နမူနာဇာတာ
''ကုဇဒေါသ''
အိမ်ထောင်ရေးအဟောတွင် ယောက်ျားနှင့်မိန်မဇာတာတွင် ''ကုဇဒေါသ''
သင့်ထားပါက အိမ်ထောင်ရေး အဆင်မပြေ ၊တကျက်ကျက်နှင့် လင်မယားရန်ဖြစ်တတ်သည်။
အိမ်ထောင်ဖက် ရွေးချယ်ပါက အိမ်ထောင်ဖက်၏ဇာတာတွင် ''ကုဇဒေါသ''သင့်ထားပါက
အိမ်ထောင် အဆင်မပြေဖြစ်တတ်သည်။
မူလဇာတာတွင် လဂ်၊စန်း၊သောကြာမှ (၁၊၂၊၄၊၇၊၈၊၁၂) တန့်တွင်အင်္ဂါရှိက
ကုဇဒေါသသင့် ထားသည်။
ကောဇာ အင်္ဂါ၊မူလ လဂ်၊စန်း၊သောကြာမှ (၁၊၂၊၄၊၇၊၈၊၁၂)တန့် ရောက်ချိန်
ကုဇဒေါသသင့် လာလိမ့်မည်။
အင်္ဂါဂြိုဟ်၊ ကျားရာသီအိမ် (၁၊၃၊၅၊၀)ပိုင်အိမ် တွင်ရပ်ကဒုက္ခပေမည် ၊ကြီးမား၊
(၄၅)ရက် ကြာမည်။အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။
*ဒေါသသသင့်ချိန် လဂ်၊စန်း၊သောကြာ သည် (၂၊၄၊၀)ပိုင်အိမ်တွင်ရှိကဒုက္ခမပေးတတ်ပါ။
*အင်္ဂါ ရပ်နှင့်အထူးမြင်အိမ်များ(အင်္ဂါ ဂြိုဟ် အထူးမြင်အိမ်များ(၄)တန့်၊(၈)တန့်)နှင့်ပတ်သက်
်သော ဒုက္ခရရှိမည်။
*လဂ် ကိုယ်ကြောင့် စိတ်ဆင်းရဲမှု
*စန်းနှစ်ယောက်လုံးစိတ်မကျေမချမ်းဖြစ်ပြီးစိတ်ဆင်းရဲမှု
*အင်္ဂါ ကိုယ်ထိလက်ရောက်မူကြောင့် စိတ်ဆင်းရဲမှု
*သောကြာ အိမ်ထောင်ဖက်ကြောင့် စိတ်ဆင်းရဲမှု ခံစားရမည်။
*၂ တန့် (၄ဟူး)ပိုင်ရာသီဖြစ်က ဒေါသမသင့်
*၄ တန့် (၃ဂါ)ပိုင်ရာသီဖြစ်က ဒေါသမသင့်
*၇ တန့် ကရကဋ်၊မကာရပိုင်ရာသီဖြစ်ကဒေါသမသင့်
* ၈ တန့် (၅တေး)ပိုင်ရာသီဖြစ်က ဒေါသမသင့်
*၁၂တန့် (၆ကြာ)ပိုင်ရာသီဖြစ်က ဒေါသမသင့်
*အင်္ဂါ သိဟ်၊ကုမ်ရာသီရပ်၊(စနေ/၄ဟူးမြင်)ဒေါသမသင့်
*အင်္ဂါ သည် ၅တေး၊၂လာ၊ရာဟု၊ကိတ်နှင့်ပူးယှဉ်က ဒေါသမသင့်တတ်ပါ။
''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment