Friday, June 29, 2012
ဟိန္ဒူလများတွင်ဖွားမြင်သောအကျိုးရလဒ်အဟောများ
                                         ဟိန္ဒူလများတွင်ဖွားမြင်သောအကျိုးရလဒ်အဟောများ
တန်ခူး=စိတြလ
ကဆုန်=၀ိသာခါလ
နယုန်=ဇေဋ္ဌလ
ဝါဆို=ပြုဗ္ဗာသဠ်လ
ဝါခေါင်=သရ၀ဏ်လ
တော်သလင်း=ပြုဗ္ဗာပရပိုဒ်(ဘဒြပဒလ)
သီတင်းကျွှတ်=ရေ၀တီ
တန်ဆောင်မုန်း=ကြတ္တိကာလ
နတ်တော်လ=မိဂသီလ
ပြာသို=ဖုသျှလ
တပို့တွဲ=မာဃလ
တပေါင်း=ဗြုဗ္ဗဖလဂုဏီလ
    ''ရတုများ''( ၁နွေ )
FEB 19 - MAR 21  = ၀သန္တရတု
API 22  -  MAY 21  = ဂိမှရတု
JUN 21 - JULY 23 = ၀ါသရတု
AUG 21 - SEP 23 = သာရဒရတု
OCT 23 - NOV 22 = ဟေမန္တ္တရတု
DEC 21 - JAN 21  = သိသိရ ရတု
စိတြလတွင်ဖွားမြင်သောအကျိုးရလဒ်
     စိတြလ တွင်ဖွားမြင်သောဇာတာရှင်သည်။အကျင်သီလဖြူစင်၍ကောင်းသောအမှုကိစ္စများကို
ပြုလုပ်လိမ့်မည်။ရည်မွန်၍ရိုသားလိမ့်မည်။ချိုသောအစားအစာများကို ကြိုက်နှစ်သက်၍စွမ်းဆောင်
နိုင်ရည်ကောင်းမွန်လိမ့်မည်။ ဆန်းကျယ်သော စိတ်ကူးစိတ်သန်းရှိမည်။ ရာထူးအဆင့်အတန်းရရှိ
လိမ့်မည်။
ဝိသာခါလတွင်ဖွားမြင်သောအကျိုးရလဒ်(ကဆုန်)
အကျင့်စာရိတ္တကောင်းမွန်မည်။ဘာသာရေး လေးစားယုံကြည်မည်။ရမ္မဆန္နပြင်းပြလိမ့်မည်။ခရီးသွား
လာရခြင်းကိုနှစ်သက်လိမ့်မည်။အိမ်ထောင်စောစီးစွာကျတတ်သည်။စိမ်းစိမ်းခံစားလိုစိတ်ကြီးမားမည်။
ဇေဌလတွင်ဖွားမြင်သောအကျိုးရလဒ်
                ဇာတာရှင်သည်ဇေဌလတွင်ဖွားမြင်သောကြောင့်ပူပန်တတ်သော၊ဂနာမငြိမ်သော(သို့)
ပြောင်းလဲတတ်သောစိတ်သဘောထားရှိမည်။ဝေးရပ်မြေခြားသွားရောက်နေထိုင်လုပ်ကိုင်ရလိမ့်မည်။
ခွန်အားစိုက်ထုတ်လုပ်ကိုင်တတ်မည်။ထူးခြားဆန်းကြယ်သော ညဏ်ရည်ရှိမည်။နှေးကွေးလိမ့်မည်။
ထူချွန်သူတဦးဖြစ်လိမ့်မည်။
ပြုဗ္ဗာပရပိုဒ်(ဘဒြပဒလ)လတွင်ဖွားမြင်သောအကျိုးရလဒ်
        ဤလတွင်ဖွားမြင်သောဇာတာရှင်သည် ဘ၀တွင်ပြည့်ပြည့်စုံစုံနေထိုင်ရလိမ့်မည်။ခန္ဓာကိုယ်
ခွန်အားနည်းပါးလိမ့်မည်။ရက်ရောလိမ့်မည်။ရည်မွန်လိမ့်မည်။အများကိုအကျိုးပြုလိမ့်မည်။ဇနီးသား
သမီးမျာနှင့်ပတ်သက်ပြီးပျော်ရွှင်သုခရရှိလိမ့်မည်။ဆင်းရဲချမ်းသာလောကဓံတရားနှင့်ကြုံတွေ့သည့်
တိုင်တုန်လှုပ်ခြင်းရှိမည်မဟုတ်သောဇာတာရှင်ဖြစ်သည်။
ပြုဗ္ဗာသဠ်လတွင်ဖွားမြင်သောအကျိုးရလဒ်
      ပြုဗ္ဗာသဠ်လတွင်ဖွားမြင်သောဇာတာရှင်သည် အသုံးအဖြုန်းကြီးမားမည်။စကားများလိမ့်မည်။
သတိမထားပဲပေါ့ဆလိမ့်မည်။ဆရာသမားကိုချစ်ခင်မြတ်နိုးလိမ့်မည်။အစာမကြေသောရောဂါဝေဒနာ
များခံစားရလိမ့်မည်။မာနရှိလိမ့်မည်။
ကြတ္တိကာလတွင်ဖွားမြင်သောအကျိုးရလဒ်
                      ကြတ္တိကာလတွင်ဖွားမြင်သောဇာတာရှင်သည်မြင်မြတ်ကောင်းမွန်သောအမှူများကိုပြု
လုပ်လိမ့်မည်။စကားများလိမ့်မည်။ချမ်းသာကြွယ်ဝလိမ့်မည်။လောဘကြီးလိမ့်မည်။ထင်ပေါ်ကျော်ကြား
လိမ့်မည်။အကျင့်သီလဖြူစင်၍ဘာသာရေးလိုက်စားလိမ့်မည်။
မိဂသီလတွင်ဖွားမြင်သောအကျိုးရလဒ်
              မိဂသီလတွင်ဖွားမြင်သောကြောင့်ဇာတာရှင်သည်ဘုရားဖူးခရီးများသွားရလိမ့်မည်။
အကျင့်စာရိတ္တကောင်းမွန်လိမ့်မည်။အနုပညာရပ်တွင်စိတ်ပါဝင်စားလိမ့်မည်။အပျော်အပါးကြိုက်နှစ်
သက်လိမ့်မည်။စိတ်ကိုကြည်လင်စွာထားတတ်သည်။အမှန်တရား အတိုင်းဆောင်ရွက်တတ်သည်။
မိမိညဏ်အစွမ်းဖြင့်ရန်သူများအပေါ်အောင်နိုင်လိမ့်မည်။ဆက်ဆံရေးကောင်းမွန်မည်။
ဖုသျှလတွင်ဖွားမြင်သောအကျိုးရလဒ်
                    ဖုသျှလတွင်ဖွားမြင်သူသည်ကြင်နာရက်ရောလိမ့်မည်။ဖခင်၏အမွေအနှစ်မရရှိတတ်ပေ။
အသုံးအစွဲကြီးလိမ့်မည်။ဖြတ်ထိုးညဏ်ကောင်းမည်။အကြံအစည်များကိုလှျိုဝှက်ထားတတ်သည်။စာပေဗုဟု
သုတများကိုလေ့လာလိုက်စားတတ်သည်။ခန္ဓာကိုယ်ခွန်အားနည်းပါးတတ်သည်။
မာဃလတွင်ဖွားမြင်သောအကျိုးရလဒ်
              မာဃလတွင်ဖွားမြင်သောအစွမ်းထက်သောဂါထာမန္တရားနှင့်သိပ္ပံပညာကို တတ်မြောက်
လိမ့်မည်။ဝေဒကျမ်းကိုလေ့လာလိမ့်မည်။စိတ်ကိုကြည်လင်စွာထားတတ်သည်။မကောင်းမှူကို ရှောင်
ကြဉ်၍ မိမိညဏ်အစွမ်းဖြင့်ရန်သူများအပေါ်အောင်နိုင်လိမ့်မည်။
တပေါင်း=ဗြုဗ္ဗဖလဂုဏီလ
           ဗြုဗ္ဗဖလဂုဏီလ တွင်ဖွားမြင်သောသူသည် ဖြတ်ထိုးညဏ်ကောင်းမည်။ဝေးရပ်မြေခြားသွား
ရောက်နေထိုင်လုပ်ကိုင်ရလိမ့်မည်။အရာရာကိုတော်လှန်လိုစိတ်ရှိသည်။ထူးခြားဆန်းကြယ်သောအတွေ
အခေါ်ရှိမည်။ ဆရာသမားကောင်းများနှင့်တွေရမည်။
                 ရတုများတွင်ဖွားမြင်သောအကျိုးရလဒ်
ဂိမှရတုķတွင်ဖွားမြင်သောအကျိုးရလဒ်
               ဇာတာရှင်သည်ဂိမှရတု ကာလတွင်ဖွားမြင်သောကြောင့်ခန်းနာထယ်ဝါမူကိုနှစ်သက်
မည်။ပညာသင်ကြား တတ်မြောက်မည်။ဥစ္စာပစ္စည်း များပေါများမည်။စကားအပြော အဆိုလိမ်မာ
ယဉ်ကျေးမည်။
ဟေမန္တရတု တွင်ဖွားဖြင်သောအကျိုးရလဒ်
             ဟေမန္တရတု တွင်ဖွားမြင်သောဇာတာရှင်သည် ရာထူးမြင့်မားစွာရရှိတတ်သည်။ပညာရှိ
၍ကျွမ်းကျင်လိမ်မာမည်။စဉ်းစားဆင်ခြင်ညဏ်နှင့်ပြည့်စုံမည်။ပွင့်လင်းရက်ရောမည်။အမြဲရည်မွန်ဖော်
ရွေစွာဆက်ဆံတတ်မည်။
ဝသန္တရတု တွင်ဖွားမြင်သောအကျိုးရလာဒ်
ထက်မြက်မည်။ရဲစွမ်းသတ္တိရှိမည်။ အတွက်အချက်သင်္ချာပညာရပ်တွင်ကျွမ်းကျင်မည်။သန့်ရှင်းသော
အ၀တ်အစားများကိုဝတ်စားဆင်ယင်လိမ့်မည်။စင်ကြယ်သောနှလုံးသားရှိမည်။
ဝါသရတု တွင်ဖွားမြင်သောအကျိုးရလာဒ်
ညဏ်သွေးထက်မြက်မည်။ ရဲစွမ်းသတ္တိရှိမည်။ ရုပ်ရည်ပြေပြစ်သောအသွင်ရှိမည်။ သလိပ်ထူမည်။
လေဓါတ်လွှမ်းမိုးမည်။အမျိုးသမီးများကိုနှစ်သက်မည်။လောကီစည်းစိမ်ပြည့်ဝစွာခံစားရရှိမည်။
သာရဒရတု တွင်ဖွားမြင်သောအကျိုးရလာဒ်
     အကောင်းနှင့်အဆိုးကိုဒွန်တွဲလွန်ဆွဲနေတတ်သည်။သိမ့်မွေ့နူးညံ့ပြီးအကောင်းမြင်သောဝါဒ
ရှိသည်။လုံးလ၀ီရီယကိုအရင်ခံပြီးကြိုးစားအာထုတ်တတ်မည်။လက်တွေ့ဆန်သောအယူအဆရှိသည်။
ချစ်လုံးလုံးမုန်းလျာလျာရှိမည်။တခါတရံအစွန်းရောက်သမားဖြစ်နေတတ်သည်။အနုစိတ်ရှုမြင်သုံးသတ်
တတ်သည်။အလုပ်နှင့်တာဝန်ဝတ္တရားကိုတိကျကျြွေပန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သောသူဖြစ်သည်။
                                                       ''လိုရာဆန္ဒပြီးပြည်စုံနှိင်ပါစေ''
No comments:
Post a Comment