နက္ခတ္တအရပ်မျက်နှာများ
၎/၅=ဗုဒ္ဓဟူး၊ကြာသာပတေး ၁/၃=တနင်္ဂနွေ၊အင်္ဂါ ၀=စနေ ၂/၆=တနင်္လာ၊သောကြာ
ဆရာကြီးဦးစံမြ၏အရပ်မျက်နှာ
* အ-၁၊ သင့်-၆ ၊ စီ -၃၊ ရင် -၄၊ တ - ၀၊ ခွင် -၂၊ လုံး -၄ ၊ မောင် -၅ လင်္ကာအတိုင်း အရှေ့အရပ်မှစ၍ချပါ။
တနင်္ဂနွေဂြိုဟ် ဘုရာကျောင်း၊နတ်စဉ်၊စေတီပုထိုး၊သိမ်၊သာသနာရေး၊ဘာသာရေးနှင့်ပတ်သက်သောနေရာများ၊
တနင်္လာဂြိုဟ် နတ်သမီးတိုကြီးစိုးရာဌာန၊ရေတွင်းရေကန်၊ချောင်းမြောင်း၊မြစ်၊ရေနှင့်ဆက်စပ်သောနေရာမျာ၊
အင်္ဂါဂြိုဟ် မီးရှိသောနေရာ၊စစ်မြေပြင်၊မီးနှင့်ပတ်သက်သောနေရာများ၊
ဗုဒ္ဓဟူးဂြိုဟ် ပညာရှိများစုဝေးရာ၊ကျောင်း၊လူအများစုဝေးရာ၊ကစားကွင်း၊သင်္ချာဆိုင်ရာ၊သင်တန်းကျောင်းများ၊
ကြာသာပတေး ရွှေငွေ၊ဥစ္စာပစ္စည်းစုဆောင်းရာနေရာ၊ဘဏ္ဏာတိုက် ၊ငွေစုဆောင်းရာဌာန၊
သောကြာဂြိုဟ် အိပ်ယာ၊အိပ်ခန်း၊ဇတ်၊ရုပ်ရှင်ရုံ၊ကပွဲရုံ၊လှပသောတိုက်ခန်း၊အလှပြင်ခန်း၊မိန်မများနှင်ပတ်သက်သောနေရာ၊
စနေဂြိုဟ် မသန့် မစင်ကြယ်သောနေရာ၊မြက်၊အမှိုက်စုဝေးရာဌာန၊မီးသွေးပြာရှိသောနေရာ၊ဇတ်နှိမ့်သူတို့နေရာ
အနှိမ့်နတ်တို့နေသောနတ်ကွန်း။
***ပစ္စည်းပျောက်မေးလာသော အခါကာလဇာတာတွင် လဂ်စီးန၀င်း၊လဂ်သခင်ဂြိုဟ်၊ပစ္စည်းနှင့်ပတ်သက်သောဂြိုဟ်တို့
ကိုကြည့်၍ပျောက်ဆုံးနေသောပစ္စည်းသည် ထိုနေရာများ၌ရှိတတ်သည်။
***မူလဇာတာဟောရာတွင် အားကြီးသောဂြိုဟ်ကိုကြည့်၍၄င်း၊လဂ်စီးသောန၀င်းဂြိုဟ်ကိုကြည့်၍ထိုအရပ်၌စီးပွားဖြစ်
မည်။ထိုအရပ်သို့ပြောင်းရွေ့ရမည်။ထိုဂြိုဟ်များအားနည်းလျှင် ထိုအရပ်၌စီးပွားပျက်မည်။
“သဗ္ဗေသတ္တာကမ္မသကာ”
No comments:
Post a Comment