Thursday, June 28, 2012
''သရောဒယဗေဒင်''(စန္ဒရာကာလာနစက်)
''သရောဒယဗေဒင်''
''စန္ဒရာကာလာနစက်''
*** မိမိ၏နာမနက္ခတ် (သို့)မွေးနက္ခတ် ကိုရှာပြီး အထက်ပါ ''စန္ဒရာကာလာနစက်'' စက်တွင်ချပါ။အဟောမှာအောက်ပါအတိုင်းဖြစ်သည်။
ဥပမာ။ ။မိမိ၏ မွေးဇာတာတွင် မွေးနက္ခတ် သည် (၁၃) မြောက် ဟဿတ နက္ခတ် ဖြစ်ပါက(က)အုပ်စုတွင်ကျနေမည်။
ဥပမာ။ ။ယှဉ်ပြိုင်ကစားမည့်နေ့ စန်းယှဉ် နက္ခတ် မှစတင်၍ ချရမည်။
+
်''စန္ဒရာကာလာနစက်''
(က)အုပ်စု နက္ခတ် ၄ လုံး
ထို(၄)လုံးတွင် နာမနက္ခတ် (သို့)မွေးနက္ခတ်ရောက်ရှိနေလျှင်မကောင်းပါ။ အသက်ဘေးအန္တရာယ်ရှိနေပါသည်။
အမှူအခင်းကြုံမယ်။ပြသနာတစ်ခုပြီးတခု ၀င်လာတတ်သည်။ငွေဝင်မယ်။အလုပ်ကောင်မယ်။သားသမီရတနာရမယ်။သားသမီးကြောင့်
စိတ်ဆင်းရဲရမယ်။
(ခ) အုပ်စု နက္ခတ် ၈ လုံး
ထို(၈)လုံးတွင် နာမနက္ခတ် (သို့)မွေးနက္ခတ်ရောက်ရှိနေလျှင်မကောင်းပါ။ အသက်ဘေးအန္တရာယ်ရှိနေပါသည်။
အမှူအခင်းကြုံမယ်။ပြသနာတစ်ခုပြီးတခု ၀င်လာတတ်သည်။ငွေဝင်မယ်။အလုပ်ကောင်မယ်။သားသမီရတနာရမယ်။သားသမီးကြောင့်
စိတ်ဆင်းရဲရမယ်။
(ဂ) အုပ်စု နက္ခတ် ၈ လုံး
ထို(၈)လုံးတွင် နာမနက္ခတ် (သို့)မွေးနက္ခတ်ရောက်နေလျှင် အကြံအစည်သစ်များလုပ်ကိုင်၍ရမည်။ စီးပွားဥစ္စာတိုးပွားမည်။
လုပ်ငန်းနာမည်သတင်းကြီးလာမည်။ပင်ပန်းခံထားတာတွေအားလုံးအောင်မြင်စပြုမည်။ပေးထားသောငွေကြေးတွေ လက်လွန်နေတဲ့
ငွေကြေးတွေပြန်ရမည်။အချစ်ရေးကံကောင်းမည်။အိမ်ထောင်ရေးမှာသူများဝင်နှောက်ရှက်မည်။ဘေးလူအ၀င်မခံပါစေနှင့်။ခရီးဝေသွား
ပြီးစီးပွာရှာလိုမရသေးပါ။
(ဃ) အုပ်စု နက္ခတ် ၈လုံး
ထို နက္ခတ် ၈လုံးအတွင်းရောက်နေလျှင် အထူးကံကောင်းပါမည်။ထီပေါက်မည်။ငွေဝင်မည်။အိမ်၊မြေ
အဆောက်အဦး တွေရရှိမည်။အကြံအစည်တွေအားလုံးအောင်မြင်မည်။သား သမီးရတနာရရှိမည်။ရွှေ၊ငွေကျောက်မျက်ရတနာရမည်။
ရာထူးတိုးတက်မည်။အခွင့်အရေးတွေရမည်။ဆန္ဒပြည့်မည်။အိမ်ထောင်ရေးကံကောင်းမည်။ခရီးဝေသွားလို့ရသည်။ဘေးအန္တရာယ်အား
လုံးကင်းမည်။
မှတ်ချက်။ ။စန်းယှဉ်နက္ခတ်မှ ရေတွက်၍ရသော နက္ခတ် ၈လုံး၊၁၅လုံး၊၂၂လုံး များသည်မကောင်းသောနက္ခတ်များဖြစ်ကြသည်။
ထို မတနက္ခတ်ပေါ် မိမိ၏နာမနက္ခတ်ရောက်လာချိန်(သို့)အကြံအစည်ပြုချိန်၏ ၂လာ စီးနက္ခတ်ရောက်လာချိန်မှာ
သတိပြုနေပါ။ဒုက္ခတွေ့လိမ့်မည်။အကြံအစည်များအကောင်အထည်မဖေါ်သင့်ပါ။စိတ်အနှောက်အယှက်များဖြစ်မည်။လ်ုငန်းများတပိုင်း
တစဖြစ်တတ်သည်။တ္တြိကာနက္ခတ်နှင့်မိမိ နာမနက္ခတ် ယှဉ်လျှင် ယတြာသျှန္တီပြုလုပ်ပါ။*ထိပ်မှစ၍ချပါ။
''ယှဉ်ပြီးလုပ်ရမည့်အလုပ်များ''
လူနှစ်ယောက် ယှဉ်ပြိုင်ပြီးလုပ်ရမည့်အလုပ်များတွင် (၁)အရောင်းမ၀ယ် ပြိုင်လုပ်တာ(၂)စပ်တူရှယ်ယာလုပ်တာ
(၃)အားကစားယှဉ်ပြိုင်တာ၊ဘောလုံးပွဲ၊(၄)အမှူအခင်းဖြစ်တာ(၅)ခရီးအတူသွားတာ စသောကိစ္စများကိုဖြေရှင်းရာတွင် မိမိနာမနက္ခတ်
သည်(ဃ)အုပ်စုထဲမှာနေပြီး ပြိုင်မည့်သူရဲ့နာမနက္ခတ်သည်(က ခ ဂ) အုပ်စုထဲတွင်ရှိလျှင်သွားပြီး မယှဉ်ပါနှင့်ဆုံးရှုံးပါမည်။
(ဃ)အုပ်စုထဲမှာရှိတဲ့မိမိ နက္ခတ်ပေါ် ၁နွေစီးနက္ခတ်ယှဉ်လာလျှင်ပိုဆိုးပါမည်။ယှဉ်ပြိုင်စရာကိစ္စများအားလုံးတွင်မိမိ
နာမနက္ခတ်ဟာ(က)(ခ)(ဂ) နက္ခတ်တွေမှာရပ်ချိန်၊ရန်သူ၏ နာမနက္ခတ်ဟာ(ဃ)တွင်ရပ်ချိန် ယှဉ်ပါ။ကိုယ်ကအသာစီးရပါမည်။
''ထီထိုးမည်အချိန်''
ကိုယ်ထီထိုးမည့်နေ့၏စန်းယှဉ်နက္ခတ်သည်(ဃ)မှာရှိချိန် ကိုယ့်နာမနက္ခတ်က(က ခ ဂ)နက္ခတ်တွေမှာရှိချိန်ထီထိုး
ပါ။ငွေရစရာရှိလျှင်လည်း ထိုအချိန်တွင်သွားတောင်းပါ။ကုန်ပစ္စည်းထုပ်လုပ်မည်ဆိုလျှင်လည်း ထိုအချိန်တွင်လုပ်ဆောင်ပါ။အောင်
မြင်မှု့များစွာရရှိမည့်အချိန်ဖြစ်ပါသည်။
ဦးဝင်းထွန်းအောင်
နက္ခတ်ဗေဒင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment