Thursday, June 28, 2012
ဂြိုဟ်များဘာဝ ၁၂ ပါးတွင်ရပ်တည်ခြင်းအကျိုးတရားများ
                           ဂြိုဟ်များဘာဝ ၁၂ ပါးတွင်ရပ်တည်ခြင်းအကျိုးတရားများ
တနင်္ဂနွေ ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) အသည်းရောဂါခံစားတတ်သည်၊ မျက်စိအဝေးမှုန်တတ်သည်၊ လုပ်ငန်းများ ဆောင် ရွက်ရာ
တွင် ပျင်းရိတတ်သည်၊ အသိÓဏ်ပြည့်စြွုံကယ်ဝတတ်သည်၊ စွန့်စား၍ ဆောင်ရွက်ရာ တွင် ပျင်းရိ
တတ်သည်၊အသိÓဏ်ပြည့်စြွုံကယ်ဝတတ်သည်၊စွန့်စား၍ ဆောင်ရွက်ရသော အလုပ်များကို နှစ်ခြိုက်
တတ်သည်။ကိုယ်ခန္ဓာ၌ အစဉ်သွေးပူနေတတ်သည်။
အသက်ကြီး ပိုင်းတွင် သာမန်အားဖြင့် ကျန်းမာ
ရေးပြီးပြည့်စုံတတ်သည်၊ လူများအပေါ်၌ အကြင်နာကင်းမဲ့ တတ်သည်၊ မိမိ၏ဂုဏ်သိက္ခာထိခိုက်မည်
ကိစ္စများကို ဂရုမပြုတတ်ပေ။ (မွေးပြီးစ) အရွယ် မှစ၍ ဖျားနာတတ်သည်၊ စိတ်အပြောင်းအလဲမြန်
တတ်သည်၊ မိဿလဂ်တွင် တနင်္ဂနွေရှိလျှင် အလွန်ချမ်းသြွာကယ်ဝတတ်သော်လည်း မျက်စိအလင်း
ချွတ်ယွင်းတတ်သည်၊ သိဟ်လဂ်ဖြစ် လျှင် ကြက်မြက်သင့်ရောဂါဖြစ်တတ်သည်၊ ကြဋ်လဂ်ဖြစ်လျှင်
မျက်လုံးများ၌ တိမ်စွဲခြင်း (သို့) အမှတ်အသားတစ်ခုခုရှိတတ်သည်။ တူလဂ်ဖြစ်လျှင် မွေးဖွားစကပင်
မျက်မမြင် ဖြစ်ပြီး ဆင်းရဲ တတ်သည်။
(၂ တန့်) အရုပ်ဆိုးတတ်သည် (သို့) မျက်နှာတွင် အနာတရရတတ်သည်၊ပါးစပ်တွင် အနာရတတ် သည်။
တရားရင်ဆိုင်က ရှုံးတတ်သည်၊ မီးလောင်၍ ဆုံးရှုံးရတတ်သည်။ အစိုးရပိုင် ပြည်သူပိုင် ပစ္စည်းကို အလွဲသုံး
စားပြုလုပ်တတ်သည်။ဒေါသကြီးတတ်သည်၊တဇွတ်ထိုး လုပ်တတ်သည်၊ သောမဂြိုဟ်များ၏ အမြင်
ကိုခံရလျှင် စီးပွားဖြစ်ထွန်းမည်၊ ပညာရေးကောင်း မွန်မည်၊ မျက်စိမမှုန်တတ်ပါ၊ သောမဂြိုဟ်များ၏
အမြင်ကိုခံရလျှင်မူ မျက်စိမှုန်တတ် ချွတ်ယွင်း တတ်ပါသည်။
(၃ တန့်) သူရသတ္တိနှင့် ပြည့်စုံမည်၊ ဂုဏ်သတင်းကျော်စောလာမည်၊ အသိÓဏ်ပြည့်စုံမည်၊ မောင်နှမတ
ဝမ်းကွဲ အမြောက်အမြားရှိမည်၊ ညီအစ်ကိုအနည်းငယ်သာရှိတတ်သည်၊ ချမ်းသာြွကယ်ဝမည်၊ ဘ၀တွင်
အောင်မြင်မှုရှိမည်၊ ငါးနှစ်ရွယ်တွင် ခြေလေးချောင်းသတ္တ၀ါကြောင့်
အန္တရာယ်ကျရောက်နိုင်သည်။ ၃ တန့် ဘာဝသခင်ဂြိုဟ်အား ဗလနှင့် ပြည့်စုံလျှင် ညီအစ်ကိုများ အသက်ရှည်လိမ့်မည် မောင်နှမသားချင်းများနှင့်ချစ်ချစ်ခင်ခင်နေထိုင်တတ်သည်။မိမိထက်အငယ်များအတွက်ပူပင်သော
ကများရတတ်သည်။မိမိအားယှဉ်လာသောရန်၊အတိုက်အခံကိုအနိုင်ရမည်။လှူဒါန်းရာတွင်
စေတနာသန့်သန့်ဖြင့်လှူဒါန်းတတ်၏။
(၄ တန့်) ကိုယ်ခန္ဓာအစိပ်အပိုင်းများ ချွတ်ယွင်းတတ်သည်၊ စိုးရိမ်ပူပန်မှု ကြောင့်ကြမှုများတတ် သည်၊
 ဆွေမျိုးသားချင်းများကို မုန်းတီးတတ်သည်၊ တိုင်းတပါးရပ်ခြားတွင် အောင်မြင်ရတတ် သည်၊
 မိခင်အသက်တိုတတ်သည်၊ ကိုယ်ခန္ဓာအပူချိန် အစဉ်နွေးနေတတ်သည်၊ ၂၂ နှစ်ရွယ် တွင်
အထူးအောင်မြင်မှုရတတ်သည်၊ စကားများရန်တွေ့တတ်သည်၊ စိတ်ချမ်းသာမှု မဖြစ်နိုင် ပါ၊
 ဂုဏ်သတင်းကျော်စောထင်ရှားမည်။
(၅ တန့်) ဆင်းရဲတတ်သည်၊ ကလေးမရတတ် (သို့) ကလေးနည်းတတ်သည်၊ နှလုံးရောဂါရ တတ်သည်၊
ကိုယ်ခန္ဓာကြံ့ခိုင်တတ်သည်၊ ခုနစ်နှစ်ရွယ်တွင် ဖခင်ဖြစ်သူအား ဘေးအန္တရာယ် ကြုံတတ်၏၊
 တနင်္ဂနွေဂြိုဟ်အားဗလပြည့်စုံလျှင် သားသမီးများ ကြီးပွားမည်။
        တနင်္ဂနွေ (၅) တန့်ဘာဝတွင်ရပ်တည်ထားသောကြောင့်အသိညဏ်ထက်မြက်မည်။
မန္တာန်သိဒ္ဓိဖြစ်မည်၊ဂါထာမန်းမှုတ်ရာတွင်စူးရှထက်မြက်မည်။လူမှုရေးရာကျွမ်းကျင်မည်။တာဝန်ကြေ
ပြွန်မည်။ဘ၀လွတ်မြောက်ရေးကိုကြိုးစားအောင်မြင်တတ်သည်။သတိမေ့လျောတတ်သည်။ခါးနာ
တတ်မည်။
(၆ တန့်) အသိÓဏ်ြွကယ်ဝမည်၊ လူတန်းစားခွဲခြားမှုကို လုံးဝဂရုမစိုက်တတ်၊ စစ်မက်လိုလား တတ်သည်၊
 သူရသတ္တိနှင့် ပြည့်စုံတတ်သည်၊ အကျင့်စာရိတ္တ ပျက်ပြားတတ်သည်၊ သားသမီး မြေးမြစ်များနှင့်
သိုက်သိုက်ဝန်းဝန်း နေထိုင်ရတတ်သည်၊ ရန်သူများအပေါ် လွယ်ကူစွာ အောင် မြင်ရတတ်သည်၊
 ချမ်းသြွာကယ်ဝမည်၊ အသက် (၂၀) အရွယ်တွင် မျက်လုံးရောဂါရရှိတတ် သည်။
အသက်ကြီးပိုင်းတွင် ရန်သူ (ရန်ဘက်ဟောင်း) များထံမှ ဥစ္စာပစ္စည်းမြောက်မြားစွာ ရရှိတတ်ပါသည်။
(၇ တန့်) စာရိတ္တသိပ်မကောင်းသူဖြစ်တတ်သည်၊ အမျိုးသမီးများ၏ အမုန်းကို ခံရတတ်သည်၊ အသက်ကြီးမ
ှ အိမ်ထောင်ကျတတ်သည်၊ ဇနီးသည်အလိုကျ လုပ်ကိုင်ပေးရတတ်သည်၊ ခရီး သွားလာခြင်းကို ခုံမင်တတ်
သည်၊ အမျိုးသမီးလုပ်ငန်း ကိုင်ငန်းများမှတဆင့် ငွေအမြောက် အမြားရတတ်သည်၊ အိမ်တကာလှည့်၍
စားသောက်လေ့ရှိတတ်သည်၊ ဇနီးသည်၏ အကျင့် စာရိတ္တမှာ သံသယရှိဖွယ်ဖြစ်တတ်၏၊ သောမဂြိုဟ်များ၏
မြင်ခြင်းကိုခံရလျှင် ဇနီးသည် ရိုးသားဖြောင့်မတ်မည်၊ အသားအရေချော၍ ကိုယ်ခန္ဓာကိုယ်   (ရင်) ပြည့်ဖြိုးမည်၊
 မယားတစ် ယောက်ထက်ပို၍ ရှိသည်၊ မျိုးရိုးမှ တားမြစ်ထားသော အစားအစာများကို စားတတ်သည်။
      တနင်္ဂနွေ ၇ တန့်ဘာဝတွင်ရပ်တည်ထားသောကြောင့်ဇာတာရှင်ဘ၀ခရီးတလျှေက်လျှောက်လှမ်း
ရာတွင်မဖြောင့်ဖြူးတတ်ပါ။အခက်အခဲအတားအဆီးများစွာကိုကျော်ဖြတ်ရလိမ့်မည်။လူမျိုးခြားများနှင်အကျိုးပေးမည်။
ဖက်စပ်လုပ်ငန်းများနှင့်အကျိုးပေးတတ်သည်။မိမိလုပ်လိုသောကိစ္စကိုမဖြစ်မနေဖြစ်အောင်ကြိုးစား
လုပ်ကိုင်တတ်သည်။ ကျန်းမာရေးကောင်း၍ သန့်ရှင်းလှပတောင့်တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်ရပေမည်။
 အနုပညာဆန်သော အတွေးအခေါ် ရှိမည်။တနည်း လူမှုရေးအတွေးအခေါ်ရှိပြီး လူမှုရေးနားလည်သဖြင့်
မိမိပတ်ဝန်းကျင်တွင် ထင်ရှားမည်။လိင်ကွဲချစ်ခင်သောမိတ်ဆွေများပေါများ
မည်။အဖွဲ့အစည်းတို့၏သဘောတရားနှင့် လူမှုရေးစာပေများတွင် ဗဟုသုတြွကယ်ဝပါမည်။လူအများ
နှင့်ဆောင်ရွက်လုပ်ကိုင်တတ်သော သဘာဝရှိပေမည်။ လူအများတို့၏ ချစ်ခင်ခြင်းကို ရရှိပေမည်။
(၈ တန့်) ကလေးနည်းတတ်သည်၊ အသက်ရှည်တတ်သည်၊ မျက်လုံးအောင့်တတ်သည်၊ (မျက်လုံးနာတတ်သည်)
 ဆယ်နှစ်အရွယ်တွင် ခေါင်း၌ အဖုအပိမ့်များထွက်ပေါ်တတ်သည်၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမရှိတတ်ပါ၊
 ဒါနပေးကမ်းစွန့်ကြဲမှုကို မနှစ်သက်တတ်ပါ။
(၉ တန့်) ခက်ခဲနက်နဲသိမ်မွေ့သော ဘာသာရပ်အကြောင်းအရာများကို ခုံမင်တတ်သည်။ ပေးကမ်းလှူဒါန်းရာတွင်
ရက်ရောတတ်သည်၊ ဘာသာရေးအထူးကိုင်းရှိုင်းလေးစားတတ်သည်၊ ငွေ/ပစ္စည်းအနည်းငယ်သာ ချမ်းသာမည်၊
ကလေးနည်းတတ်သည်၊ ဘိုးဘွားမိဘ (အထူး သဖြင့် အဖ) ထံမှ အမွေအထိုက်အလျောက် (အနည်းငယ်သာ)
 ရတတ်သည်၊ မိမိလုပ်အားဖြင့် ကြိုးစားရှာဖွေ၍ ဥစ္စာစုဆောင်းရတတ်သည်၊ မြေအမြောက်အမြားပိုင်ဆိုင်ရတတ်သည်။ ြူ
ညေိ များနှင့် ပတ်သက်သော ရောဂါရရှိတတ်သည်။
(၁၀ တန့်) ဂုဏ်သတင်းကျော်စောတတ်သည်၊ ငွေရှာဖွေစုဆောင်းခြင်းအတတ်တွင် အထူး ကျွမ်းကျင်တတ်သည်၊
 သူတပါးထက်သာလွန်သော အရည်အချင်းရှိတတ်သည်၊ ကျန်းမာရေး ကောင်းမွန်မည်၊ ပညာတတ်မည်၊
 သတ္တိအလွန်ကောင်းမည်၊ တေးဂီတ၀ါသနာပါမည်၊ အစား အသောက် အရသာခံစားတတ်သည်၊ လိမ္မာသော
 သားသမီးများရတတ်သည်၊ ရွာသစ် မြို့သစ် နိုင်ငံ (ကိုလိုနီ) သစ်များ ထူထောင်ရတတ်သည်၊
(လူအများအပေါ် သြဇာအာဏာသက်ရောက် မှုရှိတတ်သည်) စစ်မက်နှင့် နိုင်ငံရေးလောကတွင် အထူးအောင်မြင်မှု ရတတ်သည်။
(၁၁ တန့်) စီးပွားဖြစ်ထွန်းမည်၊ (ကားစသဖြင့်) ယာဉ်အမြောက်အမြားပိုင်ဆိုင်ရတတ်သည်၊ မည်သည့်လုပ်ငန်းကိုမဆို
 ဇွဲလုံ့လနှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ရတတ်သည်၊ နိုင်ငံရေးလုပ် လျှင် ပြိုင်ဘက် (ရန်ဘက်) ပေါများတတ်သည်၊
 အမှန်တရားဘက်မှ ထာဝရ ရပ်တည်လေ့ရှိ သည်၊ ကျန်းမာရေးကောင်းမည်။
(၁၂ တန့်) ဆင်းရဲတတ်သည်၊ သူတပါးပစ္စည်းကို ခိုးယူတတ်သည်၊ မုဆိုးမများနှင့် ပြစ်များ ကျူးလွန်တတ်သည်၊
 အရပ်မြင့်တတ်၏၊ အမှားအမှန်ကို ဂရုမစိုက်ဘဲ ဆောင်ရွက်တတ်သည်၊
ဂုဏ်သိက္ခာ ထိန်းသိမ်းရန် လုံးဝဂရုမစိုက်တတ်ချေ။
တနင်္လာဂြိုဟ် ဘာဝ ၁၂ ပါးရပ်တည်ခြင်း
တ န င်္လာ (သို့) စန္ဒြ
(၁ တန့်) ရုပ်ချောသော်လည်း ကိုယ်ခန္ဓာကြုံလှီတတ်သည်၊ လေနာထတတ်၏၊ အင်္ဂါဇာတ်နှင့် နားတို့တွင်ေ
ရာဂါရတတ်သည်၊ ပညာတတ်ဖြစ်မည်၊ ညီအစ်ကိုများမည်၊ တက်တတ်သည်၊ စိတ္တဇရောဂါ စွဲကပ်တတ်သည်၊
ခေါင်းမာတတ်သည်၊ ရေနစ်တတ်သည်၊ ကောရတွင် စန်းရှိပါ က ယောကျာ်းဖြစ်လျှင် ချမ်းသြွာကယ်ဝမည်၊
 မိဿတွင် စန်းရှိပါက ကလေးများများရတတ် သည်၊ ပြိဿတွင် စန်းရှိပါက ရာထူးဂုဏ်သိန် စည်းစိမ်နှင့် ပြည့်စုံတတ်ပါသည်။
(၂ တန့်) ချောမောလှပမည်၊ မျက်နှာထားကောင်းမွန်တတ်သည်၊ ရှုချင့်စဖွယ် မျက်လုံးပိုင်ဆိုင် ဖြစ်တတ်၏၊ အသိÓဏ်ဖြင့်
 အထူးပြည့်စုံမည်၊ြွကယ်ဝခ်ျးသာမည်၊ ပညာသင်ရာတွင် အနှောင့် အယှက်များကြောင့် မကြာခဏ နားနေရတတ်သည်၊
အစိုးရ၏ လေးစားခြင်း ခံရမည်၊ ပျော်ရွှင် ဖွယ်ရာ မိသားစုရရှိနိုင်သည်၊ စကားပြောချိုသာမည်။
(၃ တန့်) အစာမကြေရောဂါ ဖြစ်ပွားတတ်သည် (သို့) မိခင်မှ နို့မတိုက်ကျွေးသဖြင့် ဖြစ်သော မြင်းသရိုက်နာ
ရောဂါဖြစ်ပွားတတ်သည်၊ ချစ်စဖွယ်ယဉ်ကျေးသော ညီအစ်မများရှိတတ်သည်၊ ကိုယ်ခန္ဓာသေးသွယ်တတ်သည်၊
 ညီအစ်ကိုများလိမ့်မည်၊ ဘာသာရေးတွင် မကိုင်းရှိုင်းတတ်ပါ၊ ပညာတတ်ဖြစ်မည်၊ သတ္တိရှိမည်၊ ရက်စက်ကြမ်းကြုတ်တတ်သည်။
        ၃ တန့်ဘာဝတွင် တနင်္လာဂြိုဟ်ရပ်တည်နေသောကြောင့် မိမိအစွမ်းအစဖြင့်ဝင်ငွေကျိုးစားရှာ
ဖွေလိမ့်မည်။မိမိကိုယ်ကောင်းအောင်ပြုပြင်နေထိုင်တတ်သည်။မောင်နှမသားချင်းများ နှင်ချစ်ချစ်ခင်ခင်
နေထိုင်တတ်သည်။သားချင်းများနှင်တိုင်ပင်ဆွေးနွေးခြင်မပြုပဲ တသီးပုဂ္ဂလစီးပွားရှာဖွေတတ်သည်။
ညီငယ် ညီမငယ်များအတွက်ပူပင်သောက များရတတ်သည်။မိဘ ဆရာသမား တိုကိုအတိုက်အခံပြု
တတ်သည်။
(၄ တန့်) အကောင်းကြိုက်တတ်သည်၊ အဆင့်မြင့်ပညာများ သင်ကြားအောင်မြင်မည်၊ အိမ် များ၊ မြင်းများ၊ အိမ်ထောင်ပ
ရိဘောဂများ ကောင်းမွန်စွာ ပိုင်ဆိုင်မည်၊ ဆွေမျိုးများတတ်သည်၊ ငွေအများအပြား ချမ်းသာမည်၊ ပျော်ပျော်နေတတ်သည်၊
 စာရိတ္တပျက်ပြားတတ်သည်၊ လူအမြောက်အမြားကို အကာအကွယ်ပေးတတ်သည်၊ မိခင်ကောင်းဖြစ်မည်၊ သူ၏မိခင်မှာ
ကျန်းမာရေးညံ့မည်။
(၅ တန့်) ကျွဲနွားတိရိစ္ဆာန် အမြောက်အပြားပိုင်ဆိုင်တတ်သည်၊ ချောမောလှပသော ဇနီးသည် ရှိတတ်သည်၊ ဖြတ်ထိုး
Óဏ်ရှိတတ်သည်။ြွကားဝါတတ်သည်၊ တစ်ပိုင်းတစ်စဖြစ်တတ် သည်။ သားသမီးများတတ်သည်။
(၆ တန့်) ပျင်းရိတတ်သည်၊ မိန်းမများ၏ မြူဆွယ် (ချော့ခိုင်း) ရာပါတတ်သည်၊ သိမွေ့သော ကိုယ်ခန္ဓာရှိမည်၊
 ကာမဆန္ဒအားနည်းတတ်သည်၊ မုဆိုးမများအား နှစ်သက်တတ်သည်၊ ဆင်းရဲ တ်သည်၊ အရက်သေစာသောက်ကြူးမည်၊
 ခိုးဝှက်တတ်သည်၊ သူစိမ်းများ၏ ကျွေးမွေးစောင့် ရှောက်ခြင်းကို ခံရတတ်သည်၊ ကိုယ့်ကိုယ်ကို အထင်ကြီး (မာနကြီး)
တတ်သည်၊ Óဏ်ရှိမည်၊ အစာအိမ်ရောဂါရှိမည်၊ ရန်သူပေါများမည်။
(ရ တန့်) အမျိုးသမီးများကို နှစ်သက်တတ်သည်၊ အပြုအမူယဉ်ကျေးသိမ်မွေ့လိမ့်မည်၊ သွေးထွက်သံယိုမှု ပြုလုပ်လိုသည်၊
ဇနီးချောရတတ်သည်၊ မိသားစုကောင်းရတတ်သည်၊ ခါးနာတတ်သည်၊ ပါပဂြိုဟ်များ၏ အမြင်ခံရလျှင် ဇနီးနှစ်ယောက်ရ
တတ်သည်။ အတွေး အခေါ် အမြင်ကျဉ်းတတ်သည်၊ နာလိုဝန်တို ဣဿာစ္ဆရိယစိတ်ရှိတတ်သည်၊ ကာမဆန္ဒအား လွန်ကဲတတ်သည်။
(၈ တန့်) ပြောင်းလဲလွယ်သောစိတ်ထား ရှိသည်၊ ကျန်းမာရေးမပြည့်စုံတတ်ပါ၊ ကလေးနည်း မည်၊ မိခင်အသက်တိုတတ်သည်၊
 ဇနီးနှင့် သဘောထားမတိုက်ဆိုင်တတ်ပါ၊ အသည်းရောဂါဖြစ် တတ်သည်၊ ကိုယ်ခန္ဓကြုံလှီတတ်သည်၊ မျက်စိချွတ်ယွင်း၍
 အသက်တိုတတ်ပါသည်။
(၉ တန့်) ပုံပြင်နှစ်သက်သည်၊ Óဏ်ရှိသည်၊ ရေတွင် ရေကန်စေတီပုထိုးနှင့် ကုသိုလ်တော်ျား ပြုလုပ်တ်သည်၊
သားသမီးကောင်းရရှိမည်၊ ဘာသာရေးကိုင်းရှိုင်းတတ်မည်၊ မြေအမြောက် အမြားပိုင်မည်၊ ရွှေပိုင်ဆိုင်နိုင်သည်၊
လူကြိုက်များမည်၊ သူငယ်ချင်းများ ပေါများမည်၊ ဆွေမျိုး ပေါများမည်၊ ချမ်းသြွာကယ်ဝတတ်သည်။
(၁၀ တန့်) ဒါန (စွန့်ကြဲပေးကမ်း) တတ်သည်၊ သတ္တိရှိမည်၊ အကင်းပါးမည်၊ လုံ့လနှင့် လုပ်အား အကျိုး ခံစားရမည်၊
 မုဆိုးမနှစ်သက်သည်၊ စီးပွားရေးလာဘ်မြင်မည်၊ အသက်ရှည်မည်၊ အောင် မြင်မည်၊ လူကြီးနှင့် သံဃာများအား
လေးစားမည်၊ ချမ်းသာမည်၊ စွန့်စွန့်စားစား အလုပ်လုပ် တတ်သည်။
(၁၁ တန့်) ဗဟုသုတြွကယ်ဝမည်၊ လူလူချင်းကိုယ်ချင်းစာနာထောက်ထား၍ လူမှုရေး ဦးစား ပေးမည်၊ စာပေရသကို
ခံစားတတ်မည်၊ ယဉ်ကျေးသိမ်မွေ့မည်၊ ချမ်းသြွာကယ်ဝမည်၊ ပြုစုပျိုး ထောငှုတော်မည်၊ ပေးကမ်းစွန့်ကြံ (ဒါန) ၀ါသနာပါမည်။
ခံယူချက်ပြည့်ဝမည်၊
(၁၂ တန့်) ယုတ်နိမ့်သောအကျင့်ရှိသည်၊ သတင်းဆိုးအစဉ်ကြားရတတ်သည်၊ ဆွေမျိုးပေါများ မည်၊ ကိုယ်ခန္ဓာအစိပ်အပိုင်းများ
ချွတ်ယွင်းတတ်သည်၊ အမြင်ကျဉ်းမည်၊ ရက်စက်မည်။
အင်္ဂါ ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) ကိုယ်တွင် မီးလောင်ဖု (သို့) အမာရွတ်ရှိတတ်သည်၊ တေဇောဓာတ်လွန်ကဲမည်၊ ခိုးဝှက်တတ်မည်၊ ၀မည်၊
အသားအရေစိုပြည်မည်၊ အများ၏ လေးစားမှုခံရမည်၊ ဖခင်တွင် အန္တရာယ်ရှိမည်။
(၂ တန့်) ဒေါသကြီးတတ်မည်၊ အသုံးအဖြုန်းကြီးမည်၊ စာရိတ္တမကောင်းတတ်၊ ပညာသင်က အဆင်မပြေတတ်ပါ၊
မြေနှင့် ရတနာများ အမွေရတတ်ပါသည်။
(၃ တန့်) ညီအစ်ကိုနည်းသည်၊ အသိÓဏ်ြွကယ်ဝမည်၊ ရဲရင့်သတ္တိရှိမည်၊ ဖောက်ပြားတတ်မည်၊ ပါပဂြိုဟ်မြင်ခဲ့လျှင်
ဇနီးသည်ပါ ပေါက်ပြားတတ်သည်၊ ကချေသည်များကို နှစ်သက်စွန့်စားမှု လိုလားမည်၊ မထင်ရှား မကျော်ဇောတတ်၊
ညီအစ်ကိုမောင်နှမ တစ်ဝမ်းကွဲများပြားမည်။
              ၃ တန့်ဘာဝတွင်အင်္ဂါဂြိုဟ်ရပ်တည်နေသောကြောင့်မောင်နှမသားချင်းများ နှင့်အဆင်
မပြေတတ်။မောင်ငယ် ညီမငယ်များ အတွက်ပူပင်သောက များရတတ်သည်။မိဘ ဆရာသမား တို့ကို
အတိုက်အခံပြုတတ်သည်။ အသိÓဏ်ြွကယ်ဝမည်၊ ရဲရင့်သတ္တိရှိမည်။မထင်ရှားမကျော်ဇောတတ်၊
 ညီအစ်ကိုမောင်နှမ တစ်ဝမ်းကွဲများပြားမည်။
(၄ တန့်) မိဘအန္တရာယ်ရှိမည်၊ မိခင်ကျန်းမာရေးခိျု့တဲ့မည်၊ မိသားစု အတွင်းအချေ အတင်ဖြစ် မည်၊
ယာဉ်ရထားကောင်းများ ရရှိမည်၊ အများအပေါ် မှီခိုတတ်မည်၊ ရက်စက်မည်၊ အမျိုး သမီးများအပေါ် ဗိုလ်ကျမည်။
(၅ တန့်) ကလေးမရတတ်ပါ၊ အစိုးရ၏ အငြိုအငြင်ခံရတတ်ပါသည်၊ မကျော်စော မထင်ရှားတတ်ပါ။
(၆ တန့်) ချမ်းသာမည်၊ မြေကောင်းပေါမည်၊ ရန်အောင်မည်၊ နိုင်ငံရေးအောင်မြင်မည်၊
အသိÓဏ်ရှိ၏၊ လှိျု့ဝှက်ရန်သူရှိမည်။
(၇ တန့်) ဇနီးသည်ချူချာလိမ့်မည်၊ သွေးသွန်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ လက်နှင့်ပတ်သက် သော ရောဂါများ ရတတ်မည်၊
ညီအစ်ကိုများမည်၊ အမိဘက်မှ ဦးလေးများမည် အသိÓဏ်ရှိ မည်။
(၈ တန့်) ၀င်ငွေ + ရလဒ်နည်းမည်၊ မျက်စိမှုန်မည်၊ အသက်တိုမည်၊ ဖခင်အန္တရာယ်ရှိမည်၊ ဖခင်ကောင်း - မိခင်ဘက်မှ
 ဦးလေးကောင်းများရမည်၊ ကချေသည်နှစ်သက်မည်၊ အသက် ကြီးလျှင် မုဆိုးဖိုဖြစ်တတ်သည်။
(၉ တန့်) မြေကျေးရှုံးမည်၊ ဖခင်မကျန်းမာဖြစ်မည်၊ ရက်စက်တတ်မည်၊ သူတပါးအပေါ် မှီခို တတ်မည်၊ သင်္ဘော +
 ရေလုပ်ငန်းဖြင့် အကျိုးအမြတ်ရရှိမည်။
(၁၀ တန့်) ငွေကြေးရှာဖွေရာတွင် ကျွမ်းကျင်သည်၊ ကျန်းမာရေးကောင်းသည်၊ မြို့ပြကိုလိုနီထူ ထောင်မည်၊ ကိုယ်ရှာ
ဖွေစုဆောင်း၍ ဥစ္စာရရှိမည်၊ မြေကျေးအောင်မြင်မည်။စက်မှုလက်မှုဝါသနာ
ပါမည်။ ၁၀တန့်ဘာဝတွင်အင်္ဂါဂြိုဟ်ရပ်တည်နေသောကြောင်စီးပွားရေးလုပ်ကိုင်ရာတွင်လူလိမ်
လူကောက်များနှင့်ကြုံတွေ့ရတတ်သည်။ယောက်ဖ၊ညီပကိုများနှင့်အဆင်မပြေတတ်။ဘာသာရေးလိုက်
စားမှူအားနည်းတတ်သည်။ စီးပွားရေးကြိုးစားလုပ်ကိုင်ပါသော်လည်းအကျိုးခံစာရရှိမှုနည်းပါး
တတ်သည်။
(၁၁ တန့်) ဗဟုသုတြွကယ်ဝသည်၊ မြေချမ်းသာသည်၊ စီးပွားရေးလာဘ်မြင်မည်၊ အစ်ကျိုားမည်၊ ကိုယ်ပိုင်ရှာ
ဖွေ၍ ဥစ္စာရရှိလိမ့်မည်။
(၁၂ တန့်) ကိုယ်ခန္ဓာကိုယ်ချွတ်ယွင်းပျက်စီးတတ်သည်၊ လိမ်ညာတတ်၏၊ မကျော်စော မထင် ရှားတတ်ပေ၊
ဇနီးဆုံးရှုံးတတ်သည်၊ ကိတ်နှင့်ပူးလျှင် မီးရှို့တတ်သည်။
ဗုဒ္ဓဟူး ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) ပညာရှိမည်၊ ဗဟုသုတြွကယ်ဝသည်၊ မျက်လှည့်ပညာနှင့် နက္ခတ်ပညာကို ၀ါသနာပါသည်၊ မကောင်းဆိုးရွားကို
 နှင်နိုင်သည်၊ သင်္ချာနှင့် ကဗျာဝါသနာပါည်၊ ဂုဏ်ရှိမည်၊ အသက်ရှည်မည်။
(၂ တန့်) ၀င်ငွေများမည်၊ ဘာသာရေးကိစ္စများ ဆောင်ရွက်လှုပ်ရှားတတ်သည်၊ ဘာသာရေး ကိုင်းရှိုင်းတတ်၏၊
စကားချိုသာသည်၊ ချမ်းသာမည်၊ ပင်ကိုယ်စုဆောင်းသော ဥစ္စာရှိည်၊ ဆန်ရေ စပါးသိုလှောင်တတ်သည်၊ ရည်မှန်းချက်ကို
ဖြည်းဖြည်းမှန်မှန်နှင့် ရယူတတ်သည်။
(၃ တန့်) ပျော်ရွှင်တတ်သည်၊ မြာစွံသည်၊ ညီအစ်ကိုပေါများမည်၊ တစ်ခါတရံ ရက်စက်တတ် သည်။
                ၃တန့်ဘာဝတွင်ဗုဒ္ဓဟူးရပ်တည်နေသောကြောင့် ကိုယ့်အားကိုယ်ကိုးလုပ်ကိုင်ရမည်။
မိဘများနှင်မသင့်မမြတ်ဖြစ်တတ်သည်။အမျိုးအနွယ်ထင်ရှား ထူးခြားမည်။ ဖခင်၏ဆွေမျိုးသားချင်း
များကိုစောင့်ရှောက်လိုသောဆန္ဒရှိမည်။တနင်္လာဂြိုဟ်မြင်၍မိခင်၏မေတ္တာကိုခံစားရရှိမည်။မိခင်၏သွန်
သင်ဆုံးမမှုကိုအပြည့်အ၀ခံစားရမည်။သစ်လွင်လှပသောအိုးအိမ်ပိုင်ဆိုင်နေထိုင်ရမည်။
(၄ တန့်) ပညာရှိမည်၊ အသိÓဏ်ြွကယ်ဝသော မိခင်ဖြစ်မည်၊ လက်လှည့်ပညာကျွမ်းကျင်မည်၊ ယဉ်ကျေးသိမ်မွေ့သည်၊
 လိုက်လျောတတ်သည်၊ ယာဉ်နှင့် တိရစ္ဆာန်ကို ထိန်းသိမ်းရာတွင် ဂရုမစိုက်တတ်ပါ၊ အကောင်းမကြိုက်တတ်ပေ။
(၅ တန့်) အမိဘက်မှ ဦးလေးများ အန္တရာယ်ရှိသည်၊ မိဘချူချာမည်၊ နိုင်ငံရေးသြဇာရှိသည်၊ စကားများရန်ဖြစ်တတ်သည်၊
 အ၀တ်အစားရှိုးထုတ်၍ြွကားဝါတတ်သည်။
(၆ တန့်) ပညာရေးအဆင်မချောတတ်ပေ၊ ရန်ကင်းသည်၊ ဂုဏ်သရေရှိမည်၊ စိတ်တိုတတ်သည်၊ ကောက်ကျစ်တတ်၏၊
မိခင်အန္တရာယ်ရှိသည်၊ ငွေကုန်ဆုံးမည်၊ ခြေချောင်း လက်ချောင်းတွင် ရောဂါဖြစ်တတ်သည်။
(၇ တန့်) ဘာသာရေးဇာတ်လမ်း ကျွမ်းကျင်သည်၊ ရွှင်ပြုံးသောမိခင်ရှိမည်၊ ယာဉ် + မြင်းပေါ များမည်၊ ကျန်းမာရေးကောင်းသည်
၊ ဖောက်ပြန်တတ်သည်၊ ပေးကမ်းစွန့်ကြဲသည်။
(၈ တန့်) ဂုဏ်ရှိသည်၊ အသက်ရှည်သည်၊ လိုက်လျောတတ်သည်၊ ကလေးနည်းမည်၊ မြေပေါ များသည်။
(၉ တန့်) သဘောကောင်းသည်၊ ဂီတ + တူရိယာ ၀ါသနာပါသည်၊ ကာမဂုဏ်ဖောက်ပြား မည်၊ ဘာသာရေး
အယောင်ဆောင်တတ်သည်၊ ကလေးများမည်။
(၁၀ တန့်) ကံကောင်းသည်၊ ပျော်ရွှင်စရာဘ၀ရှိမည်၊ လူမှုရေး ကုသိုလ်ရေး စောင့်ရှောက်တတ် သည်၊ အသင်းအဖွဲ့များ
 ထူထောင်တတ်သည်၊ နာမည်ကောင်းရမည်၊ Óဏ်ရှိသည်၊ အနစ်နာခံ တတ်သည်၊ မျက်စိမွဲတတ်သည်၊
 အသက်ကြီးပိုင်းတွင် တောထွက်တတ်သည်။
(၁၁ တန့်) မြေပေါများမည်၊ ချမ်းသာပျော်ရွှင်မည်၊ သင်္ချာတော်သည်။
(၁၂ တန့်) Óဏ်ရှိသည်၊ ဖောက်ပြန်သည်၊ စိတ်ပြောင်းတတ်၏၊ သဘောကောင်း၍ လိုက် လျောတတ်၏၊ မိခင်အန္တရာယ်ရှိသည်၊
 ကလေးနည်းမည်၊ သူတပါးအိမ်တွင် နေရတတ်သည်။
ကြာသာပတေး ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) စာတော်သည်၊ သဒ္ဒါဘာသာဗေဒ ကျွမ်းကျင်သည်၊ ကလေးများသည်၊ နိုင်ငံရေး အောင်မြင်မည်၊ အသက်ရှည်၍ ပျော်ရွှင်မည်၊
 ဂုဏ်သတင်းကျော်စောမည်၊ အနုပညာတွင် ထူးချွန်မည်၊ ကိုယ်ခန္ဓာကြံ့ခိုင်မည်၊ ရွှေဝါရောင်ဆံပင်နှင့် မျက်လုံးရှိသည်။
(၂ တန့်) ရုပ်ချောသည်၊ ရှုစဖွယ်မျက်လုံးရှိသည်၊ Óဏ်ရှိသည်၊ ချမ်းသာသည်၊ စကားပြော ကောင်းသည်၊ ဇနီးသားသမီးကောင်း
 ရရှိမည်၊ စကားပြောရာတွင် ဖြတ်ထိုးÓဏ်ရှိသည်၊ ဟာသဇာနÓဏ်ရှိသည်၊ ပျော်စရာကောင်းသော ဘ၀ဆွေမျိုးများအပေါ် သြဇာညောင်းသည်။
(၃ တန့်) ညီအစ်ကိုများသည်၊ ကပ်စေးနည်းသည်၊ ယဉ်ကျေးစွာ ပြောဆိုရသော + ဆက်ဆံရ သော လုပ်ငန်းလုပ်ရမည်၊
 ရည်မှန်းချက်ကိုမရ ရသည့်နည်းဖြင့် ရယူတတ်သည်၊ မြေကြေး ကောင်းမွန်သည်၊ ဆွေမျိုးအရင်းအချာများအား ကာကွယ်ရမည်။
(၄ တန့်) ပျော်ရွှင် + ချမ်းသာမည်၊ ပညာရှိသည်၊ ယာဉ်မြင်းပေါမည်၊ ဆွေမျိုးတို့ စောင့်ရှောက် သည်၊ အိမ်ဆောက်ဝါသနာပါသည်၊
 မိခင်ကောင်းရှိမည်၊ ကျွဲ + နွားပေါများသည်။
(၅ တန့်) ရုပ်ချောသည်၊ မျက်လုံးမျက်ဖန်ကောင်းသည်၊ ၀န်ကြီးရဟန်းဖြစ်တတ်သည်၊ စစ်ဗိုလ် အုပ်ချုပ်ရေးအရာရှိဖြစ်မည်။
(၆ တန့်) ညီအစ်ကိုဝမ်းကွဲပေါများသည်၊ သားသမီးကောင်းရမည်၊ ရန်ကင်းသည်၊ ဟာသ + ဇ၀နÓဏ်ရှိ၏၊ ကာမဂုဏ်ခံစားမှုမြန်သည်၊
 အစာမကြေရောဂါ ဖြစ်တတ်သည်။
(၇ တန့်) ဖခင်ထက်ပို၍ ချမ်းသာပို၍ ကျော်စောမည်၊ ဇနီးရပြီး (ပို၍) ချမ်းသာမည်၊ စိတ်လှုပ် ရှားတတ်သည်၊ နာမည်ကောင်းလိုချင်သည်၊
မြေကြေးအောင်မြင်မည်၊ ပါပဂြိုဟ်မြင်လျှင် ဇနီး သစ္စာမဲ့တတ်သည်။
(၈ တန့်) သဘောထားသေးသိမ်သည်၊ အရက်မူးမည်၊ မုဆိုးဖို ၀မ်းဗိုက်နာတတ်သည်၊ အလုပ် သမားတို့၏ ခေါင်းဆောင်ဖြစ်မည်၊
 ကုသိုလ်ရေးရန်ပုံငွေ အလွဲသုံးစားလုပ်တတ်သည်၊ အသက် ရှည်မည်၊ အကျင့်မကောင်းတတ်ပါ။
(၉ တန့်) သဘောကောင်းကူညီတတ်သည်၊ ဘုရားကြည်ညိုသည်၊ ကလေးများမည်၊ သီလစောင့်ထိန်းတတ်သည်၊ ချမ်းသာမည်၊
 ဖခင်အသက်ရှည်မည်၊ စာပေတတ်မည်။
(၁၀ တန့်) စာတော်သည်၊ လာဘ်မြင်သည်၊ ချမ်းသာမည်၊ လေးစားခံရမည်၊ မြေပေါများမည်၊ ယာဉ် + မြင်း + ကလေးများမည်၊
 ကျေးရွာများကို အုပ်ချုပ်ရမည်၊ အခိုင်းအစေပေါမည်၊ ဖြည်းဖြည်းမှန်မှန် လုပ်တတ်သည်။
(၁၁ တန့်) ဂီတ၌ ထူးချွန်မည်၊ မြင်း + ဆင်ပိုင်မည်၊ ချမ်းသာမည်၊ ပေးလှူတတ်သည်၊ ဘုရားကို ကြည်ညိုသည်၊ သူတပါးက
ို မှီခိုရတတ်သည်၊ အစ်ကိုများမည်။
(၁၂ တန့်) ရက်စက်သည်၊ ဆင်းရဲမည်၊ ကလေးနည်းမည်၊ ပြည့်တန်ဆာများနှင့် ရင်းနှီးဆက်ဆံ တတ်သည်၊ သရက်ရွက်နှင့်
 အကျိတ်ကြီးထွားမည်၊ အကောင်းကြိုက်သည် (ကုတင်အိပ်ရာ အမျိုးသမီးအပျော်အပါးအားလုံး)၊ အသက်ကြီးပိုင်းတွင်
 ဘာသာရေးကိုင်းရှိုင်းမည်။
သောကြာ ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်)
          သင်္ချာပညာရှင်ဖြစ်လိမ့်မည်။အသက်ရှည်ခြင်း၊ ဇနီးကိုချစ်တတ်မည်။ရတနာ၊အ၀တ်အစား၊
အမွှေးအကြိုင် ပန်းအမျိုးမျိုးကြိုက်နှစ်သက်မည်။မျက်နှာပွင့်လင့်မည်။ သူတော်ကောင်းပုဂ္ဂိုလ်တို့အား
ဆည်းကပ်မည်။ ကာမဂုဏ်ချမ်းသာနှင့်ပြည်စုံမည်။ကုသိုလ်ကောင်းမှု အလှူဒါနကိုပြုလုပ်တတ်သည်။
(၂ တန့်)
       ရုပ်ချောမည်၊ မျက်လုံးကောင်းသည်၊ဆွေကြီးမျိုးကြီးမှဆင်းသက်မည်။အစားအသောက်ကောင်း
ကြိုက်သည်၊ချစ်စရာဇနီးရတတ်သည်။ ဇနီးမှလွဲ၍မိန်းမမုန်းမည်။ အနုပညာဝါသနာပါမည်။ သဘော
ကောင်းလိုက်လျောတတ်လိမ့်မည်။ထက်မျက်သော အသိညဏ်ရှိမည်။စကားပြောကောင်းမည်။ အဖိုး
တန်အ၀တ်အစားကြိုက်နှစ်သက်လိမ့်မည်။ မိတ်ဆွေများနှင့်ဆွေမျိုးသားချင်းတို့အလည်တွင်တင့်တယ်
မည်။အိနြေ္ဒရှိမည်။
(၃ တန့်)
            ဆွေမျိုးသားချင်းများနှင့်မသင့်မမြတ်ဖြစ်တတ်သည်။ မောင်နှမသားချင်းများပြားမည်။ ဒေါသကြီးမည်။
စီးပွားတိုးတက်အောင်ဆောင်ရွက်လိုစိတ် ၊ကြိုစားအားထုပ်လိုတ်နည်းမည်။အေးအေးဆေးဆေးနေလိုမည်။
မိမိရသင်ရထိုက်သောအခွင့်အလမ်းများဆုံးရူံးမှုနှင့်ကြုံရတတ်သည်။
(၄ တန့်)
        အစားကောင်းသည်၊ စာတော်သည်၊ Óဏ်ရှိသည်၊ ကြင်နာသော မိခင်ရတတ်သည်၊ယဉ်ပိုင်  ဆိုင်လိမ့်မည်။
နို့ကြိုက်တတ်သည်၊ ဆွေမျိုး၊ မြေယာစိုက်ပျိုးသီးနှံ၌ အောင်မြင်မည်၊ ကျော်ဇောမည်။
မိဘတို့အားပြုစုလုပ်ကျွေးလိမ့်မည်။လူပရိတ်သတ်အလယ်တွင့်တင့်တယ်မည်။
(၅ တန့်)
      Óဏ်ရှိသည်၊ အုပ်ချုပ်မှု အရည်အချင်းရှိသည်၊ မိခင်အန္တရာယ်ရှိသည်၊ အုပ်ချုပ်သူ ဖြစ်မည်။ စာတတ် ပညာတတ်ဖြစ်မည်၊
 သမီးလေးများမည်။ရာထူးကြီးကြီးမားမားရတတ်သည်။ကိုယ်ပိုင်ယဉ် စီးရလိမ့်မည်။
(၆ တန့်)
       ရန်အတိုက်အခံများမည်။ မောင်နှမ၀မ်းကွဲပေါမည်၊ ဖောက်ပြန်တတ်သည်၊ လိင်ရောဂါအစဉ်ရ မည်၊ ဗဟုသုတပေါများမည်၊
 အမျိုးသမီးမျိုးစုံ ကြိုက်သည်။သူတပါးအကူအညီမရတတ်ပါ။အထက်လူကြီး၊ဆရာသမားများအတွက် သောကများရတတ်သည်။
(၇ တန့်)
               အမျိုးသမီးများစွာတို့ကို ကြိုက်နှစ်သက်လိမ့်မည်။စီးပွား ချမ်းသာသောမယားရမည်။
ကာမဂုဏ်ကိုမတင်းတိမ်တတ်သောသူဖြစ်လိမ့်မည်။လူအများကိုမိမိဘက်ပါအောင်ဆွဲဆောင်နိုင်စွမ်းရှိ
မည်။အသင်းအဖွဲ့များနှင့်အကျိုးပေးမည်။
(၈ တန့်)
      ပျော်ရွှင်စွာနေတတ်သည်။ဘုန်းကြီး၍ အသက်မရှည်ဖြစ်မည်။အကုသိုလ်လုပ်ငန်းနှင့်အကျိုး
ပေးမည်။ အမှားအမှန် ဂရုမစိုက်တတ်ပေ။စကားပြောကြမ်းမည်။စီးပွားရေးအကြပ်အတည်းကြုံရ
တတ်သည်။ြွေကးမကင်းဘဲရှိမည်။
(၉ တန့်)
            ဘာသာရေးကိုင်းရှိုင်းသည်၊ဆရာသမား၊မိဘ၊အကြီးအကဲတို့အားရိုသေလေးစားတတ်၏။
အကြီးအကဲဖြစ်တတ်သည်။စီးပွားရေးအကွက်မြင်တတ်သည်။ ဘုရားသံဃာကြည်ညိုလေးစားသည်။
ဘုရားဖူးခရီးများမကြာခဏသွားရမည်။လူအများ၏လေးစားမှုကိုခံရမည်။
(၁၀ တန့်)
           အမျိုးအနွယ်ကိုဂုဏ် သိက္ခာထိခိုက်စေသောကိစ္စကိုဆောင်ရွက်မိတတ်သည်။မတရားစီးပွား
ရှာလျှင်မမြဲတတ်၊တရားသဖြင့်စီးပွားရှာမှမြဲမည်။ကုသိုလ်ကောင်းမှုများပြုလုပ်ရလိမ့်မည်။မင်းနှင့်တူ
သောစည်းစိမ်ကိုပေးမည်။လိမ်မာသောဇနီးကောင်းရတတ်သည်။မိန်မအမွေအနှစ်ရမည်။ပညာရေး
အဆင်မပြေတတ်ပါ။ကိုယ်ပိုင်ယဉ်ရိုမည်။ ဥပဒေနှင့် အကျိုးပေးသည်။မိမိအားပြိုင်ဆိုင်၊တိုက်ခိုက်
လာသူအား တရားသဖြင့်ယှဉ်ပြိုင်အနိုင်ရရှိမည်။အိမ်ထောင်ဘက်မှမိမိ၏လုပ်ငန်းကိုင်ငန်းများအား
အကူအညီပေးလိမ့်မည်။
(၁၁ တန့်)
           အိမ်ထောင်ဘက်သည် ရုပ်ရည်လက္ခဏာအဆင်း လှပတင့်တယ်မည်။ဂုဏ်ကြက်သရေ
ဖြင့်ပြည့်စုံမည်။ကျော်ဇောထင်ရှားမည်၊ြွကယ်ဝချမ်းသာမည်။ကတိသစ္စာတည်မည်၊သီလသမာဓိရှိမည်
ညဏ်ပညာထက်မြက်မည်။လူအမျာကြည်ညိုလေးစားခြင်းခံရမည်။တရားသဖြင့်စီးပွားရှာမည်။မြေယာ
အိုးအိမ်၊ယဉ်များ ပိုင်ဆိုင်လိမ့်မည်။စီးပွားရေးကောင်းမွန်မည်။တေးဂီတ၊အနုပညာဝါသနာပါမည်။
(၁၂ တန့်)
        ဂုဏ်ကြက်သရေနိုမ့်ကျတတ်သည်။ဝင်ငွေနှင့်သုံးငွေညီမျှခြင်းမရှိဖြစ်တတ်သည်။ဆွေမျိုးသား
ချင်းများနှင့်ရန်များတတ်သည်။မိမိထက်အဆင့်နိမ့်အမျိုးသမီးကို သဘောကျတတ်သည်။ကပ်စေးနည်း
မည်။ ကတိပေးပြီးမတည်တတ်။အိမ်ထောင်ရေးနှင့်ပတ်သက်၍၀မ်းနည်းစရာများနှင့် ကြုံတတ်သည်။
မိမိနှင့်အရင်းနှီးဆုံးလူမှသစ္စာဖေါက်ခြင်းခံရမည်။
စနေ ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) ကလေးဆုံးပါးတတ်သည်၊ မကောင်းစိတ်၊ အမှားအမှန် မဝေဖန်တတ်၊ ဘုရင့်အမျက် တော် ရှုတတ်၏၊
 နိုင်ငံသားကောင်း ပီသမှုမရှိ၊ မထင်မရှားဘ၀ရှိမည်၊ လေရောဂါရမည်၊ အဆင့်နိမ့်မိန်းမများနှင့် ဖောက်ပြန်တတ်၏၊
အရက်သေစာကြိုက်တတ်သည်၊ တူ + ဓနု + မကာရ + ကုမ် + မိန် + လဂ်နှင့် စနေပူးက ဥက္ကဋ္ဌ ဖြစ်တတ်သည်
၊ မြို့နယ်တရားသူကြီးဖြစ် တတ်သည်၊ ပညာတတ်ပြီး ကြည့်ကောင်းသူဖြစ်တတ်သည်၊ အသားမည်းမည်။
(၂ တန့်) ငွေဆုံးပါးတတ်၏၊ မယားနှစ်ယောက်ရှိတတ်သည်၊ မြေနည်းပါးမည်၊ ရောဂါရသော မျက်နှာရှိသည်၊
ပညာရေး အဆက်ပြတ်တတ်သည်၊ ဖောက်ပြန်တတ်သည်၊ အရက်မူးတတ် သည်၊ စကားထစ်ငေါ့ အမည်မရနိုင်၊
 အမွေကောင်းရမည်၊ နိုင်ငံရပ်ခြားတွင် ကြီးပွားမည်၊ ဆွေမျိုးရင်းခြာများနှင့် လိင်ဆက်ဆံမှုရှိတတ်သည် (သို့)
 တားမြစ်ချက် ချိုးဖောက်၍ လိင်ဆက်ဆံမှုရှိမည်။
(၃ တန့်) ညီအစ်ကိုဆုံးပါးတတ်သည်၊ ယဉ်ကျေး၍ သဘောကောင်းသည်၊ လိုက်လျောသည်၊ အသည်းမာ၍ ရက်စက်တတ်၏၊
အြွေခအရံပေါများသည်၊ သတ္တိရှိသည်၊ အမျိုးသမီးများကို နှစ်သက်၏၊ စိုက်ပျိုးရေးကောင်းသည်။
(၄ တန့်) အမေနှစ်ယောက်၊ ၀မ်းကိုက်တတ်သည်၊ စိတ်ဆင်းရဲမည်၊ မပွင့်လင်းပါ့၊ ဆီထွက် အစေ့များနှင့် မြေပဲစသည်များနှင့်
ဆန်စပါးနက်များကို ကြိုက်နှစ်သက်သည်၊ နိုင်ငံရေးတွင် အမည်မရနိုင်၊ အမွေကောင်းရမည်၊ နိုင်ငံရပ်ခြားတွင် ကြီးပွားမည်၊
(၅ တန့်) ကလေးမရ၊ မွေးစားရမည်၊ အကောက်ကြံတတ်၏၊ ပုံပြောကောင်းသည်၊ တောရွာ မှာ ပျော်မွေ့သည်၊ ရာဇ၀တ်မှုဖြစ်မည်။
(၆ တန့်) ၀မ်းကွဲမောင်နှမနည်းမည်၊ နားထိုင်းမည်၊ ခေါင်းမာသည်၊ ရန်ကင်းရှင်းသည်၊ ချမ်းသာ မည်၊ ကလေးနည်းမည်၊
 စကားများရန်ဖြစ်တတ်သည်၊ မိန်းမနှစ်သက်သည်၊ ရောဂါများ တပြိုင် နက်တည်း ဖိစီးခြင်းခံရမည်။
             ၆တန့်ဘာဝတွင်စနေဂြိုဟ်ဥစ်မူကာရပ်တည်နေသောကြောင့်ကောင်းသတင်းနှင်ဖြစ်စေ
မကောင်းသတင်းနှင့်ဖြစ်မိမိလုပ်သမျှထင်ပေါ်ကြော်ကြားတတ်သည်။စီးပွားရေလုပ်ငန်းများလုပ်ဆောင်ရာတွင်အောက်ခြေလက
်အောက်ငယ်သားများကိုပိုင်နှိင်စွာအုပ်ချုပ်နှိင်စွမ်းရှိသည်။အရူးအမူးဒေါသဖြစ်တတ်သည်။မိမိအားကျူးလွန်စော်ကားသူအား၊
လှျိုဝှက်သောနည်းဖြင့်အနိုင်မရမခြင်းလုပ်ကြံအနိုင်ယူတတ်သည်။ မိမိအကျိုးအတွက်၊ယုံကြည်ချက်အတွက်အသက်စွန့်ရန်ပင်ဝန်မလေးသူဖြစ်သည်။
(၇ တန့်) ဖျားနာတတ်သည်၊ မယားပေါများမည်၊ ပြည့်တန်ဆာကို နှစ်သက်သည်၊ ခရီးသွား၏၊ လိမ်ညာတတ်၏၊ ၀မ်းကိုက်တတ်သည်၊
 နားထိုင်း + နားဝင်း (သို့) နားနာကျင်မည်၊ စနေ + သောကြာပူးလျှင် ဇနီးသည်ပါ ဖောက်ပြန်တတ်သည်။
(၈ တန့်) အင်္ဂါဇာတ်ရှည်၏၊ ၀၏၊ ဆင်းရဲသည်၊ အဆင့်နိမ့်အမျိုးသမီးများနှင့် ဖောက်ပြန်သည်၊ အရက်မူးသည်၊ ကျွန်အလုပ်လုပ်သည်၊
 ကလေးနည်း၏၊ မျက်စိမှုန်သည်၊ အရေပြားရောဂါ (ွူညျေိ) ကြီးထွားမည် ဆွေမျိုးထံမှ အမျိုးသမီးများကို မြူဆွယ်မည်။
    -    သောကြာနှင့်ပူးလျှင်    ခရီးသွားရင်းဖောက်ပြန်မည်၊
    -    အင်္ဂါနှင့်ပူးလျှင်        ရေနစ်မည်၊
    -    ရာဟုနှင့်ပူးလျှင်        လက်နက် + အဆိပ်ကြောင့်သေမည်၊
    -    တနင်္ဂနွေ (သို့) ရာဟုပူးက ဘာသာရေးမလေးစား၊ အဖတာဝန်မထမ်းဆောင် ဖောက်ပြန်ရန် အစဉ်စိတ်ကူးမည်၊
 အသက်ရှုကျပ်မည်၊ သွေးလွန် သွေးသွန်မည်၊ တီဘီ + ရင်ကြပ် + ပန်းနာဖြစ်မည်၊ ညီအစ်ကိုနည်းမည်၊ ဇနီးသည်၏ ဆွေမျိုးထဲ၌
သတင်းဆိုး + မကောင်း ပေါ်ထွက်တတ်သည်၊ မတရားနည်းဖြင့် ရှာထားရသောငွေ၊ အသုံးမကျသောသား များ၊ အသက်ရှည်ခြင်း။
(၉ တန့်) စိတ်ဆင်းရဲမည်၊ အ၀တ်ဟောင်း + အ၀တ်စုတ် + ရေကန်တူး + တန်ဆောင်းတည် ဆောက် + အဖဘက်မှ အဒေါ်များ
 အန္တရာယ်၊ ဘာသာရေးမလေးစား၊ တတ်သည်။မိဘကို ဂရုမစိုက်။
(၁၀ တန့်) ဂင်္ဂါနှင့် မြစ်ကောင်းများတွင် ရေချိုး၊ ၀သည်၊ စိုက်ပျိုးရေးဝါသနာပါသည်၊ ကျေးရွာ + မြို့နယ် တရားသူကြီးလုပ်ရမည်၊
ကပ်စေးနည်းမည်၊ မွေးရပ်မြေကို စွန့်ခွာမည်၊ တိုင်းတပါး တွင် အသက်မွေးဝမ်းကျောင်းရှာမည်၊ ဘာသာရေးအကြီးအကဲဖြစ်မည်။
(၁၁ တန့်) ကျိကျိတက်ချမ်းသာမည်၊ မြေပေါများမည်၊ နိုင်ငံရေးသြဇာရှိမည်၊ ပညာရေးအစဉ် မချော၊ အလိုမရှိ၊ အဖဘက်ဦးလေးများမရှိ၊
 မြင်း + ယာဉ် ကောင်းကောင်းရှိမည်။
(၁၂ တန့်) စာတော်သည်၊ ခန္ဓာကိုယ်အစိတ်အပိုင်းချွတ်ယွင်းမည်၊ ၀ိဇ္ဇာပညာတော်မည်၊ မျက်စိ စွေ၏၊ ကောင်းမှု ဒုစရိုက်အတွက်
ငွေပေးတတ်သည်၊ ပါပဂြိုဟ်များ မြင်း + ယှဉ်ခဲ့လျှင် မျက်လုံး အန္တရာယ်ရှိတတ်သည်။
ရာဟု ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) ကလေးမရှိ၊ ကိုယ်ဝန်ပျက်ကျသည်၊ သတ္တိရှိသည်၊ မိဿပြိဿ မေထုန် သိဟ် ကန် နှင့် မကာရဖြစ်လျှင် သိပ်မစိုးရိမ်ရပါ။
(၂ တန့်) ကျန်းမာဖွံ့ဖြိုးမည်၊ သိပ်မချမ်းသာ၊ မျက်စိမှုန်မည်၊ ကလေး + ဇနီးဆုံးပါးတတ်သည်၊ ဒေါသကြီး၏၊ ကပ်စေးနည်းသည်၊ အရက်ကြိုက်တတ်သည်။
(၃ တန့်) သန်ြးွကယ်သူဌေးဖြစ်မည်၊ ကလေးနည်းမည်၊ ရဲရင့်မည်၊ ညီအစ်ကိုများမည်၊ ခရီးသွားမည်၊ ရန်လို၏၊ စစ်ကိုကြိုက်သည်။
            ၃  တန့်ဘာဝတွင်ရာဟုဂြိုဟ်ရပ်တည်နေသောကြောင့်မောင်နှမသားချင်းများ နှင့်အဆင်
မပြေတတ်။သားချင်းများအတွက်ပူပင်သောက များရတတ်သည်။မိဘ ဆရာသမားတို့ကိုအတိုက်အခံပြု
တတ်သည်။ အသိÓဏ်ြွကယ်ဝမည်၊ ရဲရင့်သတ္တိရှိမည်။မထင်ရှားမကျော်ဇောတတ်၊ ညီအစ်ကိုမောင်နှမ တစ်ဝမ်းကွဲများပြားမည်။
(၄ တန့်) ပညာရေး၌ အနှောင့်အယှက်ရှိသည်။ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်သည်၊ ရတနာ + အ၀တ်အစားနှစ်သက်သည်၊
 မယားနှစ်ယောက်၊ လူယုံ + တပည့်ကောင်းရှိမည်၊ အမေနှစ်ယောက်ရှိမည်၊ သောကြာနှင့်ပူးလျှင် ဆွေမျိုးရင်းလိင်ဆက်ဆံမှုရှိမည်။
(၅ တန့်) ကလေးဆုံးမည်၊ အော့အန်သည်၊ အသည်းမာ + ရက်စက်မည်၊ အထက်အရာရှိများ နှင့် စကားများမည်၊ အစိုးရကိုမကြိုက်၊
 မထင်မရှားဒေသများမှာ နေတတ်သည်။
(၆ တန့်) မိန်းမဆုံးမည်၊ ချမ်းသာမည်၊ ရန်ကင်း၏၊ ၀မ်းကွဲမောင်နှမပေါများသည်၊ အဆင့်နိမ့် အမျိုးသမီးများအား နှစ်သက်သည်၊
 ကာလသားရောဂါဖြစ်တတ်သည်၊ ၀မ်းသာရမည်။
(၇ တန့်) မယားနှစ်ယောက်ရှိမည်၊ ပထမမယား သွေးလွန်မည်၊ ဒုတိယယား အစာမကြေ (သို့) ယောင်တတ်သည်၊ မုဆိုးမများနှင့်
ဖောက်ပြန်တတ်သည်၊ ဆီးချိုဖြစ်မည်၊ အရက်သေစာ ကြိုက်တတ်သည်။
(၈ တန့်) သဘောထားမကြီး (အမြင်ကျဉ်း)၊ စကားများရန်ဖြစ်တတ်သည်၊ ပါပဂြိုဟ်ပူးလျှင် ၃၂ နှစ်တွင် အန္တရာယ်ရှိ၏၊
သောမဂြိုဟ်ပူးလျှင် ၅၆ နှစ်တွင် အန္တရာယ်ရှိသည်၊ အကျင့်စာရိတ္တ ပျက်ပြားမည်။
(၉ တန့်) ဘာသာရေးကို မလေးစားပါ၊ အလှူအတန်း ၀ါသနာမပါ၊ အနာဂတ်ကို ဂရုမစိုက်၊ အမျိုးသမီးများအလိုကို လိုက်လျောတတ်သည်၊
ကလေးနည်းမည်၊ တပည့်ကောင်းရှိမည်၊ အရက်မူးတတ်သည်။
(၁၀ တန့်) မုဆိုးမများနှင့် အဆက်အသွယ်ဖြစ်မည်၊ ချမ်းသာသည်၊ အကောင်းကြိုက်သည်၊ ကဗျာ + ပန်းချီနှင့် ကဇာတ် + ပြဇာတ်ကြိုက်သည်၊ ခရီးသွားသူဖြစ်မည်။
(၁၁ တန့်) မိတ်ဆွေ အစ်မ ညီအစ်ကိုပေါများသည်၊ ဖောက်ပြန်သည်၊ မွတ်စလင်နှင့် (အုပ်စိုးသူ များ) နှင့် ပဏ္ဏာစားသည်၊
စိုက်ပျိုးရေးသီးနှံကောင်းသည်၊ ကလေးများမည်။
(၁၂ တန့်) ကပ်စေးနည်းသည်၊ ကလေးနည်းမည်၊ အမြင်မကြည်လင်တတ်၊ ငွေဆုံးရှုံးတတ် သည်။
ကိတ် ဘာဝ ၁၂ ပါးရပ်တည်ခြင်း
(၁ တန့်) ခါးတ၀ိုက်နာကျင်မည်၊ နူနာစွဲသောလက်ဖ၀ါးရှိသည်၊ ရုပ်ပျက်ဆင်းပျက်မျက်နှာရှိ သည်၊ ကိုယ်ခန္ဓာမကြံ့ခိုင်ပါ၊ အမူအရာ
 နွဲနှောင်းမှုမရှိ၊ အဆိပ်အတောက်၊ အပူပြင်းကြောင့် ဖြစ်သောရောဂါ လိပ်ခေါင်း၊ အမျိုးသမီးကို နှစ်သက်သည်၊ Óဏ်ရှိ၏။
(၂ တန့်) ဒေါသကြီး၏၊ သို့သော် နှုတ်ချိုသည်၊ ရက်စက် + အသည်းမာသည်၊ ပညာမပြည့်စုံ၊ ငွေကြေးနှင့် ပတ်သက်၍ စည်းကမ်းရှိသည်။
               ၂တန့်ဘာဝတွင်ကိတ်ဂြိုဟ်ရပ်တည်နိစ်ခံကာရပ်တည်သောကြောင့်လက်ထဲတွင်ငွေ
မမြဲတတ်။လက်ထဲတွင်ငွေမစုဆောင်းမိ၊စုဆောင်းမိလျှင်ကုန်ကျစရာကိစ္စအမြဲပေါ်လာတတ်သည်။၃တန့်ဘာဝတွင် ၅တေးဥစ်မူကာရပ်တည်
နေသောကြောင့်မောင်နှမသားချင်းမျာကြီးပွားချမ်းသာမည်၊မောင်နှမသားချင်းများထဲတွင်းထူချွန်အောင်မြင်သူများရှိမည်။ကြွေမြီးများတင်ရှိတတ်သည်။
(၃ တန့်) အထူးကျော်စောမည်၊ စွန့်စားလိုစိတ်ရှိသည်၊ ဆွေမျိုးပေါများသည်၊ ညီမရှိပါ၊ လက်ဝတ်ရတနာကို နှစ်သက်သည်၊ ချမ်းသြွာကယ်ဝမည်။
(၄ တန့်) အဆိပ်သင့်တတ်သည်၊ စကားများရန်ဖြစ်မည်၊ အားနည်းချူချာသေိာခင်ရှိ၏၊ ဖောက်ပြန်သည်။
(၅ တန့်) ကြင်နာတတ်သည်၊ လွတ်လပ်သည်၊ မကောင်းမှုပြုတတ်သည်၊ သမီးကြီး ကလေးဆုံး ရှုံးတတ်သည်၊ အရက်ကြိုက်တတ်၏၊ မိန်းမလိုက်စားမည်။
(၆ တန့်) ရေရှည်မှာ တိုးတက်မည်၊ စကားပြောကောင်းသည်၊ အမျိုးသမီးများက နှစ်သက်သည်၊ ဖောက်ပြန်တတ်သည်၊ ကာလသားရောဂါဖြစ်မည်။
(၇ တန့်) အခိုင်းအစေအမျိုးသမီး၊ တံမြက်စည်းသမ၊ သူနာပြုဆရာမ အစောင့်တို့နှင့် ဆပ်စပ်မှု ရှိသည်။ အင်မတန်သနားတတ်သည်၊ မကျန်းမာသောဇနီး၊
 မကောင်းမှုကို လှိျု့ဝှက်စွာ ပြုတတ် သည်၊ မုဆိုးမများအား မြူဆွယ်တတ်သည်။
(၈ တန့်) သွေးအားပြည့်ဖြိုးသည်၊ အသိÓဏ်နည်းပါး၏၊ မျက်လုံးမကောင်း၊ ကလေးနည်းည်၊ အဓိပ္ပာယ်မဲ့ငြင်းခုံမည်၊ မိန်းမများအဖို့ ပျက်စီးခြင်း။
(၉ တန့်) မျက်စိမမြင် အဝေးမှုန်၊ ဘာသာရေးမလေးစား၊ လိမ်ညာပြောတတ်၏၊
ကလေးများ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ အကူအညီရယူသည်။
(၁၀ တန့်) ပျော်ပျော်နေသေခဲ၊ တသက်လုံး ပျော်ပျော်နေ၏၊ ဆွေမျိုး၊ ဂင်္ဂါနှင့် မြစ်မြတ်များ တွင် ရေချိုးရမည်။
(၁၁ တန့်) မိတ်ဆွေပေါသည်၊ ချမ်းသာမည်၊ Óဏ်ရှိမည်၊ သတ္တိရှိသည်၊ လူထုလူတန်းစား အသီးသီးမှ လေးစားသည်။
(၁၂ တန့်) စိတ်ပြောင်းလွယ်၊ မျက်စိမှုန်၊ နိုင်ငံရပ်ခြား သွားရောက်နေရတတ်၊ (လူကြိုက်များ သော်လည်း သိပ်မများ)
တစ်ချိန်လုံး ခရီးထွက်နေမည်၊ မွေးရပ်မြေစွန့်ခွာခြင်း၊ နောက်ဆုံးလွတ် မြောက်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
                                                                                           ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment