒ်(၆၀ ၀ိရူပ)အပြည်မြင်သည်။
ဂြိုဟ်အချင်းချင်းတည်နေရာအကွာအဝေးလိုက်ဂြိုဟ်မြင်အားခြင်းမတူကြချေ။ဂြိုဟ်မြင်အားကိုသိရှိမှသာ
မည်မျှကောင်းကျိုးပေမည်မည်မျှဆိုးကျိုးပေးမည်ကိုဟောဆိုနှိုင်မည်။အားဗလရေတွက်ရာတွင်-
၆၀ အနုရူပ= ၁ ၀ိရူပ
၆၀ ၀ိရူပ = ၁ရူပ စသည်ဖြင့်ရေတွက်သည်။
''တြိစက္ကဇာတာမှဘုတ္တိဖြတ်ပြီးဂြိုဟ်စဉ်ဖြင့်သာဂြိုဟ်မြင်အားကိုတွက်ရမည်။''
တွက်နည်းနှင်ဂြိုဟ်မြင်များ
၁။အမြင်ခံလိုသော ဂြိုဟ်ဧ။်ရာသီ၊အံသာ၊လိတ္တာကိုတည်ထားပါ။
၂။မြင်လိုသော ဂြိုလ်ဧ။်ရာသီ၊အံသာ၊လိတ္တာဖြင့်နုတ်ပါ။(မနုတ်လောက်ပါက၊၁၂ရာသီကူ၍နုတ်ပေးပါ)
နုတ်ကြွင်းကိုဒိဌကိန္ဒြဟုခေါ်သည်။
၃။၎င်း ဒိဌကိန္ဒြ (နုတ်ကြွင်း) ကိုအဓိကထားကြည့်ပါ။
၎။၃အင်္ဂါဂြိုဟ်သည် ၄တန့်နှင့်၊၈တန့်ကိုအထူးမြင်သည်။(ကိန္ဒြ ၃၊ ၇ ရာသီဖြစ်မှသာအထူးမြင်အားကိုတွက်
ရပါမည်)
၅။၅တေးဂြိုဟ်သည် ၅တန့်နှင့်၉တန့်ကိုအထူးမြင်သည်။(ကိန္ဒြ ၄၊ ၈ ရာသီဖြစ်မှသာအထူးမြင်အားကိုတွက်
ရပါမည်)
၆။စနေဂြိုဟ်သည် ၃တန့်နှင်၁၀တန့်ကိုအထူးမြင်သည်။(ကိန္ဒြ ၂၊၉ရာသီဖြစ်မှသာအထူးမြင်ဂြိုဟ်အားကို
တွက်ရပါမည်)
ဂြိုဟ်မြင်တွက်ခြင်း(နမူနာဇာတာ)
(မြင်လိုသောဂြိုဟ်) -(အမြင်ခံဂြိုဟ်)=ဒိဌကိန္ဒြ
(ရာ၊အံ၊လိ)-(ရာ၊အံ၊လိ)=ကိန္ဒြ(ုနုတ်ကြွင်း)
စနေဂြိုဟ် -– လဂ်
၂ံ.၁၉'.၈'' - ၈.၁၇'.၁၇''= ၆.၁'.၅၁''
နုတ်ကြွင်းသည် ၆ ရာသီဖြစ်၍် ၁၀ရာသီမှနုတ်ကျန် ÷ ၂ = ၀ိရူပ၊နုရူပ ဟုတွက်ရမည်။
၁၀ - ၆.၁'.၅၁'' = ၃.၂၈'.၃၉'' ÷ ၂ = ၅၉'.၁၉''
+++စနေဂြိုဟ်သည် လဂ်ကို ၅၉ ၀ိရူပ၊ ၁၉ နုရူပ အမြင်ဖြင့်မြင်ထားပါသည်။ထို့ကြောင့် အကျယ်ချုပ်ဖြင့်ချုပ်နှောင်ခံ
ခဲ့ရခြင်းဖြစ်သည်။
ဂြိုဟ်မြင်ခြင်း
၁။နုတ်ကြွင်းသည် ၅ရာင်္သီတိတိအမြင်မရှိပါ။
၂။နုတ်ကြွင်းသည် ၀၊ ၁၀ ၊ ၁၁ ရာသီအမြင်မရှိ
၃။နုတ်ကြွင်းသည် ၁ ရာသီဖြစ်လျှင်ရာသီကိုပယ်ကျန် အံသာ၊လိတ္တာ ÷–၂ = ၀ိရူပ၊နုရူပ
(အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
၎။နုတ်ကြွင်းသည် ၂ရာသီဖြစ်လျှင်ရာသီကိုပယ်ကျန် အံသာ၊လိတ္တာ + ၁၅ = ၀ိရူပ၊နုရူပ
(အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
၅။နုတ်ကြွင်းသည် ၃ရာသီဖြစ်လျှင် ၄ရာသီမှနုတ်ပြီးကျန် အံသာ၊လိတ္တာ ÷–၂ = ၀ိရူပ၊နုရူပ ရရှိမည်။ရရှိသော
အံသာ၊လိတ္တာ + ၃၀= ၀ိရူပ၊နုရူပ (အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
၆။နုတ်ကြွင်းသည် ၄ရာသီဖြစ်လျှင် ၅ရာသီမှနုတ်ပါ။အဖြေ= ၀ိရူပ၊နုရူပ
(အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
၇။နုတ်ကြွင်းသည် ၅ရာသီဖြစ်လျှင်ရာသီကိုပယ်ပါ။ အံသာ၊လိတ္တာ x၂ = ၀ိရူပ၊နုရူပ ရရှိမည်။
(အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
၈။နုတ်ကြွင်းသည် ၆၊၇၊၈၊၉ ရာသီဖြစ်လျှင် ၁၀ရာသီမှနုတ်ကျန် ÷ ၂ = ၀ိရူပ၊နုရူပ ရရှိမည်။
(အဖြေသည်ဂြိုလ်မြင်အားဖြစ်သည်)
အထူးဂြိုဟ်မြင်အားများ
၁။(၃အင်္ဂါဂြိုဟ်) နုတ်ကြွင်းသည်၃၊၇ရာသီဖြစ်လျှင်၎၊၈
ရာသီမှနုတ် ÷ ၂=၀ိရူပ၊နုရူပ ရရှိမည်။(အဖြေ)သည်၃ဂါဧ။်အထူဂြိုဟ်မြင်ဝိရူပ၊အနုရူပဖြစ်သည်။
၂။(၅ကြာသာပတေးဂြိုဟ်) နုတ်ကြွင်းသည် ၄၊၈ ရာသီဖြစ်လျှင်၅၊၉ ရာသီမှ နုတ်၊နုတ်ကြွင်းသည်၅တေးဂြိုဟ်ဧ။်အထူး
မြင် ၀ိရူပ၊အနုရူပဖြစ်သည်။
၃။(စနေဂြိုဟ်) နုတ်ကြွင်းသည် ၂၊၉ ရာသီဖြစ်လျှင် ၃၊၁၀ ရာသီမှနုတ်x၃-ံ့၂=၀ိ၊နု(အဖြေ)သည်စနေဂြိုဟ်ဧ။်အ
ထူးမြင်ဝိရူပ၊အနုရူပဖြစ်သည်။
ÄÄÄအထူး။ ။ဂြိုဟ်တစ်လုံးကတစ်လုံးကိုမြင်သည့်ဂြိုဟ်မြင်အား(ဂြဟဒိဌဗလ)နှင့်အထူးဂြိုဟ်မြင်အား၂ခုပေါင်းခြင်း
သည် ၆၀ ၀ိရူပအထိသာရှိနိုင်သည်။( ၆၀ ၀ိရူပ)ထက်မပိုနိုင်ပါ။
***ဂြိုဟ်မြင်အား ကို ဇာတာဟောပြောရာ အဓိကအသုံး၍ ဗေဒင်ဝါသနာရှင်များသေချာစွာလေ့လာထားရမည်။
“သဗ္ဗေသတ္တာကမ္မသကာ”
No comments:
Post a Comment