Friday, June 29, 2012

ရတနာဝတ်ဆင်ရာတွင်ဆောင်ရန်ရှောင်ရန်များ

ရတနာဝတ်ဆင်ရာတွင်ဆာင်ရန်ရှောင်ရန်များ
                                       

-ပတ္တမြားကျောက်သည်အမျိုးသမီးများဝတ်ဆင်ရန်မသင့်တော်ဟူ၍လည်းဆိုသည်။
-အမျိုးသားများအဓိက ၀တ်သင့်သောကျောက်ဟုသတ်မှတ်သည်။
-အခြားသောကျောက်များသည်ကျား၊မ မရွှေးဝတ်ဆင်နိုင်သည်။
-ပတ္တမြားဝတ်ကရွှေနှင့် လက်ဝတ်ရတနာပြုရမည်။

- ဥဿဖယား၊ပယင်းဝါတို့အား ရွှေနှင့် ပြုရမည်။
-စိန်ကိုကား ရွှေဖြူ၊ရွှေဝါနှစ်မျိုးစလုံးနှင့်ဆောင်ရွက်နိုင်သည်။
-ပတ္တမြားအပါအ၀င် ကျောက်နီရတနာအားလုံးကိုရွှေနှင့် လက်ဝတ်ရတနာပြုလုပ်ရမည်။
-ကျားမျက်လုံးရတနာဝတ်က ရွှေ(သို့)မိုးကြိုးစပ်သားနှင့်တွဲ၍၀တ်ဆင်ရမည်။
-သန္တာနီကိုကား ငွေ(သို့)ကြေးနီဖြင့် လက်ဝတ်ရတနာပြုရမည်။
-စိန်ကို လက်ခလယ်တွင်ဝတ်ရမည်။
-ပတ္တမြားကို လက်ခလည်တွင်ဝတ်ဆင်ရမည်။
-အခြားသောအနီရောက်ကျောက်များဝတ်က လက်သူကြွယ်တွင်ဝတ်ပါ။
-ကျောက်စိမ်းသည် လက်သူကြွယ်တွင်ဝတ်ဆင်ရမည်။
-သလင်းရောင်စုံကျောက်သည် လက်သူကြွယ်တွင်ဝတ်ရမည်။
-မြ ကိုရွှေကွတ်ပြီးလက်ခလယ်တွင်ဝတ်ဆင်ရမည်။
-မြ ကျောက်ကိုအခြားရတနာများမပါက တလုံးကောင်းကိုလက်သူကြွယ်တွင်ဝတ်ဆင်ရမည်။
-ဥဿဖယား၊စိန်၊သန္တာနီတို့အားဝတ်ဆင်က လက်ခလည်တွင်ဝတ်ဆင်ရမည်။
-နီလာကျောက်အားရွှေနှင့်ကွင်း၍ လက်သူကြွယ်တွင်ဝတ်ဆင်ရမည်။
-နီလာကိုစိန်ရံ၍၀တ်လျှင် လက်ခလယ်တွင်ဝတ်ဆင်ရမည်။
-ပုလဲဖြူအား စိန်ရံ၍ရွှေနှင့်ကွင်းကာ လက်သူကြွယ်၊လက်ခလယ်နှစ်သက်သလိုဝတ်ဆင်ရမည်။
-ဂေါ်မုတ် ကိုလက်သူကြွယ်တွင် ၀တ်ဆင်ရမည်။ဘယ်လက်တွင်သာဝတ်ရမည်။
-အခြားသောရတနာများသည် ဘယ်၊ညာမရွှေး ၀တ်ဆင်နိုင်သည်။
-ပယင်းဝါကို ၀တ်ဆင်က လက်ညှိုးတွင်ဝတ်ဆင်ရမည်။
-ပုလဲသည်လက်ခလယ်တွင်ဝတ်သင့်သည်။
-ပုလဲဖြူ၊ပုလဲဝါ များသည်လဆန်းရက်ပိုင်းတွင်ဝတ်သင့်သည်။
-ပုလဲနီ၊ပုလဲနက် များသည်လဆုတ်ရက်ပိုင်းတွင်ဝတ်သင့်သည်။
-ကြောင်မျက်ရွဲသည် လက်ညှိုးတွင်ဝတ်ဆင်ရမည်။
-အပျို၊လူပျိုများသည် ကြောင်မျက်ရွဲမ၀တ်သင့်ပါ။လိင်စိတ်ကိုရော့ပါးစေသည်။
- အပျိုကြီး၊လူပျိုကြီးများအတွက် ကြောင်မျက်ရွဲသည် ထာဝရဖြစ်သည်။
-သူတော်စဉ်များ ကြောင်မျက်ရွဲသည် ၀တ်ဆင်သင့်သောကျောက်ဖြစ်သည်။

                                                   
 ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''

No comments:

Post a Comment